Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 40:35 - Common Language Bible

35 ထို​အ​ခြင်း​အ​ရာ​ကြောင့်​မော​ရှေ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင်း​သို့​မ​ဝင် နိုင်​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ထို သို့ တွေ့ ဆုံ ရာ တဲ တော် အ ပေါ်၌ တိမ် တိုက် တည် နေ၍ စံ ရာ တော် သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် နှင့် ပြည့် သော ကြောင့် မော ရှေ မ ဝင် နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ထို​သို့ မိုး​တိမ်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ပေါ်၌ နေ​သော​ကြောင့်၊ မော​ရှေ​သည် အ​ထဲ​သို့​မ​ဝင်​ရ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တဲ​တော်​ကို ဖြည့်​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 မိုးတိမ်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ပေါ်၌​တည်​နေ​၍ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​သောကြောင့် မောရှေ​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ မ​ဝင်​နိုင်​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 40:35
15 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​ထဲ​မှ​ယဇ်​ပု​ရော​ဟိတ်​များ​ထွက် ခွာ​သွား​ကြ​စဉ် ဗိ​မာန်​တော်​သည်​မိုး​တိမ် ဖြင့်​ချက်​ချင်း​ပြည့်​၍​လာ​လေ​သည်။-


ယင်း​သို့​ဗိ​မာန်​တော်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ရန် ဗိ​မာန် တော်​ထဲ​သို့​ပြန်​၍​မ​ဝင်​နိုင်​ကြ။-


သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်​ကြ။-


အာ​ရုန်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း​ဆင့်​ဆို နေ​စဉ် သူ​တို့​သည်​တော​ကန္တာ​ရ​ဘက်​သို့​မျှော် ကြည့်​လိုက်​သော​အ​ခါ မိုး​တိမ်​၌​ထာ​ဝ​ရ ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ တော်​ရုတ်​တ​ရက်​ပေါ်​လာ​သည်​ကို​ဖူး​မြင် ရ​ကြ​လေ​၏။-


ထို​နေ​ရာ​တွင်​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နှင့်​တွေ့​ဆုံ​၍၊ ငါ​၏​တောက်​ပ​သော ဘုန်း​အ​သ​ရေ​တော်​ဖြင့် ထို​အ​ရပ်​ကို​သန့်​ရှင်း ရာ​အ​ရပ်​ဖြစ်​စေ​မည်။-


ထို​နောက်​ဇိ​အုန်​တောင်​တော်​နှင့်​ထို​အ​ရပ်​တွင် စု​ရုံး​လျက်​နေ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့ ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ်၊ ညဥ့်​အ​ချိန်​၌​မီး​ခိုး​နှင့်​မီး​တောက်​မီး​လျှံ စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​သည် တစ်​မြို့​လုံး​ကို​လွှမ်း ခြုံ​လျက်​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပေ​အံ့။-


``ငါ​သည်​ထာ​ဝ​ရ​အ​သက်​ရှင်​သော​ဘု​ရား၊ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​၍​သန့်​ရှင်း​မြင့်​မြတ် သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း မြင့်​မြတ်​ရာ​အ​ထက်​ဘုံ​တွင်​စံ​နေ​တော်​မူ သော်​လည်း​စိတ်​နှ​လုံး​ကြေ​ကွဲ​သူ၊ စိတ်​နှိမ့်​ချ သူ​တို့​စိတ်​ဝိ​ညာဉ်​ပြန်​လည်​လန်း​ဆန်း​အား တက်​လာ​ကြ​စေ​ရန်​ထို​သူ​တို့​ထံ​တွင်​လည်း ကျိန်း​ဝပ်​တော်​မူ​၏။-


ဤ​သို့​သူ​တို့​ကြွေး​ကြော်​ကြ​သည့်​အ​သံ​ကြောင့်၊ ဗိ​မာန်​တော်​အုတ်​မြစ်​သည်​တုန်​လှုပ်​ကာ​ဗိ​မာန်​တော်​သည်​လည်း​မီး​ခိုး​များ​နှင့်​ပြည့်​၍​လာ​တော့​၏။


ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​အ​သ​ရေ တော်​သည် ထို​သတ္တ​ဝါ​များ​မှ​အ​ထက်​သို့​လျှံ တက်​ပြီး​လျှင် ဗိ​မာန်​တော်​အ​ဝင်​ဝ​သို့​ရွေ့ လျား​၏။ ထို​နောက်​ဗိ​မာန်​တော်​သည်​မိုး​တိမ် များ​ဖြင့်​ပြည့်​သ​ဖြင့် တံ​တိုင်း​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ထွန်း​တောက် လျက်​နေ​၏။-


တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော် ထဲ​သို့​ဝင်​တော်​မူ​၏။


``သင်​၏​အစ်​ကို​အာ​ရုန်​သည် ကန့်​လန့်​ကာ အ​တွင်း​ရှိ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ သတ်​မှတ်​သည့်​အ​ချိန်​၌​သာ​ဝင်​ရ​မည် ဖြစ်​ကြောင်း​ပြော​ကြား​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ငါ​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှိ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​မိုး တိမ်​၌​ထင်​ရှား​တော်​မူ​မည်​ဖြစ်​သည်။ သူ သည်​ဤ​ပ​ညတ်​ကို​မ​နာ​ခံ​လျှင်​သေ​ရ လိမ့်​မည်။-


မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက် ထား​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ ပ​ဋိ ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ခု ကြား​မှ​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သံ​ကို ကြား​ရ​လေ​သည်။


ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​ထူ​သော​နေ့​တွင် မိုး​တိမ်​သက်​ဆင်း​လာ​၍​တဲ​တော်​ကို​ဖုံး​လွှမ်း​လေ​သည်။ ည​အ​ချိန်​တွင်​မိုး​တိမ်​သည်​မီး​လျှံ​ကဲ့​သို့​တောက်​ပ​လျက်​ရှိ​၏။-


ဗိ​မာန်​တော်​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​တန်​ခိုး တော်​ကြောင့်​မီး​ခိုး​နှင့်​ပြည့်​လျက်​ရှိ​၏။ သို့​ဖြစ် ၍​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ယူ​ဆောင်​လာ သည့်​ကပ်​ခု​နစ်​ပါး​မ​ပြီး​ဆုံး​မီ​အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ