Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 23:3 - Common Language Bible

3 သူ​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က အီ​ဂျစ် ပြည်​၌​နေ​ထိုင်​စဉ် ရင်​သား​ကို​ပွတ်​နယ်​ခံ​ရ လျက်​အ​ပျို​ရည်​ပျက်​၍​ပြည့်​တန်​ဆာ​များ ဖြစ်​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 အိ ဂျစ် ပြည် တွင် ပြည့် တန် ဆာ လုပ်၍၊ ထို ပြည်၌ ပင် အ ပျို စင် ရင် သား ကို ချေ နယ် ခံ ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သူ​တို့​သည် အ​သက်​ငယ်​စဉ်​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ၏။ ထို​ပြည်၌ သူ​တို့၏​သား​မြတ်​ကို ပွတ်​နယ်၍ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သူ​တို့​သည် အီဂျစ်​ပြည်​တွင် အပျိုဖြန်းဘဝ​ကတည်းက ပြည့်တန်ဆာအလုပ်​ကို လုပ်​ကြ​၏​။ သူ​တို့​၏​သားမြတ်​ကို အပွတ်သပ်ခံ​ပြီး သူ​တို့​၏​အပျိုရည်​ကို ပျက်စီး​စေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 23:3
17 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​၏​အ​ကျင့်​ပျက်​မှု​သည် မိ​မိ​နှင့် မ​ဆိုင်​သ​ကဲ့​သို့​တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ လေ​သည်။ သူ​သည်​ကျောက်​တုံး​များ၊ သစ်​ပင် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​မှား ယွင်း​လေ​၏။-


``သို့​ရာ​တွင်​သင်​သည်​မိ​မိ​၏​အ​ဆင်း​လှ မှု​နှင့်​ထင်​ပေါ်​ကျော်​ကြား​မှု​တို့​ကို​အ​ခွင့် ကောင်း​ယူ​ကာ ပြည့်​တန်​ဆာ​ဖြစ်​လာ​၏။ သင် ၏​ထံ​သို့​ရောက်​ရှိ​လာ​သူ​မှန်​သ​မျှ​နှင့် အိပ်​စက်​၏။ သင်​၏​အ​လှ​ကို​ပေး​အပ်​၏။-


သင်​ငယ်​စဉ်​က​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွေး​ထဲ​တွင်​လူး​နေ​ခဲ့​သည့်​အ​ဖြစ်​သ​နစ် ကို သင်​သည်​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​လုပ် ရပ်​များ​နှင့် ပြည့်​တန်​ဆာ​ဘ​ဝ​တွင်​ကျင် လည်​စဉ်​တစ်​ကြိမ်​တစ်​ခါ​မျှ​သ​တိ​မ​ရ ခဲ့​သ​လော'' ဟူ​၍​တည်း။


ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​သ​ဖြင့် မိ​မိ​တို့​မြတ်​နိုး​သည့် စက်​ဆုပ်​ဖွယ်​ရာ​ရုပ်​တု​များ​ကို​စွန့်​ပစ်​လိုက် ကြ​ရန်​နှင့်​အီ​ဂျစ်​ဘုရား​အ​တု​များ​ကို ကိုး​ကွယ်​ခြင်း​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​မ​ညစ် ညမ်း​ကြ​စေ​ရန်​သူ​တို့​အား​ပြော​သော်​လည်း၊-


သူ​တို့​သည်​ငါ့​အား​အာ​ခံ​ကာ​ငါ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​မြတ်​နိုး​သည့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော​ရုပ် တု​များ​နှင့် အီ​ဂျစ်​ဘု​ရား​များ​ကို​မ​စွန့်​ကြ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​တွင်​ငါ​၏ အ​မျက်​ဒေါ​သ​ကို​သူ​တို့​အ​ပေါ်​သို့​သွန်း လောင်း​၍ အ​မျက်​တော်​ဒဏ်​ကို​အ​ပြည့် အ​ဝ​ခံ​ကြ​စေ​ရန်​အ​ကြံ​ရှိ​ခဲ့​၏။-


သူ​သည်​အီ​ဂျစ်​ပြည်​တွင်​သူ​ငယ်​မ​အ​ရွယ် မှ​စ​၍​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း ယ​ခု​လည်း ပြု​ကျင့်​ကာ​ပို​မို​ဆိုး​ရွား​သော​ပြည့်​တန် ဆာ​ဖြစ်​လာ​၏။-


(အ​ချင်း​အ​ဟော​လိ​ဗ၊ သင်​သည်​သူ​ငယ်​မ အ​ရွယ်​က​ယောကျာ်း​တို့​သင်​၏​ရင်​သား​တို့ ကို​ပွတ်​နယ်​သ​ဖြင့် အ​ပျို​ရည်​ပျက်​ခဲ့​သည့် အီ​ဂျစ်​ပြည်​တွင်​ကူး​လွန်​ခဲ့​သော​ကာ​မ ဂုဏ်​လိုက်​စား​မှု​ကို​ထပ်​မံ​ကူး​လွန်​လို​ပါ သည်​တ​ကား။)


သင်​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက်​ပြီး​မှ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​၍ ဖ​လား​၏​အ​စ​အ​န​များ​ဖြင့်​မိ​မိ​၏​ရင်​သား​ကို လှီး​ဖြတ်​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။


အစ်​မ​ဖြစ်​သူ​သည်​အ​ဟော​လ၊ ညီ​မ​ကား အ​ဟော​လိ​ဗ​ဟု​နာ​မည်​တွင်​၏။ (အ​ဟော​လ သည်​ရှ​မာ​ရိ​မြို့​ကို​သ​ရုပ်​ဆောင်​၍​အ​ဟော လိ​ဗ​က​ယေ​ရု​ရှ​လင်​မြို့​ကို​သ​ရုပ်​ဆောင်​၏။) ငါ​သည်​သူ​တို့​နှစ်​ဦး​စ​လုံး​နှင့်​ထိမ်း​မြား မင်္ဂ​လာ​ပြု​၍​သူ​တို့​နှင့်​သား​သ​မီး​များ​ကို ရ​၏။-


ထို​သူ​တို့​သည်​မျောက်​မ​ထား​မှု​ဖြင့်​နွမ်း​နယ် နေ​ပြီ​ဖြစ်​သော အ​မျိုး​သ​မီး​ကို​ပြည့်​တန်​ဆာ အ​ဖြစ်​အ​သုံး​ပြု​ကြ​ပါ​စေ​ဟု​ငါ​တွေး တော​မိ​၏။-


သူ​သည်​မိ​မိ​အ​ပျို​ရည်​ပျက်​ရ​သည့်​အီ​ဂျစ် ပြည်​တွင် စ​တင်​ခဲ့​သည့်​ပြည့်​တန်​ဆာ​အ​လုပ် ကို​ဆက်​၍​လုပ်​၏။ သူ​ငယ်​မ​အ​ရွယ်​က​ပင် လျှင်​ယောကျာ်း​တို့​သည် သူ​နှင့်​အ​တူ​အိပ်​စက် ကာ​သူ့​အား​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​ကျင့် ခဲ့​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​ဟော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဦး​စွာ မိန့်​တော်​မူ​သည်​မှာ``သင်​သည်​သွား​၍​အ​မျိုး သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လော့။ သင် ၏​ဇ​နီး​သည်​သစ္စာ​မဲ့​သူ​ဖြစ်​လိမ့်​မည်။ သင်​၏ သား​သ​မီး​များ​သည်​လည်း​သင်​၏​ဇနီး​ကဲ့ သို့​သစ္စာ​မဲ့​သူ​များ​ဖြစ်​လိမ့်​မည်။ ငါ​၏ လူ​စု​သည်​လည်း​ထို​နည်း​တူ​စွာ​ငါ့​ကို စွန့်​၍​သစ္စာ​ဖောက်​ကြ​ပြီ'' ဟု​မိန့်​တော် မူ​၏။-


သူ​၏​စ​ပျစ်​ခြံ​များ​ကို​လည်း​ပြန်​လည်​ရှင် သန်​စေ​၍ အာ​ခေါ်​ဟူ​သော​ဒုက္ခ​ချိုင့်​ဝှမ်း​ကို မျှော်​လင့်​ရာ​တံ​ခါး​ဖြစ်​စေ​မည်။ သူ​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​အ​ခါ​က​ကဲ့​သို့ ငါ့​အား​မေတ္တာ​တုံ့ ပြန်​လိမ့်​မည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​ဖောက်​၍​ကွင်း​ပြင်​များ​တွင် တိ​ရစ္ဆာန်​များ​ကို​သတ်​ပြီး နတ်​မိစ္ဆာ​တို့​အား နောက်​တစ်​ဖန်​မ​ပူ​ဇော်​ရ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။


``အီ​ဂျစ်​ပြည်​၌​လည်း​ကောင်း၊ အ​ခြား​လူ မျိုး​တို့​၏​နယ်​မြေ​ကို​ဖြတ်​သန်း​သွား​ရာ ၌​လည်း​ကာင်း၊ ငါ​တို့​၏​ဘ​ဝ​အ​တွေ့ အ​ကြုံ​ကို​သင်​တို့​သိ​ကြ​၏။-


ယော​ရှု​က​ဆက်​လက်​၍``ယ​ခု​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ် တော်​၏​အ​မှု​တော်​ကို​စိတ်​ထက်​သန်​စွာ​သစ္စာ ဖြင့်​ဆောင်​ရွက်​ကြ​လော့။ မက်​ဆို​ပို​တေး​မီး​ယား ပြည်​နှင့်​အီ​ဂျစ်​ပြည်​တွင်​သင်​တို့​၏​ဘိုး​ဘေး များ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​များ​ကို​စွန့်​ပယ် ၍​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ကိုး​ကွယ်​ကြ​လော့။-


သူ​တို့​၏​အ​လောင်း​များ​သည်​မြို့​ကြီး​များ ၏​လမ်း​ပေါ်​တွင်​ကျန်​ရစ်​ကြ​လိမ့်​မည်။ ထို​မြို့ ကား​သူ​တို့​၏​အ​ရှင်​သ​ခင်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​အ​သတ်​ခံ​ရာ​မြို့​ဖြစ်​၏။ ယင်း​မြို့ သည် သော​ဒုံ​မြို့​သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​ကို သ​ရုပ်​ဆောင်​သော​မြို့​ဖြစ်​သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ