Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 18:14 - Common Language Bible

14 ``ယ​ခု​ထို​သူ​၌​သား​တစ်​ယောက်​ရှိ​သည်​ဆို အံ့။ ထို​သား​သည်​မိ​မိ​ဖ​ခင်​ပြု​ကျင့်​ခဲ့​သည့် ဒု​စ​ရိုက်​တို့​ကို​မြင်​သော်​လည်း​ဖ​ခင်​ကို အ​တု​မ​ခိုး။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ ကယ်၍ သူ ရ သော သား သည်၊ အ ဖ ပြု သော ပြစ် မှု များ ကို သိ မြင်၍ ကြောက် ရွံ့ သ ဖြင့်၊ အ ဖ အ လိုက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သို့​ရာ​တွင်၊ ထို​သူ၏​သား​သည် အ​ဘ​ပြု​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကို မြင်၍​ဆင်​ခြင်​သ​ဖြင့်၊ ထို​သို့​သော အ​မှု​တို့​ကို​မ​ပြု၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သို့သော် ထို​ဖခင်​၏​သား​သည် မိမိ​ဖခင်​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​ကို​မြင်​၏​။ သူ​သည် ဆင်ခြင်​၍ ထိုသို့သော​အမှု​တို့​ကို​မ​ပြု​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 18:14
22 ပူးပေါင်းရင်းမြစ်များ  

ယော​ရှိ​သည်​အ​သက်​ရှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင် မြို့​တွင်​သုံး​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဗော​ဇ​ကတ်​မြို့​သား​အ​ဒါ ယ​၏​သ​မီး​ယေ​ဒိ​ဒ​ဖြစ်​၏။-


ယော​ရှိ​သည်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​၏။ သူ​သည်​မိ​မိ​၏​ဘိုး တော်​ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ​ကို​ယူ​၍ ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ရှိ​သ​မျှ​ကို​တိ​ကျ​စွာ လိုက်​နာ​ကျင့်​သုံး​၏။


``သင်​တို့​သည်​ထာ​ဝရ​ဘုရား​ထံ​တော်​သို့​သွား ၍​ဤ​ကျမ်း​တွင်​ပါ​ရှိ​သည့်​သွန်​သင်​ချက် အ​ကြောင်း​ကို ငါ့​အ​တွက်​နှင့်​ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သော သူ​တို့​အ​တွက်​မေး​မြန်း​ကြ​လော့။ ငါ​တို့ ၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ခဲ့​ကြ။ ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ ကို​မ​လိုက်​နာ​ခဲ့​ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက် တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။


မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။


ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။


``ငါ​သည်​သစ်​သား​အ​ချို့​ကို​မီး​ဆိုက်​လိုက် ၏။ မီး​ကျီး​ခဲ​များ​ဖြင့်​မုန့်​ကို​ဖုတ်​ကာ​အ​မဲ သား​ကို​ကင်​၍​စား​၏။ ကျန်​ရှိ​နေ​သော​သစ် သား​ဖြင့်​ရုပ်​တု​တစ်​ခု​ကို​ပြု​လုပ်​၏။ ယ​ခု ငါ​သည်​ထို​သစ်​သား​တုံး​၏​ရှေ့​၌​ဦး​ညွှတ် ပြပ်​ဝပ်​လျက်​နေ​ပါ​သည်​တ​ကား'' ဟု​ပြော ဆို​နိုင်​လောက်​အောင်​ရုပ်​တု​ထု​လုပ်​သူ​တွင် အ​သိ​အ​လိမ္မာ​ဉာဏ်​အ​မြော်​အ​မြင်​မ​ရှိ။


ငါ​တို့​သည်​မိ​မိ​တို့​ယ​ခင်​က​ပြော​ကြား​ခဲ့ သည့်​အ​မှု​တို့​ကို​သာ​ပြု​ကြ​ပါ​မည်။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​တွင်​ငါ တို့​နှင့်​ငါ​တို့​ဘိုး​ဘေး​များ၊ ငါ​တို့​ဘု​ရင် နှင့်​ခေါင်း​ဆောင်​များ​ပြု​လေ့​ရှိ​သည့်​အ​တိုင်း ကောင်း​ကင်​ဘု​ရင်​မ​ဟု​အ​မည်​တွင်​သော နတ်​သ​မီး​ကို​ယဇ်​ပူ​ဇော်​၍ သူ​၏​အ​ဖို့ စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​သွန်း​လောင်း ပါ​မည်။ ထို​စဉ်​အ​ခါ​က​ငါ​တို့​သည်​ဝ​စွာ စား​ရ​ကြ​၏။ ချမ်း​သာ​ကြွယ်​ဝ​လျက်​ဘေး ဒုက္ခ​နှင့်​ကင်း​ဝေး​ခဲ့​ကြ​၏။-


ငါ​သည်​စေ့​စေ့​နား​ထောင်​သော်​လည်း​သင်​တို့ သည်​သစ္စာ​စ​ကား​ကို​မ​ပြော​ကြ။ သင်​တို့​တွင် အ​ဘယ်​သူ​မျှ​မိ​မိ​တို့​ယုတ်​မာ​မှု​များ​အ​တွက် ဝမ်း​မ​နည်း​ကြ။ `ငါ​သည်​အ​ဘယ်​မ​ကောင်း​မှု ကို​ပြု​မိ​ပါ​သ​နည်း' ဟု​အ​ဘယ်​သူ​မျှ​မ​မေး ကြ။ တိုက်​ပွဲ​သို့​အ​ပြင်း​ပြေး​သည့်​မြင်း​ကဲ့ သို့​လူ​တိုင်း​မိ​မိ​တို့​ပြု​လို​ရာ​ကို ပြု​လျက် နေ​ကြ​၏။-


သူ​တို့​သည်​ခေါင်း​မာ​လျက်​မိ​မိ​ဘိုး​ဘေး များ​သွန်​သင်​ထား​ခဲ့​သည့်​အ​တိုင်း ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။-


``ထို​သူ​၌​အ​နိုင်​အ​ထက်​လု​ယက်​သတ်​ဖြတ် တတ်​၍ ဖ​ခင်​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို ပြု​ကျင့်​သူ​သား​တစ်​ယောက်​ရှိ​သည်​ဆို​အံ့။ ထို​သား​သည်​တောင်​ပေါ်​ရှိ​ကိုး​ကွယ်​ရာ​ဌာ​န များ​တွင်​ယဇ်​ပူ​ဇော်​သည့်​အ​သား​ကို​စား​၏။ သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​၏။-


သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ​ကိုး ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​လည်း​မ​စား။ သူ​တစ်​ပါး​အိမ် ရာ​ပြစ်​မှား​ခြင်း၊-


သူ​သည်​မိ​မိ​အ​မှား​ကို​မြင်​၍​အ​ပြစ်​ကို စွန့်​လွှတ်​လိုက်​သ​ဖြင့်​မု​ချ​ပင်​သေ​ရ​မည် မ​ဟုတ်။ ဆက်​လက်​၍​အ​သက်​ရှင်​ရ​လိမ့် မည်။-


သို့​ရာ​တွင်​တော​ကန္တာ​ရ​ထဲ​မှ​သူ​တို့​၏​သား သ​မီး​များ​အား`သင်​တို့​ဘိုး​ဘေး​များ​စီ​ရင် ခဲ့​သည့်​စည်း​မျဉ်း​များ​ကို​မ​ကျင့်​သုံး​ကြ နှင့်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​လိုက် လျှောက်​ကြ​နှင့်။ သူ​တို့​၏​ရုပ်​တု​များ​ကို ကိုး​ကွယ်​ခြင်း​အား​ဖြင့်​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။-


ငါ​သည်​သူ​တို့​ပြု​သော​ဒု​စ​ရိုက်​များ​ကို မှတ်​သား​ထား​ကြောင်း​သူ​တို့​မ​ရိပ်​မိ​ကြ။ သူ​တို့​၏​အ​ပြစ်​များ​သည်​သူ​တို့​ကို​ဝိုင်း ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ့​ရှေ့​မှောက်​တွင် ထို​အ​ပြစ်​များ​သည်​ပေါ်​လွင်​ထင်​ရှား လျက်​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``မိ​မိ တို့​ကြုံ​တွေ့​နေ​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို သင်​တို့​မ​သိ​မ​မြင်​ကြ​သ​လော။-


အ​ဘယ်​ကြောင့်​ဤ​သို့​ဖြစ်​ပျက်​ရ​သည်​ကို သင်​တို့​မ​သိ​မ​မြင်​နိုင်​ကြ​ပါ​သ​လော။-''


ယ​နေ့​သည်​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​မှု​ပြီး ဆုံး​သည့်​နေ့၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက် နေ့​ဖြစ်​၏။ ထို​နေ့​မှ​စ​၍​ရှေ့​တွင်​မည်​သို့​ဖြစ် လာ​လိမ့်​မည်​ကို​သင်​တို့​ရှု​မှတ်​ကြ​လော့။ သေ​ချာ​ရှု​မှတ်​လော့။-


သင်​တို့​၏​ဘိုး​ဘေး​များ​စ​တင်​ကူး​လွန်​ခဲ့​သည့် အ​ပြစ်​ကို​အ​ပြီး​တိုင်​အောင်​ဆက်​လက်​ကူး​လွန် ကြ​လော့။-


မိ​မိ​တို့​ဘိုး​ဘေး​များ​ထံ​မှ​ဆက်​ခံ​ရ​ရှိ သော​အ​ချည်း​နှီး​သော​ဘ​ဝ​မှ​အ​ဘယ်​သို့ အ​ဖိုး​အ​ခ​ပေး​၍ သင်​တို့​အား​လွတ်​မြောက် စေ​ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ဖိုး အ​ခ​သည်​ရွှေ၊ ငွေ​အ​စ​ရှိ​သည့်​ဖောက်​ပြန် ပျက်​စီး​တတ်​သော​အ​ရာ​မ​ဟုတ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ