Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 3:9 - Common Language Bible

9 ငါ​သည်​သင်​၏​န​ဖူး​ကို​ကျောက်​ထက်​ပင် ခိုင်​ခံ့​စေ​၍ စိန်​ကဲ့​သို့​မာ​ကြော​စေ​မည်။ ထို ပုန်​ကန်​တတ်​သူ​တို့​ကို​မ​ကြောက်​နှင့်၊ မ​လန့် နှင့်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 သင်၏ န ဖူး ကို မီး ခတ် ကျောက် ထက် မာ သော စိန် ကျောက် သ ဖွယ် ငါ ဖြစ် စေ သ ဖြင့်၊ ပုန် ကန် လေ့ ရှိ သော ထို လူ မျိုး ကြောင့် ကြောက် ရွံ့ ခြင်း၊ မျက် နှာ ထား ကြောင့် တုန် လှုပ် ခြင်း ကင်း လျက် နေ လော့ ဟူ၍ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 သင်၏​န​ဖူး​ကို ကျောက်​ထက်​မ​က၊ စိန်​ထက်​သာ၍ ခိုင်​မာ​စေ​ပြီ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သင်​သည် မ​ကြောက်​နှင့်။ သူ​တို့​မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ကျောက်ချွန်​ထက်​မာ​သော​စိန်​ကဲ့သို့ သင့်​ကို ခေါင်းမာ​စေ​မည်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သော်လည်း သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာ​ထား​ကြောင့် မ​ထိတ်လန့်​နှင့်​”​ဟု ငါ့​အား မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 3:9
15 ပူးပေါင်းရင်းမြစ်များ  

မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။


ထာ​ဝ​ရ​ဘု​ရား​က ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​၏​အ​မျိုး​သည် သေး​ငယ်​၍ ချည့်​နဲ့​သော်​လည်း၊ မ​ကြောက်​ကြ​နှင့်၊သင်​တို့​ကို​ငါ​ကူ​မ​တော်​မူ မည်။ သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် ငါ​ပင်​ဖြစ်​ပေ​သည်။


သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ကူ​မ​တော်​မူ​သည်​ဖြစ်​၍၊ ထို​သူ​တို့​၏​စော်​ကား​မှု​များ​သည်​ငါ့​ကို ဘေး​အန္တ​ရာယ်​မ​ဖြစ်​စေ​နိုင်။ ထို​အ​ရာ​တို့​ကို​ခံ​နိုင်​ရန်​ငါ​သည်​အား​တင်း​၍ ထား​ပါ​၏။


သင်​သည်​ရဲ​ဝံ့​စွာ​သွား​၍​ထို​သူ​တို့​အား ငါ​မိန့် မှာ​တော်​မူ​သ​မျှ​ကို​ပြော​ကြား​လော့။ သူ​တို့ ကို​မ​ကြောက်​နှင့်။ အ​ကယ်​၍​သင်​သည်​သူ​တို့ ကို​ကြောက်​လျက်​နေ​ပါ​မူ ငါ​သည်​သင့်​အား သူ​တို့​ရှေ့​တွင်​ပို​၍​ပင်​ကြောက်​လန့်​လာ​စေ လိမ့်​မည်။


ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့်​အား​ကွယ် ကာ​တော်​မူ​မည်။ သို့​ဖြစ်​၍​သင်​သည်​ထို​သူ တို့​ကို​မ​ကြောက်​နှင့်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု ငါ့​ကို​မိန့်​တော်​မူ​၏။


ထို​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​ရန် ငါ​သည် သင့်​အား​ကြေး​ဝါ​တံ​တိုင်း​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​တို့​သည်​သင့်​ကို​တိုက်​ခိုက်​ကြ​မည်​ဖြစ်​သော် လည်း​သင့်​ကို​နှိမ်​နင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​၍​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​ရှိ​နိုင်​ရန်​ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​တော် မူ​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-


ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့​ကို အ​ရှက်​ကွဲ​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​အား အ​ရှက်​ရ​မှု​မှ​ချမ်း​သာ​ပေး​တော်​မူ​ပါ။ ထို သူ​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စိတ်​နှင့်​ပြည့်​ဝ စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ထိတ်​လန့်​တုန် လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော် မူ​၍​သူ​တို့​အား​ကျိုး​ပဲ့​ကြေ​မွ​စေ​တော် မူ​ပါ။


``သို့​ရာ​တွင်​အ​ချင်း​လူ​သား၊ သင်​သည်​သူ တို့​ကို​သော်​လည်း​ကောင်း၊ သူ​တို့​ပြော​ဆို​သ​မျှ သော​စ​ကား​တို့​ကို​သော်​လည်း​ကောင်း​မ ကြောက်​ရ။ မ​လန့်​နှင့်​သင့်​အား​သူ​တို့​သည် ဆူး​ပင်​များ​ကဲ့​သို့​ဝိုင်း​ရံ​ကြ​လိမ့်​မည်။ သင် သည်​ကင်း​မီး​ကောက်​တော​တွင်​နေ​ရ​ဘိ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ထို​ပုန်​ကန်​တတ် သူ​များ​ဖြစ်​သော​ကြောင့်​တည်း။-


ကိုယ်​တော်​က​ဆက်​လက်​၍``အ​ချင်း​လူ​သား၊ ငါ​ပြော​သ​မျှ​သော​စ​ကား​တို့​ကို​သေ​ချာ စွာ​နား​ထောင်​မှတ်​သား​လော့။-


ယ​ခု​ငါ​သည်​သင့်​အား​ထို​သူ​တို့​ကဲ့​သို့ ခေါင်း​မာ​၍ ခိုင်​ခံ့​မာ​ကြော​စေ​မည်။-


``ပုန်​ကန်​တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိ​မိ​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သည်​ဆက်​လက်​သည်း​ခံ​လျက်​နေ​တော့ မည်​မ​ဟုတ်​ကြောင်း​ဆင့်​ဆို​လော့။-


ငါ​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​ပုန်​ကန်​ကူး​လွန်​သည့်​အ​ပြစ်​များ ကို​ထုတ်​ဖော်​ကြေ​ညာ​ရန် ထာ​ဝ​ရ​ဘု​ရား​၏ ဝိ​ညာဉ်​တော်​အ​ရှိန်​တန်​ခိုး၊ တ​ရား​မျှ​တ​စွာ စီ​ရင်​နိုင်​စွမ်း၊ ရဲ​စွမ်း​သတ္တိ​တို့​နှင့်​ပြည့်​ဝ​၏။-


စိတ်​နှ​လုံး​ကို​ကျောက်​ကဲ့​သို့​မာ​ကျော​စေ ကြ​၏။ သူ​တို့​သည်​ရှေး​ပ​ရော​ဖက်​များ​အား ဖြင့်​ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​များ ကို​နား​မ​ထောင်​သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​စွာ​အ​မျက် ထွက်​ခဲ့​သည်။-


ဤ​အ​မှု​သည်​ကောင်း​မြတ်​သော​အ​မှု၊ ငါ​တို့ ၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှစ်​သက်​တော် မူ​သော​အ​မှု​ဖြစ်​၏။-


ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ခဲ့​သော​လယ်​သ​မား သည်​သီး​နှံ​ကို​ဦး​စွာ​စား​သုံး​သင့်​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ