ယေဇကျေလ 27:13 - Common Language Bible13 ယာဝန်မြို့၊ တုဗလမြို့နှင့်မေရှက်မြို့တို့ တွင်သင်၏ကုန်စည်များကိုကျွန်များ၊ ကြေး နီအိုးများနှင့်လဲလှယ်၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ယာ ဝန်၊ တု ဗ လ၊ မေ ရှက် လူ မျိုး တို့ သည်၊ လူ၊ ကြေး အိုး ကုန် များ ကို ထပ် လဲ ဖောက် ကား သူ ဖြစ် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ယာဝန်မြို့၊ တုဗလမြို့၊ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ယာဝန်အမျိုးသား၊ တုဗလအမျိုးသား၊ မေရှက်အမျိုးသားတို့သည် သင်နှင့်ကုန်သွယ်ကြ၏။ သင်၏ကုန်စည်များကို သက်ရှိလူများ၊ ကြေးနီအသုံးအဆောင်များနှင့် လဲလှယ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
``မေရှက်နှင့်တုဗလတို့သည်မိမိတို့၏ စစ်သူရဲသင်္ချိုင်းများခြံရံလျက်ထိုအရပ် တွင်ရှိကြ၏။ သူတို့အားလုံးသည်အရေဖျား လှီးမင်္ဂလာမခံဘဲစစ်ပွဲတွင်ကျဆုံးကြ၍ မရဏာနိုင်ငံသို့ဆင်းသက်ရကြ၏။ သို့ ရာတွင်သူတို့သည်အခါတစ်ပါးက အသက်ရှင်သူတို့ကိုထိတ်လန့်တုန်လှုပ် စေခဲ့သူများဖြစ်ကြ၏။-
ထိုသူက``သင့်ထံသို့ငါလာသည့်အကြောင်း ကိုသင်သိသလော။ ငါလာရသည့်အကြောင်း မှာသမ္မာတရားစာစောင်တော်တွင်ရေးသား ဖော်ပြချက်ကို သင့်အားပြောကြားရန်ဖြစ် ပါသည်။ ငါသည်ယခုပြန်၍ပါရှနိုင်ငံ ကိုစောင့်ထိန်းသည့်ကောင်းကင်တမန်နှင့်စစ် တိုက်ရမည်။ ထိုနောက်ဂရိတ်နိုင်ငံကိုစောင့်ထိန်း သည့်ကောင်းကင်တမန်နှင့်တိုက်ခိုက်ရမည်။ ဣသရေလနိုင်ငံကိုစောင့်ထိန်းသည့်ကောင်း ကင်တမန်မိက္ခေလမှတစ်ပါး ငါ့အားကူ ညီမည့်သူတစ်ဦးတစ်ယောက်မျှမရှိ။
သင့်အားယခုငါပြောပြမည့်အရာ များသည်အမှန်ဖြစ်ပျက်မည်'' ဟုဆို၏။ ကောင်းကင်တမန်က``ပါရှနိုင်ငံတွင်နောက် ထပ်ဘုရင်သုံးပါးပေါ်ထွန်းလာလိမ့်မည်။ ထိုနောက်စတုတ္ထဘုရင်ပေါ်ထွန်းကာ အခြား ဘုရင်များထက်ပို၍ချမ်းသာကြွယ်ဝလိမ့် မည်။ သူသည်မိမိတန်ခိုးအာဏာအကြီး မားဆုံး၊ အချမ်းသာဆုံးအချိန်သို့ရောက် သောအခါ ဂရိတ်နိုင်ငံအားစစ်မက်ပြိုင် ဆိုင်ရန်ဖိတ်ခေါ်လိမ့်မည်။