ယေဇကျေလ 16:38 - Common Language Bible38 ငါသည်သင့်အားသူတစ်ပါးအိမ်ရာကို ပြစ်မှားမှု၊ လူသတ်မှုတို့အတွက်ပြစ်ဒဏ် စီရင်မည်။ ငါသည်ပြင်းစွာဒေါသအမျက် ထွက်၍ မရှုစိမ့်သဖြင့်သင့်အားကလဲ့စား ချေ၍သေဒဏ်ပေးမည်။- အခန်းကိုကြည့်ပါ။Garrad Bible38 မျောက် မ ထား၍ အ သွေး သွန်း သော မိန်း မ တို့ ကို တ ရား စီ ရင် သည့် နည်း တူ၊ သင့် ကို စီ ရင် လျက် အ မျက် ထွက် ခြင်း၊ မ နာ လို ခြင်း ဆိုင် ရာ သေ ဒဏ် ခတ် ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible38 မျောက်မထားသော မိန်းမနှင့်၊ လူအသက်ကိုသတ်သော မိန်းမတို့ကိုစီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း38 အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူသတ်သောမိန်းမတို့ကို တရားစီရင်သကဲ့သို့ သင့်ကိုငါတရားစီရင်မည်။ မနာလိုစိတ်၊ ဒေါသစိတ်တို့ဖြင့် သင့်ကို သေဒဏ်ပေးမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင် အို ထာဝရဘုရား၊ ယခုအခါ၌ သူတို့၏သားသမီးများအားအစာရေစာ ငတ်လျက်သေစေတော်မူပါ။ သူတို့အားစစ် ပွဲတွင်ကျဆုံးစေတော်မူပါ။ အမျိုးသမီး တို့အားမိမိတို့ခင်ပွန်းများနှင့်သားသမီး များကိုဆုံးရှုံးစေတော်မူပါ။ အမျိုးသား တို့အားသေစေတော်မူ၍ လူငယ်လူရွယ်တို့ အားစစ်ပွဲတွင်ကျဆုံးစေတော်မူပါ။-
ငါသည်မနာလို၍အမျက်ထွက်သဖြင့်သင့် ကိုအမျက်ဒေါသနှင့်စီရင်ရန်သူတို့အား ခွင့်ပြုမည်။ သူတို့သည်သင်၏နှာခေါင်းနှင့်နား ရွက်တို့ကိုဖြတ်၍ ကျန်ရှိနေသေးသောသူများ သည်ဋ္ဌားဖြင့်သေရမည်။ သင်၏သားသမီးများ ကိုယူဆောင်သွားကြလိမ့်မည်။ သူတို့သည် အမှန်ပင်ကျန်ရှိနေသေးသောသူများကို မီးရှို့ကြလိမ့်မည်။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``သင်သည်ကာမရာဂကြီးလျက်အဝတ် များကိုချွတ်၍ ပြည့်တန်ဆာကဲ့သို့မိမိ ကိုယ်ကိုချစ်သူများသို့လည်းကောင်း၊ စက် ဆုပ်ဖွယ်ကောင်းသည့်ရုပ်တုများသို့လည်း ကောင်းပေးအပ်ကာ မိမိ၏သားသမီးများ အားရုပ်တုများကိုပူဇော်ရာယဇ်ကောင် များအဖြစ်ဖြင့်သတ်၏။-
ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။-