ယေဇကျေလ 43:5 - Common Language Bible5 ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အား ချီဆောင်တော်မူပြီးလျှင်တံတိုင်းအတွင်း ဝင်းထဲသို့ယူဆောင်သွားတော်မူ၏။ ဗိမာန်တော် သည်ထာဝရဘုရား၏ဘုန်းအသရေတော် ဖြင့်ပြည့်လျက်နေသည်ကိုထိုအရပ်မှမြင် ရ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ဝိ ညာဉ် တော် သည် ငါ့ ကို ချီ ဆောင်၍၊ အ တွင်း တံ တိုင်း သို့ ပို့ သွင်း ပြီး လျှင်၊ ထာ ဝ ရ ဘု ရား ဘုန်း တော် နှင့် ဗိ မာန် တော် ပြည့် လျက် ရှိ သည် ကို ငါ မြင် ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်းတံတိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တစ်အိမ်လုံးကို ဖြည့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍ အတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ ကြည့်ရှုလော့။ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်လျက်နေ၏။ အခန်းကိုကြည့်ပါ။ |
သူသည်လက်နှင့်တူသောအရာကိုဆန့်၍ငါ၏ဦးဆံကိုဆွဲကိုင်လိုက်၏။ ထိုနောက်ဤဗျာဒိတ်ရူပါရုံထဲ၌ဝိညာဉ်တော်သည်ငါ့အားလေထဲသို့ချီပင့်ပြီးလျှင် ယေရုရှလင်မြို့ဗိမာန်တော်မြောက်မျက်နှာတံခါးဝသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနေရာတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုတစ်ခုရှိသတည်း။
``ဤအရပ်တွင်အကျွန်ုပ်တို့လူငါးကျိပ်ရှိ ပါ၏။ အကျွန်ုပ်တို့အားလုံးပင်သန်မာသူ များဖြစ်ပါသည်။ အကျွန်ုပ်တို့အား အရှင် ၏သခင်ကိုသွားရောက်ရှာဖွေခွင့်ပြုတော်မူ ပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ကို ဆောင်ယူပြီးလျှင် တောင်ပေါ်ဖြစ်စေ၊ ချိုင့်ထဲ သို့ဖြစ်စေတစ်နေရာရာတွင်ချထားကောင်း ချထားခဲ့ပါလိမ့်မည်'' ဟုပြောကြ၏။ ဧလိရှဲက``သင်တို့မသွားကြပါနှင့်'' ဟု တားမြစ်၏။
အကယ်၍ထာဝရဘုရား၏ဝိညာဉ်တော် သည်အကျွန်ုပ်ထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် အရှင့်အားအကျွန်ုပ်မသိသည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့သော် အကျွန်ုပ်အဘယ်သို့ ပြုရပါမည်နည်း။ ဤအရပ်တွင်အရှင်ရှိ နေကြောင်းမင်းကြီးအားအကျွန်ုပ်လျှောက်ထား ပြီးနောက် မင်းကြီးသည်အရှင်အားမတွေ့ ရပါကအကျွန်ုပ်ကိုသတ်ပါလိမ့်မည်။ အကျွန်ုပ်သည်သူငယ်အရွယ်မှအစပြု ၍ထာဝရဘုရားအားအလွန်ကြည်ညို လေးမြတ်ခဲ့သူဖြစ်ကြောင်းအောက်မေ့ သတိရတော်မူပါ။-