ငါသည်ငါ့အားထာဝရဘုရားဖော်ပြ တော်မူသမျှသောအမှုအခြင်းအရာ တို့ကို ပြည်နှင်ဒဏ်ခံရသူတို့အားပြန် ကြားလေ၏။
ယေဇကျေလ 3:27 - Common Language Bible ထိုနောက်သင့်အားငါတစ်ဖန်ပြောကြားစေ လိုသောအခါ၌သင်၏နှုတ်ကိုဖွင့်မည်။ ထို အခါသင်သည်သူတို့အားငါ့အရှင်ထာဝရ ဘုရား ဤသို့မိန့်တော်မူသည်ဟုဆင့်ဆိုရ မည်။ အချို့သောသူတို့သည်သင့်စကားကို နားထောင်၍ အချို့တို့သည်နားမထောင်ဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်ပုန်ကန်တတ်သောလူမျိုးဖြစ်သော ကြောင့်တည်း။'' Garrad Bible ငါ မိန့် မြွက် ပြန် သော် ကား ပြော ဆို ခွင့် ရ သည့် အ တိုင်း၊ သင် က အ ရှင် ထာ ဝ ရ ဘု ရား ဤ သို့ မိန့် တော် မူ သည် ဟု ဆင့် ဆို ရ မည်။ နား ထောင် သူ သည် နား ထောင် စေ။ ပုန် ကန် လေ့ ရှိ သော လူ မျိုး ဖြစ် သည့် အ လျောက်၊ နား မ ထောင် သူ သည် နား မ ထောင် ဘဲ နေ စေ။ Judson Bible သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ်ကို ငါဖွင့်မည်။ သင်က၊ အရှင်ထာဝရဘုရားမိန့်တော်မူ၏ဟု သူတို့အား ဟောပြောရမည်။ နားထောင်သောသူသည် နားထောင်စေ၊ နားမထောင်သောသူသည် နားမထောင်ဘဲနေစေ။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်ကြသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်နှင့်ငါစကားပြောသောအခါ သင့်နှုတ်ကိုဖွင့်ပေးမည်။ ထိုအခါ ‘ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်’ဟု သူတို့အား ပြောရမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် နားထောင်လိုသောသူ နားထောင်ပါစေ။ နားမထောင်လိုသောသူလည်း နားမထောင်ဘဲနေပါစေ။ |
ငါသည်ငါ့အားထာဝရဘုရားဖော်ပြ တော်မူသမျှသောအမှုအခြင်းအရာ တို့ကို ပြည်နှင်ဒဏ်ခံရသူတို့အားပြန် ကြားလေ၏။
သူတို့သည်ခေါင်းမာ၍ငါ့အားမရိုသေ ကြ။ ငါထာဝရဘုရားအဘယ်သို့အမိန့် တော်ရှိသည်ကို သူတို့အားပြန်ကြားရန် သင့်ကိုသူတို့ထံသို့ငါစေလွှတ်မည်။-
သူတို့သည်ပုန်ကန်တတ်သူများဖြစ်သဖြင့် သင်၏စကားကိုနားထောင်သည်ဖြစ်စေ၊ နား မထောင်သည်ဖြစ်စေ၊ မိမိတို့ထဲတွင်ပရော ဖက်တစ်ပါးရှိသည်ကိုမူသိကြလိမ့်မည်။
ထိုနေ့၌ပင်လျှင်သင့်နှုတ်သည်လည်းပွင့်လျက် ထိုသူနှင့်စကားပြောနိုင်လိမ့်မည်။ တိတ်ဆိတ် နေတော့မည်မဟုတ်။ ဤနည်းအားဖြင့်သင်သည် လူတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းကိုလည်း သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
``ထိုအမှုအရာများဖြစ်ပျက်လာသော အခါ ငါသည်ဣသရေလအမျိုးသားတို့ အားဦးချိုတည်းဟူသောခွန်အားကြီးစေ မည်။ ထိုနောက်အချင်းယေဇကျေလ၊ ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း လူအပေါင်းတို့သိရှိကြစေရန်သင့်အား ဟောပြောစေမည်''ဟုမိန့်တော်မူ၏။
ထိုနောက်ပြည်နှင်ဒဏ်သင့်သူသင်၏အမျိုး သားများထံသို့သွားလော့။ သူတို့သင်၏ စကားကိုဂရုစိုက်သည်ဖြစ်စေ၊ မစိုက် သည်ဖြစ်စေ၊ ငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုပြော ကြားလော့'' ဟုမိန့်တော်မူ၏။
ဤပုန်ကန်တတ်သူတို့အားသတိမပေး နိုင်စေရန် ငါသည်သင်၏လျှာကိုအာခေါင် တွင်ကပ်၍နေစေမည်။-
ငါသည်သင်၏နဖူးကိုကျောက်ထက်ပင် ခိုင်ခံ့စေ၍ စိန်ကဲ့သို့မာကြောစေမည်။ ထို ပုန်ကန်တတ်သူတို့ကိုမကြောက်နှင့်၊ မလန့် နှင့်'' ဟုမိန့်တော်မူ၏။
ထိုသူမရောက်မီညနေချမ်းအချိန်၌ ထာဝရဘုရား၏တန်ခိုးတော်သည် ငါ့ကို လွှမ်းမိုး၍နေ၏။ နောက်တစ်နေ့နံနက်ထို သူရောက်ရှိလာချိန်၌ စကားပြောနိုင်စွမ်း ရည်ကိုငါ့အားပြန်၍ပေးတော်မူ၏။ သို့ ဖြစ်၍ငါသည်တိတ်ဆိတ်စွာမနေရ တော့ဘဲစကားပြောနိုင်၏။
သူတို့အဖို့မှာသင်သည်အချစ်သီချင်း များကိုသီဆိုတီးမှုတ်ဖြေဖျော်သူကဲ့ သို့ဖြစ်ပေသည်။ သူတို့သည်သင်ပြောသမျှ သောစကားတို့ကိုနားထောင်ကြသော်လည်း တစ်လုံးတစ်ပါဒကိုမျှမလိုက်နာကြ။-
အဘယ်ကြောင့်ဆိုသော်သင်တို့၏ရန်သူများ မငြင်းခုံမခုခံနိုင်အောင်သင်တို့အားနှုတ် သတ္တိ၊ ဉာဏ်သတ္တိကိုငါပေးမည်ဖြစ်သောကြောင့် တည်း။-
ငါဟောပြောချိန်၌ဘုရားသခင်သည်ငါ့အား နှုတ်သတ္တိကိုပေးသနားတော်မူရန်လည်းကောင်း၊ သတင်းကောင်း၏နက်နဲသောအရာကိုရဲရင့် စွာဖွင့်ပြနိုင်ရန်လည်းကောင်း ငါ့အတွက်လည်း ဆုတောင်းကြလော့။-