ယေရမိ 7:24 - Common Language Bible24 သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ အလေးဂရုလည်းမပြုကြ။ သူတို့ သည်မိမိတို့၏ခိုင်မာဆိုးညစ်သည့်စိတ်နှ လုံးမှပေါ်ထွက်လာသည့်အကြံအစည်များ အတိုင်းပြုမူကြကုန်သည်။ သူတို့သည်ပိုမို ကောင်းမွန်လာမည့်အစားဆိုးယုတ်၍လာ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible24 ထို သူ တို့ ကား၊ နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ ကိုယ့် အ ကြံ အ စည်၊ ခက် မာ ဆိုး သွမ်း သော သ ဘော အ တိုင်း၊ ရှေ့ သို့ မ တိုး၊ နောက် ဆုတ် သွား ကြ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible24 သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သောနှလုံး ခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက်နေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 သို့သော် သူတို့ နားမထောင်ကြ။ ဂရုမစိုက်ကြ။ သူတို့၏အကျင့်အကြံ၊ သူတို့၏ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း လိုက်လျှောက်ကြ၏။ ရှေ့မတိုးဘဲ နောက်ဆုတ်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-
``သို့ရာတွင်ထိုလူမျိုးဆက်သည်လည်းငါ့ကို အာခံကြ၏။ ငါ၏အမိန့်တော်တို့ကိုလိုက်နာ သူမှန်သမျှသည်အသက်ရှင်ခွင့်ရမည်ဖြစ် သော်လည်း သူတို့သည်ငါ၏ပညတ်တော်တို့ ကိုချိုးဖောက်၍ငါ၏အမိန့်တော်တို့ကိုပစ် ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်းအလျှင်းမ ရိုသေ။ သူတို့အားတောကန္တာရတွင်သေစေ ရန် ငါသည်မိမိ၏အမျက်တော်ကိုသူတို့ အပေါ်သို့သွန်းလောင်း၍ အမျက်တော်ဒဏ် ကိုခံစေမည်ဟုအကြံရှိခဲ့သော်လည်း၊-
သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
ထိုအချိန်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့သည်`ထာဝရဘုရား၏ရာဇ ပလ္လင်တော်' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရ လိမ့်မည်။ လူမျိုးတကာတို့သည်လည်း ထိုမြို့ တွင်စုရုံး၍ ငါ၏နာမတော်ကိုဂုဏ်ပြုကြ လိမ့်မည်။ သူတို့သည်မိမိတို့၏ဆိုးညစ်ခက် မာသည့်စိတ်အလိုကိုလိုက်၍ပြုကျင့်ကြ တော့မည်မဟုတ်။-
သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
ကိုယ်တော်သည်ကိုယ်တော်၏သြဝါဒများကို လိုက်နာရန်သူတို့အားသတိပေးတော်မူပါ၏။ ပညတ်တရားတော်ကိုစောင့်ထိန်းမှုမှာမိမိတို့၏ အသက်ရှင်ရာလမ်းပင်ဖြစ်သော်လည်း သူတို့သည်မာန်မာနထောင်လွှားကာကိုယ်တော်၏ တရားတော်တို့ကိုပစ်ပယ်ကြပါ၏။ သူတို့သည်လွန်စွာခေါင်းမာလျက်စကားတော်ကို နားမထောင်ဘဲနေကြပါ၏။
သူတို့သည်ငါ၏စကားကိုနားထောင်ရန်ငြင်း ဆန်သူတို့အား`သင်တို့အဖို့အစစအရာရာ အဆင်ပြေလိမ့်မည်ဟုထာဝရဘုရားမိန့် ဆိုသည်' ဟုအဖန်တစ်လဲလဲဟောပြောကြ၏။ ခေါင်းမာသူအပေါင်းတို့အားလည်း`သင်တို့ အပေါ်သို့အဘယ်အခါ၌မျှဘေးအန္တရာယ် ဆိုးသက်ရောက်လိမ့်မည်မဟုတ်' ဟုဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
ဣသရေလနှင့်ယုဒပြည်သားအပေါင်း တို့သည်ငါ၏လူမျိုးတော်ဖြစ်လာကြ လျက် ငါ၏နာမတော်ကိုချီးမွမ်းထော မနာပြုကြစိမ့်သောငှာ ငါသည်သူတို့ အားလူ၏ခါး၌တင်းကျပ်စွာကပ်လျက် နေသည့်ခါးဝတ်ကဲ့သို့ ငါနှင့်နီးနီးကပ် ကပ်ရှိနေစေလိုသည်။ သို့သော်သူတို့ သည်ငါ့စကားကိုနားမထောင်ကြ။
ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
သို့ရာတွင်သူတို့သည်ဤပြည်ကိုဝင်ရောက် သိမ်းပိုက်ရကြသောအခါ ကိုယ်တော်ရှင် ၏အမိန့်တော်များကိုမလိုက်နာကြပါ။ သြဝါဒတော်တို့ကိုလည်းမကျင့်သုံး ကြပါ။ ကိုယ်တော်ရှင်ခိုင်းစေသည့်အမှု တစ်စုံတစ်ခုကိုမျှမပြုမလုပ်ကြပါ။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤဘေး အန္တရာယ်ဆိုးကိုသူတို့အပေါ်သို့သက် ရောက်စေတော်မူပါ၏။