ယောလ 3:3 - Common Language Bible သူတို့သည်သုံ့ပန်းများကိုအဘယ်သူသို့ ပေးအပ် ရမည်ကိုမဲချ၍ဆုံးဖြတ်ခဲ့ကြ၏။ ပြည့်တန်ဆာမများအတွက်အခကြေးငွေနှင့် စပျစ်ရည်ဖိုးရရှိရန် သူတို့သည်သူငယ်သူငယ်မများကို ရောင်းစားခဲ့ကြသည်။ Garrad Bible ထို သူ တို့ သည်။ ငါ့ လူ မျိုး ကို မဲ ချ ဝေ ဖန် လျက်၊ သူ ငယ် ကို ပြည် တန် စာ နှင့်၎င်း၊ မိန်း မ ငယ် ကို သုံး သောက် ရာ စ ပျစ် ရည် နှင့်၎င်း၊ ရောင်း ချ လဲ လှယ် ကြ လေ ပြီ တ ကား။ Judson Bible သူတို့သည် ငါ၏လူတို့အဖို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်လည်းကောင်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်လည်းကောင်း ဖလှယ်ကြပြီတကား။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ငါ့လူမျိုးတော်တို့ကိုမဲချခွဲဝေယူကြ၏။ ပြည့်တန်ဆာကိုရရန် လုလင်ငယ်ဖြင့် အလဲအလှယ်ပြု၍ စပျစ်ဝိုင်သောက်ရန် လုံမငယ်ကို ရောင်းကြ၏။ |
ယာဝန်မြို့၊ တုဗလမြို့နှင့်မေရှက်မြို့တို့ တွင်သင်၏ကုန်စည်များကိုကျွန်များ၊ ကြေး နီအိုးများနှင့်လဲလှယ်၏။-
အချင်းသေသောက်ကြူးတို့နိုးထ၍ငိုကြွေးကြလော့။ အချင်းစပျစ်ရည်သမားတို့ငိုကြွေးမြည်တမ်းကြလော့။ စပျစ်ရည်သစ်ပြုလုပ်ရန်စပျစ်သီးများပျက်စီးကုန်ပြီ။
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ကြွေးမဆပ် နိုင်သောရိုးဖြောင့်သူများနှင့် ခြေနင်းတစ် ရံအတွက်ကိုမျှကြွေးမဆပ်နိုင်သော ဆင်းရဲသားတို့ကိုကျွန်အဖြစ်ရောင်းချ ကြသည်။-
ရန်သူများသည်၊ထိုသူတို့၏မြို့တံခါး များကိုဖြိုချချိန်၌၊ သင်သည်နံဘေးသို့ဖယ်၍ရပ်နေခဲ့၏။ သင်သည်၊ယေရုရှလင်မြို့၏စည်းစိမ်ဥစ္စာ များကို သိမ်းယူကာ၊မိမိတို့အချင်းချင်းတို့အား ခွဲဝေပေးသူလူမျိုးခြားများနှင့်မခြား၊ ဆိုးယုတ်သူဖြစ်ပေသည်။
သီဘီမြို့သူမြို့သားတို့သည်ပြည်နှင်ဒဏ်သင့် ကြလျက်သူတို့၏သားသမီးများသည်လမ်း ဆုံလမ်းခွတိုင်း၌အရိုက်အနှက်ခံရကြ၏။ သူတို့အထဲမှဂုဏ်အသရေရှိသူများကို သံကြိုးများနှင့်ချည်နှောင်ခေါ်ဆောင်ကာ မိမိတို့အချင်းချင်းမဲချ၍ခွဲဝေယူကြ၏။
သစ်ကြံပိုး၊ ဟင်းခပ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ မုရန်၊ ဆီမွှေး။ လော်ဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်၊ လူ့အသက်များ ပင်ဖြစ်လေသည်။-