ယေဇကျေလ 46:1 - Common Language Bible1 အရှင်ထာဝရဘုရားက``တံတိုင်းအတွင်း ဝင်းသို့ဝင်ရာအရှေ့မုခ်ပေါက်ကိုအလုပ် လုပ်သောရက်ခြောက်ရက်ပတ်လုံးပိတ်ထား ရမည်။ သို့ရာတွင်ထိုမုခ်ပေါက်ကိုဥပုသ် နေ့နှင့်လဆန်းနေ့၌ဖွင့်ထားရမည်။- အခန်းကိုကြည့်ပါ။Garrad Bible1 အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ လုပ် ဆောင် ရ သော ခြောက် ရက် ပတ် လုံး၊ အ တွင်း တံ တိုင်း အ ရှေ့ တံ ခါး ကို ပိတ် ထား ရ သော် လည်း၊ ဥ ပုသ် နေ့ လ ဆန်း နေ့ များ၌ ဖွင့် ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible1 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတံတိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထားရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဘုရားရှင်ထာဝရဘုရားက ‘အလုပ်လုပ်နေသောခြောက်ရက်အတွင်းတွင် အရှေ့ဘက်ရှိ အတွင်းဝင်းတံခါးကို ပိတ်ထားရမည်။ သို့သော် ဥပုသ်နေ့တွင် ဖွင့်ထားရမည်။ လဆန်းနေ့တွင်လည်း ဖွင့်ထားရမည်။ အခန်းကိုကြည့်ပါ။ |
``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။
လဆန်းနေ့၌သူသည်အပြစ်အနာအဆာ ကင်းသည့်နွားသိုးပျိုတစ်ကောင်၊ သိုးငယ် ခြောက်ကောင်နှင့်အတူ သိုးထီးတစ်ကောင် ကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာ အဖြစ်မုန့်ညက်တင်းဝက်နှင့်နွားသိုးပျို တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တင်း ဝက်နှင့်သိုးထီးတစ်ကောင်ကိုလည်းကောင်း၊ သိုးငယ်များနှင့်အတူမိမိပေးလှူလို သမျှကိုပူဇော်ရမည်။ မုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာငါး ဆယ်သားကိုပေးလှူရမည်။-
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။
ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။