ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။-
ယေဇကျေလ 10:4 - Common Language Bible ထာဝရဘုရား၏တောက်ပသောအသရေ တော်သည် ထိုသတ္တဝါများမှအထက်သို့လျှံ တက်ပြီးလျှင် ဗိမာန်တော်အဝင်ဝသို့ရွေ့ လျား၏။ ထိုနောက်ဗိမာန်တော်သည်မိုးတိမ် များဖြင့်ပြည့်သဖြင့် တံတိုင်းသည်ဘုရားသခင်၏ဘုန်းအသရေဖြင့်ထွန်းတောက် လျက်နေ၏။- Garrad Bible ထာ ဝ ရ ဘု ရား၏ ဘုန်း တော် လည်း၊ ခေ ရု ဗ တို့ အ ပေါ် မှ၊ ဗိ မာန် တော် တံ ခါး ခုံ ထက်၊ တက် ရောက် သ ဖြင့်၊ ဗိ မာန် တော် သည် တိမ် တိုက် နှင့် လည်း ကောင်း၊ တံ တိုင်း တော် သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ရောင် ခြည် နှင့်လည်း ကောင်း၊ ပြည့် ရာ၊ Judson Bible ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ်အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့၍၊ အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။ တံတိုင်းသည်လည်း၊ ထာဝရဘုရား၏ ဘုန်းတော်အရောင်နှင့် ပြည့်၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ဘုန်းတော်သည် ခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့သွားလျှင် အိမ်တော်တစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ ဝင်းတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်နှင့် ထွန်းတောက်လေ၏။ |
ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။-
ထိုအခြင်းအရာကြောင့်မောရှေသည် ထာဝရ ဘုရားစံတော်မူရာတဲတော်တွင်းသို့မဝင် နိုင်ချေ။-
သြဇိမင်းနတ်ရွာစံသောနှစ်၌ငါသည်ထာဝရဘုရားကိုဖူးမြင်ရ၏။ ကိုယ်တော်သည်မြင့်မြတ်သည့်ပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ၏။ ဗိမာန်တော်တစ်ခုလုံးသည်လည်းကိုယ်တော်၏ဝတ်ရုံတော်နှင့်ပြည့်၍နေ၏။-
ယင်းသို့ထွန်းလင်းတောက်ပသောအရောင်အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သောသက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပသည့်အလင်းရောင်ဖြစ်သတည်း။
ထိုနောက်ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည် ဗိမာန်တော်အဝင်ဝမှ ထွက်ခွာ၍သတ္တဝါတို့၏အထက်သို့ရွေ့ လျားသွားတော်မူ၏။-
ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-
ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အား ချီဆောင်တော်မူပြီးလျှင်တံတိုင်းအတွင်း ဝင်းထဲသို့ယူဆောင်သွားတော်မူ၏။ ဗိမာန်တော် သည်ထာဝရဘုရား၏ဘုန်းအသရေတော် ဖြင့်ပြည့်လျက်နေသည်ကိုထိုအရပ်မှမြင် ရ၏။-
ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက် ကိုဖြတ်၍ ဗိမာန်တော်ရှေ့သို့ခေါ်ဆောင်သွား ရာငါရှာကြည့်သော် ထာဝရဘုရား၏ဗိမာန် တော်တွင်ကိုယ်တော်၏တောက်ပသောဘုန်း အသရေတော်နှင့်ပြည့်လျက်နေသည်ကို မြင်ရ၏။ ငါသည်မြေပေါ်သို့ပျပ်ဝပ်လိုက်၏။-
ထိုအခါဣသရေလအမျိုးသားတို့ ကိုး ကွယ်သောဘုရားသခင်၏တောက်ပသော ဘုန်းအသရေတော်သည် ကျိန်းဝပ်တော်မူ ရာခေရုဗိမ်များမှလျှံတက်လျက်ဗိမာန် တော်အဝင်ဝသို့ရွေ့လျားသွားတော်မူ၏။ ထာဝရဘုရားသည်ပိတ်ချောထည်ကိုဝတ် ဆင်ထား၍ စာရေးကိရိယာကိုယူဆောင် လာသူအားခေါ်တော်မူ၍၊-
ဗိမာန်တော်သစ်သည်ဗိမာန်တော်ဟောင်း ထက်ပို၍တင့်တယ်လှပလိမ့်မည်။ ထိုအရပ် တွင်ငါသည်မိမိ၏လူမျိုးတော်အား ကောင်းစားစေ၍ ငြိမ်းချမ်းသာယာမှုကို ပေးမည်'' ဟုအနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်မှာတော်မူ၏။ ဤကားအနန္တ တန်ခိုးရှင်ထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ကောရသည်လူအပေါင်းတို့ကိုစုဝေးစေ ၍တဲတော်တံခါးဝတွင် မောရှေနှင့်အာရုန် တို့ကိုမျက်နှာချင်းဆိုင်၍ရပ်နေစေသည်။ ထိုခဏချင်းတွင်လူအပေါင်းတို့ရှေ့၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထွန်းတောက်လေသည်။-
ဗိမာန်တော်သည်ဘုရားသခင်၏ဘုန်းတန်ခိုး တော်ကြောင့်မီးခိုးနှင့်ပြည့်လျက်ရှိ၏။ သို့ဖြစ် ၍ကောင်းကင်တမန်ခုနစ်ပါးယူဆောင်လာ သည့်ကပ်ခုနစ်ပါးမပြီးဆုံးမီအဘယ်သူ မျှဗိမာန်တော်ထဲသို့မဝင်နိုင်။