ယေဇကျေလ 43:1 - Common Language Bible1 ထိုလူသည်ငါ့အားအရှေ့ဘက်သို့မျက် နှာမူနေသည့်မုခ်ပေါက်သို့ခေါ်ဆောင်သွား ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို့ နောက် အ ရှေ့ တံ ခါး သို့ ငါ့ ကို ခေါ် သွား ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုနောက်မှ အရှေ့ဘက်သို့မျက်နှာပြုသော တံခါးဝသို့ တစ်ဖန်ခေါ်သွား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် သူသည် ငါ့အား အရှေ့ဘက်သို့မျက်နှာမူသော မုခ်ဆောင်တံခါးသို့ ခေါ်ဆောင်သွား၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်မိမိတို့တောင်ပံများကိုဖြန့်၍ ငါ၏မျက်မှောက်၌ပင်ကမ္ဘာမြေကြီးမှအထက် သို့ပျံတက်ကြ၏။ ထိုအခါဘီးတို့သည်လည်း လိုက်ပါသွားကြ၏။ သတ္တဝါတို့သည်ဗိမာန် တော်အရှေ့တံခါးတွင်ရပ်နားကြ၏။ ဣသ ရေလအမျိုးသားတို့ဘုရားသခင်၏ တောက်ပသောဘုန်းအသရေတော်သည် လည်းသူတို့အပေါ်၌တည်လေ၏။-