Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 33:8 - Common Language Bible

8 အ​ကယ်​၍​ငါ​က​ဆိုး​ယုတ်​သူ​တစ်​စုံ​တစ် ယောက်​အား​သေ​ရ​လိမ့်​မည်​ဟု​ဆို​လျှင် သင် သည်​ထို​သူ​အ​သက်​မ​သေ​စေ​ရန်​သူ​၏ အ​ပြု​အ​မူ​ပြောင်း​လဲ​ဖို့​သ​တိ​ပေး​ရ​မည်။ မ​ပေး​ဘဲ​နေ​ပါ​မူ​သူ​သည်​အ​ပြစ်​ကူး လွန်​သူ​အ​ဖြစ်​ဖြင့်​ပင်​သေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​ထို​သေ​ဆုံး​သူ​၏​သွေး အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ချင်း လူ ဆိုး၊ သင် မု ချ သေ ဒဏ် ခံ ရ မည် ဟု လူ ဆိုး အား ငါ မိန့် ဆို ရာ၌၊ ထို လူ ဆိုး ကို အ လေ့ အ လာ မှ ကြဉ် ရှောင် ရန် နှိုး ဆော်၍ သ တိ မ ပေး လျှင်၊ ကိုယ့် ဒု စ ရိုက် ကြောင့် ထို လူ ဆိုး သေ ဒဏ် ခံ ရ လျက် ပင်၊ အ သွေး ကို ကား၊ သင့် ထံ ငါ တောင်း ဆို မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ငါ​သည် လူ​ဆိုး​အား၊ အို လူ​ဆိုး၊ အ​ကယ်​စင်​စစ် သင်​သည် အ​သေ​ခံ​ရ​မည်​ဟု ဆို​သော​အ​ခါ ဆိုး​သော​သူ​ကို သူ၏​လမ်း​မှ လွှဲ​စေ​ခြင်း​ငှာ သင်​သည် သ​တိ​မ​ပေး​လျှင်၊ ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​လိမ့်​မည်။ သို့​ရာ​တွင်၊ သူ၏​အ​သက်​ကို သင်၌​ငါ​တောင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဆိုးယုတ်​သော​သူ​အား ငါ​က ‘​အချင်း​ဆိုးယုတ်​သော​သူ​၊ သင်​မုချ​သေ​ရ​မည်​’​ဟု ငါ​ဆို​လျက်​နှင့်​ပင် ဆိုးယုတ်​သော​အပြစ်​လမ်း​မှ ပြန်လှည့်​စေရန် သင်​သည် သူ့​ကို​သတိ​မ​ပေး​လျှင် သူ့​အပြစ်​အတွက် သူ​သေ​ရ​မည်​ဖြစ်​သော်လည်း သူ့​အသက်​ကို သင့်​ထံ ငါ​ပြန်တောင်း​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 33:8
17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​မြွေ​က``မ​ဟုတ်​နိုင်​ပါ။ သင်​တို့​သေ မည်​မ​ဟုတ်။-


လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။


အဓမ္မလူကား၊ ဘုရားသခင်ရှေ့တော်၌ မ ကြောက် မရွံ့သောအကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်လည်းမရှည်ရ။


သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။


သူ​၏​ဖ​ခင်​မူ​ကား​လိမ်​လည်​လှည့်​စား​၍​သူ တစ်​ပါး​တို့​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ လျက် အ​စဉ်​ပင်​လူ​အ​ပေါင်း​အား​ဆိုး​ညစ်​စွာ ပြု​ကျင့်​သ​ဖြင့်​မိ​မိ​၏​အ​ပြစ်​များ​ကြောင့် သေ​ရ​၏။


သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန်​သူ ဖြစ်​၏။ သား​ဖြစ်​သူ​သည်​ဖ​ခင်​ပြု​သည့် အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ​ရ​မည် မ​ဟုတ်။ ဖ​ခင်​ဖြစ်​သူ​သည်​လည်း​သား​ပြု သည့်​အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ ရ​မည်​မ​ဟုတ်။ လူ​ကောင်း​သည်​ကောင်း​မှု ကို​ပြု​သည့်​အ​တွက်​ကောင်း​ကျိုး၊ ဆိုး​ညစ် သော​သူ​သည်​ဆိုး​ညစ်​မှု​ကို​ပြု​သည့် အ​တွက်​ဆိုး​ကျိုး​ကို​လည်း​ကောင်း​ခံ​ရ လိမ့်​မည်။


အ​ဖ​၏​အ​သက်​ကို​ငါ​ပိုင်​၏။ သား​၏​အ​သက် ကို​လည်း​ငါ​ပိုင်​၏။ လူ​တိုင်း​၏​အ​သက်​ကို ငါ​ပိုင်​၏။ သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန် သူ​ပင်​ဖြစ်​၏။


ငါ​က​မ​ကောင်း​မှု​ပြု​သူ​တစ်​စုံ​တစ်​ယောက် သည်​သေ​ရ​လိမ့်​မည်​ဟု​ဆို​သော်​လည်း​ထို​သူ မ​သေ​ရ​လေ​အောင် သင်​သည်​သူ​၏​လမ်း​စဉ်​ကို ပြင်​ဆင်​ရန်​သ​တိ​မ​ပေး​ဘဲ​နေ​ပါ​မူ ထို​သူ သည်​မိ​မိ​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက်​သေ ရ​လိမ့်​မည်။ ထို​အ​ခါ​ထို​သူ​သေ​ရ​သည့်​အ တွက်​သင့်​မှာ​တာ​ဝန်​ရှိ​သည်။-


အ​ကယ်​၍​ငါ​သည်​ဆိုး​ယုတ်​သူ​အား​သေ​ရ လိမ့်​မည်​ဟု​သ​တိ​ပေး​သ​ဖြင့် သူ​သည်​မိ​မိ ၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​ကာ​မှန်​ရာ ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင်၊-


သို့​ရာ​တွင်​အ​ကယ်​၍​ကင်း​စောင့်​သည်​ရန်​သူ လာ​သည်​ကို​မြင်​လျက်​နှင့် အ​ချက်​ပေး​တံ​ပိုး ခ​ရာ​ကို​မ​မှုတ်​ဘဲ​နေ​ခဲ့​သော် ရန်​သူ​လွန်​လာ ၍​တစ်​စုံ​တစ်​ယောက်​သတ်​ဖြတ်​ခံ​ရ​လျှင်​ထို သူ​သည်​မိ​မိ​အ​ပြစ်​ကြောင့်​သေ​ရ​သော်​လည်း ထို​သို့​သေ​ဆုံး​သူ​၏​သွေး​အ​တွက်​ကင်း​စောင့် မှာ​တာ​ဝန်​ရှိ​စေ​မည်။''


``ကျွန်​မ​တို့​၏​ဖ​ခင်​သည်​တော​ကန္တာ​ရ​၌ သေ ဆုံး​ခဲ့​ရာ​သား​ယောကျာ်း​ဟူ​၍​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ပါ။ ဖ​ခင်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကော​ရ​၏​လူ​စု​တွင်​မ​ပါ ဝင်​ခဲ့​ပါ။ သူ​သည်​မိ​မိ​၏​အ​ပြစ်​ကြောင့်​သေ ဆုံး​ခဲ့​ရ​ပါ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ