ဆာလံ 69:24 - Common Language Bible24 ကိုယ်တော်ရှင်၏အမျက်တော်ကိုသူတို့ အပေါ်သို့ သွန်းလောင်းတော်မူ၍အမျက်တော်အဟုန်သည် သူတို့အားမီစေတော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible24 သူ တို့ အ ပေါ် သို့ အ မျက် တော် ကို သွန်း လောင်း ၍၊ အ မျက် တော် ရှိန် ဖြင့် အုပ် မိ ကြ ပါ စေ။ အခန်းကိုကြည့်ပါ။Judson Bible24 သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ၍၊ အမျက်တော်အရှိန်သည် သူတို့ကို မီပါစေ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ကိုယ်တော်၏အမျက်တော်ကို သူတို့အပေါ်သွန်းလောင်းတော်မူပါ။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်သည် သူတို့ကိုကျော်နင်းလွှမ်းမိုးပါစေ။ အခန်းကိုကြည့်ပါ။ |
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-