အကယ်၍ကေဒြုန်ချောင်းလွန်အောင်ထွက်လာ လျှင်သင်သည်မုချသေဒဏ်ခံရမည်။ ထိုအခါ မိမိကိုယ်ကိုသာလျှင်အပြစ်တင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
ယေဇကျေလ 18:13 - Common Language Bible သူသည်အတိုးအမြတ်ရအောင်ငွေကိုချေး ၏။ ထိုသူသည်အသက်ရှင်နိုင်မည်လော။ အသက် ရှင်နိုင်မည်မဟုတ်။ သူသည်ယင်းသို့စက်ဆုပ် ဖွယ်ကောင်းသောအမှုတို့ကိုပြုသဖြင့်သေ ရလိမ့်မည်။ သူ၏သွေးသည်သူ့ခေါင်းပေါ် တင်လျက်ရှိ၏။ Garrad Bible အ တိုး အ မြတ် စား ခြင်း တစ် ခု ခု ကို ပြု လျှင်၊ အ သက် ချမ်း သာ ရ မည် လော။ မ ရ ချေ။ ထို ရွံ ရှာ ဖွယ် မှု အ ပေါင်း ကို ပြု ကျင့် သ ဖြင့်၊ မု ချ သေ ဒဏ် ခံ ရ မည်။ ချင်း အ သွေး သည်၊ ချင်း အ ပေါ်၌ တည် ရ လ တ္တံ့။ Judson Bible အတိုးစား၍ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံရှာဖွယ်သောအမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း အတိုးဖြင့်ချေးငှား၍အမြတ်ယူခြင်း စသည့် အမှုတစ်စုံတစ်ခုကိုပြုလျှင် သူသည် အသက်ချမ်းသာရာရမည်မဟုတ်။ ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်ဟူသမျှတို့ကိုပြုသောကြောင့် သူသည် မုချသေရမည်။ သူ၏သွေးသည် သူ့အပေါ်ကျရောက်မည်။ |
အကယ်၍ကေဒြုန်ချောင်းလွန်အောင်ထွက်လာ လျှင်သင်သည်မုချသေဒဏ်ခံရမည်။ ထိုအခါ မိမိကိုယ်ကိုသာလျှင်အပြစ်တင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
လူပြုသော အမှု၏အကျိုးအပြစ်ကို ပေးတော်မူ မည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက် ခံစေတော်မူမည်။
``သင်တို့သည်ငါ၏လူမျိုးတော်ထဲမှဆင်းရဲ သောသူတို့အား ငွေချေးလျှင်၊ ငွေချေးစားသူ ကဲ့သို့အတိုးမယူရ။-
သူသည်ဆိုးညစ်မှုကိုရှောင်ရှား၍အတိုး အမြတ်ရရန်ငွေကိုမချေး။ ငါ၏ပညတ် တော်များကိုစောင့်ထိန်း၍ငါ၏အမိန့်တော် တို့ကိုလိုက်နာ၏။ ထိုသူသည်ဖခင်၏အပြစ် ကြောင့်သေရမည်မဟုတ်။ သူသည်မုချ အသက်ရှင်လိမ့်မည်။-
``သို့ရာတွင်ဖြောင့်မတ်သောသူသည်ကောင်း မှုကိုရပ်စဲ၍ သူယုတ်မာတို့ပြုကျင့်တတ် သည့်စက်ဆုတ်ဖွယ်ရာဆိုးညစ်မှုတို့ကို ပြုလျှင် သူသည်ဆက်လက်၍အသက်ရှင် မည်လော။ အသက်မရှင်ရ။ သူပြုခဲ့သည့် ကောင်းမှုကိုငါအမှတ်ရတော့မည်မဟုတ်။ သူသည်သစ္စာမဲ့မှုကြောင့်အပြစ်ရှိ၍ မိမိကူးလွန်ခဲ့သည့်အပြစ်များ အတွက်သေရလိမ့်မည်။
သူသည်မိမိအမှားကိုမြင်၍အပြစ်ကို စွန့်လွှတ်လိုက်သဖြင့်မုချပင်သေရမည် မဟုတ်။ ဆက်လက်၍အသက်ရှင်ရလိမ့် မည်။-
ငါသည်အဘယ်သူ့ကိုမျှမသေစေလို။ အပြစ်ဒုစရိုက်ကိုရပ်စဲ၍အသက်ရှင် ကြလော့'' ဟုမိန့်တော်မူ၏။
သူသည်အတိုးအမြတ်ရရန်ငွေကိုမချေး။ ဆိုးညစ်မှုကိုရှောင်ရှား၍အချင်းများမှု တို့တွင်ဖြောင့်မှန်သောအဆုံးအဖြတ်ကို ပေး၏။-
ငါကမကောင်းမှုပြုသူတစ်စုံတစ်ယောက် သည်သေရလိမ့်မည်ဟုဆိုသော်လည်းထိုသူ မသေရလေအောင် သင်သည်သူ၏လမ်းစဉ်ကို ပြင်ဆင်ရန်သတိမပေးဘဲနေပါမူ ထိုသူ သည်မိမိကူးလွန်သည့်အပြစ်အတွက်သေ ရလိမ့်မည်။ ထိုအခါထိုသူသေရသည့်အ တွက်သင့်မှာတာဝန်ရှိသည်။-
အကယ်၍ငါကဆိုးယုတ်သူတစ်စုံတစ် ယောက်အားသေရလိမ့်မည်ဟုဆိုလျှင် သင် သည်ထိုသူအသက်မသေစေရန်သူ၏ အပြုအမူပြောင်းလဲဖို့သတိပေးရမည်။ မပေးဘဲနေပါမူသူသည်အပြစ်ကူး လွန်သူအဖြစ်ဖြင့်ပင်သေလိမ့်မည်။ ထို အခါငါသည်ထိုသေဆုံးသူ၏သွေး အတွက်သင့်မှာတာဝန်ရှိစေမည်။-
``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။
ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-