ယေရမိ 39:6 - Common Language Bible6 ရိဗလမြို့၌ပင်ဗာဗုလုန်ဘုရင်သည်ဇေဒ ကိ၏မျက်မှောက်တွင် သူ၏သားတော်တို့ကို ကွပ်မျက်စေလေသည်။ သူသည်ယုဒမှူးမတ် များကိုလည်းသတ်စေ၍၊- အခန်းကိုကြည့်ပါ။Garrad Bible6 သား တော် တို့ ကို ရိ ဗ လ မြို့ ၌ ခ မည်း တော် မျက် မှောက် တွင် ပင် ကွပ် မျက် ၍ ယု ဒ မှူး မတ် ရှိ သ မျှ ကို လည်း ကွပ် မျက် သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible6 ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဘေဘီလုံဘုရင်သည် ရိဗလမြို့၌ ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီး၏ရှေ့မှောက်တွင်ပင် သတ်၏။ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။ အခန်းကိုကြည့်ပါ။ |
စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားကိုယ် တော်တိုင်က`ငါသည်သင့်အားကိုယ်အဖို့လည်း ကောင်း၊ မိတ်ဆွေများအဖို့လည်းကောင်း၊ ထိတ် လန့်ကြောက်ရွံ့ဖွယ်ကောင်းသူဖြစ်စေမည်။ ထို သူအပေါင်းတို့သည်လည်းရန်သူများ၏ဋ္ဌား ဖြင့်ကျဆုံးကြသည်ကိုသင်မြင်ရလိမ့်မည်။ ငါသည်ယုဒပြည်သားအပေါင်းတို့အား ဗာဗုလုန်မင်း၏လက်သို့အပ်တော်မူမည်။ သူသည်ထိုသူအချို့ကိုမိမိ၏ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားလျက်အချို့တို့ ကိုမူကွပ်မျက်လိမ့်မည်။-
ထိုနောက်ငါက``ဗာဗုလုန်အမျိုးသားတို့ သည် အရှင်၏မိဖုရားများနှင့်သားသမီး အပေါင်းကိုထုတ်ဆောင်သွားလိမ့်မည်။ အရှင် ကိုယ်တိုင်ပင်လျှင်သူတို့၏ဘေးမှလွတ် မြောက်လိမ့်မည်မဟုတ်ပါ။ ဗာဗုလုန်ဘုရင် ၏ဖမ်းဆီးခြင်းကိုခံရပါလိမ့်မည်။ ဤ မြို့သည်လည်းမီးကျွမ်းလောင်၍သွားလိမ့် မည်'' ဟုလျှောက်ထားပြန်၏။
သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။-