Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 69:25 - Common Language Bible

25 သူ​တို့​၏​တဲ​စ​ခန်း​များ​သည်​လူ​သူ​ဆိတ်​ညံ​ရာ အ​ရပ်​များ​အ​ဖြစ်​ဖြင့်​ကျန်​ရစ်​ပါ​စေ​သော။ သူ​တို့​၏​တဲ​များ​အ​တွင်း​၌​လူ​တစ်​ဦး​တစ်​ယောက် မျှ အ​သက်​ရှင်​လျက်​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 စ ခန်း ချ ရာ အ ရပ် ကို ဖုန်း ဆိုး ကုန်း၊ တဲ များ ကို လူ ဆိတ် ညံ ရာ ဖြစ် ပါ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 သူ​တို့​နေ​ရာ​အ​ရပ်​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​ပါ​စေ။ သူ​တို့​အိမ်၌​နေ​သော​သူ မ​ရှိ​ပါ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သူ​တို့​၏​နေရပ်စခန်း​သည် လူသူကင်းဝေး​ရာ​အရပ်​ဖြစ်​ပါစေ​။ သူ​တို့​၏​တဲ​များ​၌ နေထိုင်​သော​သူ​မ​ရှိ​ပါစေ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 69:25
8 ပူးပေါင်းရင်းမြစ်များ  

ဤ​ဗိ​မာန်​တော်​သည်​လည်း​ယို​ယွင်း​ပျက်​စီး သည့်​အ​ဆောက်​အ​အုံ​ဖြစ်​လာ​လိမ့်​မည်။ ယင်း ၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​အံ့​အား​သင့်​လျက်`ထာ​ဝရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ဤ​ပြည်​နှင့် ဤ​ဗိ​မာန်​တော်​ကို ဤ​သို့​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​မြန်း ကြ​လိမ့်​မည်။-


နား​ထောင်​လော့။ ငါ​၏​မိတ်​ဆွေ​နှင့်​သူ​၏​စ​ပျစ်​ဥ​ယျာဉ်​အ​ကြောင်း ဤ​သီ​ချင်း​ကို​သင့်​အား​ငါ​သီ​ဆို​၍​ပြ​မည်။ အ​လွန်​မြေ​သြ​ဇာ​ကောင်း​သည့် တောင်​ကုန်း​တစ်​ခု​ပေါ်​တွင်၊ ငါ့​မိတ်​ဆွေ​၏​စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။


ငါ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ပါ​မည်​နည်း'' ဟု​လျှောက်​လျှင် ကိုယ်​တော်​က``မြို့​များ​ပျက်​စီး​ယို​ယွင်း​၍​ဟာ​လာ​ဟင်း​လင်း​ဖြစ်​၍​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။ အိမ်​များ​တွင်​လူ​သူ​ကင်း​မဲ့​ပြီး​ထို​ပြည်​ကိုယ်​တိုင်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။-


ထို့​ကြောင့်​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် သည်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။-


သို့​ဖြစ်​၍​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် စွန့်​တော်​မူ​လိမ့်​မည်။ သင့်​အား​ငါ​ဆို​သည်​ကား `ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​ရာ​နေ့​မ​တိုင်​မီ​သင်​သည်​ငါ့​ကို မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။


ဆာ​လံ​ကျမ်း​တွင်၊ `သူ​၏​နေ​အိမ်​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​ပါ​စေ၊ ထို​အိမ်​တွင်​အ​ဘယ်​သူ​မျှ​မ​နေ​ပါ​စေ​နှင့်။ ထို​သူ​၏​ရာ​ထူး​ကို​လည်း​အ​ခြား​သူ​တစ်​ဦး​ယူ​ပါ​စေ' ဟူ​၍​ရေး​သား​ပါ​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ