သင်တို့အားမြို့ပြင်သို့ထုတ်၍တစ်ကျွန်း တစ်နိုင်ငံသားတို့၏လက်သို့ပေးအပ်မည်။ ငါသည်သင်တို့အားပြစ်ဒဏ်စီရင်ပြီ။-
ငါ သည် သင် တို့ ကို၊ ထို မြို့ ထဲ မှ ထုတ် ပစ် ခြင်း၊ သူ စိမ်း တို့ လက် တွင်း သို့ အပ် နှင်း ခြင်း၊ စီ ရင် ဒဏ် ခတ် ခြင်း များ ကို ပြု သ ဖြင့်၊
ငါသည် သင်တို့ကို မြို့ထဲကထုတ်ပြီးလျှင်၊ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သင်တို့ကိုမြို့ထဲမှ နှင်ထုတ်မည်၊ တစ်ပါးအမျိုးသားတို့၏လက်သို့အပ်မည်၊ အပြစ်ဒဏ်ပေးမည်။
ဘိုးဘေးများလက်ထက်မှအစပြု၍ယနေ့ တိုင်အောင်ပင် ကိုယ်တော်၏လူမျိုးတော်အကျွန်ုပ် တို့သည် လွန်စွာအပြစ်ကူးခဲ့ကြပါ၏။ ထို အပြစ်များကြောင့်အကျွန်ုပ်တို့၏ဘုရင်များ နှင့်ယဇ်ပုရောဟိတ်တို့သည် လူမျိုးခြားဘုရင် များ၏လက်သို့အပ်နှင်းခြင်း၊ ဋ္ဌားဘေးသင့်ခြင်း၊ လုယက်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးသွားခြင်း၊ ယခုအခါ၌ကဲ့သို့လုံးဝအသရေပျက် ခြင်းတို့ကိုခံရကြပါ၏။-
သို့ရာတွင်ဖိနဟတ်သည်ထ၍ အပြစ်ရှိသူတို့ကိုဒဏ်စီရင်လိုက်သဖြင့် ကပ်ရောဂါသည်ငြိမ်းလေ၏။
ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ လက်တွင်စွန့်ပစ်၍ထားတော်မူသဖြင့် ရန်သူများသည်သူတို့ကိုအစိုးရကြကုန်၏။
အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။
ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ငါပြည် နှင်ဒဏ်ပေးလိုက်သည့်လူအပေါင်းတို့၊ သင် တို့သည်ငါထာဝရဘုရားမိန့်တော်မူသည့် စကားကိုနားထောင်ကြလော့' ဟူ၍မိန့်တော် မူ၏။
ရိဗလမြို့၌ပင်ဗာဗုလုန်ဘုရင်သည်ဇေဒ ကိ၏မျက်မှောက်တွင် သူ၏သားတော်တို့ကို ကွပ်မျက်စေလေသည်။ သူသည်ယုဒမှူးမတ် များကိုလည်းသတ်စေ၍၊-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်ကား``ဤမြို့သည်အမှန်ပင်အိုးကင်း နှင့်တူလိမ့်မည်။ သို့ရာတွင်အမဲသားက အဘယ်အရာဖြစ်သနည်း။ သင်တို့လက် ဖြင့်သေရသည့်အလောင်းများပင်ဖြစ်ပါ သည်တကား။ သို့ရာတွင်ငါသည်သင်တို့ အားမြို့ပြင်သို့ပစ်ထုတ်လိုက်မည်။-
ငါသည်သင့်အားသူတစ်ပါးအိမ်ရာကို ပြစ်မှားမှု၊ လူသတ်မှုတို့အတွက်ပြစ်ဒဏ် စီရင်မည်။ ငါသည်ပြင်းစွာဒေါသအမျက် ထွက်၍ မရှုစိမ့်သဖြင့်သင့်အားကလဲ့စား ချေ၍သေဒဏ်ပေးမည်။-
သူတို့သည်သင်၏အိမ်များကိုမီးရှို့ကြ ပြီးလျှင် သင်အပြစ်ဒဏ်ခံရပုံကိုမြောက် မြားစွာသောအမျိုးသမီးတို့အားပြကြ လိမ့်မည်။ သင်၏ပြည့်တန်ဆာအလုပ်နှင့် ချစ်သူတို့အား လက်ဆောင်ပေးကမ်းမှုကို ငါရပ်စဲစေမည်။-
ငါသည်တောက်လောင်နေသောမီးသဖွယ် ငါ၏အမျက်တော်ကို သင့်၏အပေါ်သို့ သွန်းလောင်းရလိမ့်မည်။ သင့်အားရက်စက် ကြမ်းကြုတ်သူအဖျက်ဝိဇ္ဇာတို့၏လက် သို့ငါပေးအပ်မည်။-
ဤကဲ့သို့အီဂျစ်ပြည်အားအပြစ်ဒဏ် ခတ်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထို့ကြောင့်ယေရုရှလင်မြို့ရှိမိဘသည်သား သမီးတို့ကိုစားကြလိမ့်မည်။ သားသမီး တို့သည်လည်းမိဘတို့ကိုစားကြလိမ့်မည်။ သင်တို့အနက်အသက်မသေဘဲကျန်ရစ် သူတို့ကိုလည်း ငါသည်အပြစ်ဒဏ်ခတ် လျက်အရပ်တကာသို့ပျံ့လွင့်စေမည်။''
``ငါသည်သင့်အားအမျက်ဒေါသပြင်း စွာထွက်၍ နာကျင်စွာအပြစ်ဒဏ်ခတ်သော အခါ ပတ်ဝန်းကျင်မှလူမျိုးတကာတို့ သည်ထိတ်လန့်ကြလျက် သင့်အားစက်ဆုပ် သည့်အမူအရာဖြင့်ကြည့်၍သတိပေး လျက်ပြက်ရယ်ပြုကြလိမ့်မည်။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ယေရုရှလင်မြို့၊ ငါသည် သင့်ရန်သူဖြစ်၍လူမျိုးတကာတို့ရှေ့ တွင်သင့်အားအပြစ်ဒဏ်စီရင်မည်။-
သားတော်သည်လူသားဖြစ်တော်မူသည်နှင့် အညီ တရားစီရင်ပိုင်သောတန်ခိုးအပ်နှင်း ခြင်းကိုခံရ၏။-
အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။-
``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့ ၏ဘုရင်ကို သင်တို့နှင့်သင်တို့၏ဘိုးဘေး များမရောက်ဘူးသောနိုင်ငံရပ်ခြားသို့ ဖမ်းဆီးခေါ်ဆောင်သွားစေတော်မူလိမ့်မည်။ သင်တို့သည်ထိုပြည်တွင်သစ်သားနှင့် ကျောက်နှင့်ထုလုပ်သောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
တစ်ကမ္ဘာလုံးကိုတရားစီရင်တော်မူလိမ့် မည်။ လူအပေါင်းတို့အား မိမိတို့၏ဆိုးသွမ်း ယုတ်မာမှုများအတွက်လည်းကောင်း၊ ဘုရား မဲ့အပြစ်သားတို့ဘုရားသခင်အား ရိုင်းပြ စွာပြစ်မှားပြောဆိုကြသည့်စကားများ အတွက်လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်'' ဟုရှေးမဆွကပင်လျှင်ကြို တင်ဟောပြောခဲ့လေသည်။-