ယေဇကျေလ 20:8 - Common Language Bible
သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
အခန်းကိုကြည့်ပါ။
အ မိန့် တော် ကို နာ ခံ ခြင်း၊ အ သီး အ သီး ဖူး မြင် သော စက် ဆုပ် ဖွယ် ရုပ် တု များ ကို စွန့် ပစ် ခြင်း၊ အိ ဂျစ် ပြည် ရှိ ရုပ် ပွား များ ကို စွန့် ပယ် ခြင်း မ ပြု ဘဲ၊ ငါ့ ကို ပုန် ကန် ကြ သ ဖြင့်၊ အိ ဂျစ် ပြည် တွင် ပင်၊ ထို သူ တို့ အ ပေါ် သို့ အ မျက် ဒေါ သ ကုန် သွန်း လောင်း မည် ဟု၊ ငါ အောက် မေ့ ၏။
အခန်းကိုကြည့်ပါ။
သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီးအသီးဖူးမြင်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကိုလည်းကောင်း၊ အဲဂုတ္တုရုပ်တုတို့ကိုလည်းကောင်း၊ မစွန့်ပစ်ဘဲနေကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည်ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု ငါအကြံရှိ၏။
အခန်းကိုကြည့်ပါ။
သို့သော် သူတို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ သူတို့ကိုးစားသောရွံရှာဖွယ်ရာများကို သူတို့မဖယ်ရှား၊ အီဂျစ်ရုပ်တုတို့ကိုလည်း မစွန့်ပစ်ကြ။ ထို့ကြောင့် ‘ငါ့ဒေါသကို သူတို့အပေါ်သွန်ချမည်။ အီဂျစ်ပြည်တွင် သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်’ဟု ငါမိန့်ဆိုခဲ့၏။
အခန်းကိုကြည့်ပါ။