ဗျာဒိတ် 18:13 - Common Language Bible13 သစ်ကြံပိုး၊ ဟင်းခပ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ မုရန်၊ ဆီမွှေး။ လော်ဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်၊ လူ့အသက်များ ပင်ဖြစ်လေသည်။- အခန်းကိုကြည့်ပါ။Judson Bible13 သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံကျွန်၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တစ်ဖန် မဝယ်ရ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 သစ်ကြံပိုး၊ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ လူ့ကိုယ်ခန္ဓာနှင့် လူ၏အသက်တို့ပင်ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 သစ်ကြံပိုး၊ အမွှေးအကြိုင်၊ အမွှေးနံ့သာ၊ မုရန်၊ လောဗန်၊ စပျစ်ဝိုင်၊ သံလွင်ဆီ၊ မုန့်ညက်၊ ဂျုံ၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ ကျွန်များနှင့် လူ့အသက်တို့ပင် ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ကြွေးမဆပ် နိုင်သောရိုးဖြောင့်သူများနှင့် ခြေနင်းတစ် ရံအတွက်ကိုမျှကြွေးမဆပ်နိုင်သော ဆင်းရဲသားတို့ကိုကျွန်အဖြစ်ရောင်းချ ကြသည်။-
``မိမိတို့ကိုယ်ကိုလူမျိုးခြားများလက် သို့ရောင်းချရကြသူ ယုဒအမျိုးသားညီ အစ်ကိုတို့အားတတ်နိုင်သမျှငါတို့ပြန် လည်ဝယ်ယူပြီးမှ ယခုသင်တို့က မိမိတို့ အမျိုးသားအချင်းချင်းပြန်လည်ရောင်း စားလျက်နေကြပါတကား'' ဟုဆိုသော အခါခေါင်းဆောင်များသည်ဆိတ်ဆိတ် နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍ မပြောနိုင်ကြ။
ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
ထိုနောက်ရှေဘဘုရင်မသည်ရှောလမုန်အား ရွှေချိန်ငါးတန်နီးပါးကိုလည်းကောင်း၊ နံ့သာ မျိုးအမြောက်အမြားနှင့်ကျောက်မျက်ရတနာ တို့ကိုလည်းကောင်းပေးဆက်တော်မူ၏။ ရှောလမုန် ရရှိဖူးသမျှသောနံ့သာမျိုးတို့အနက်ဘုရင် မပေးဆက်သည့်နံ့သာမျိုး၏ပမာဏမှာ အများဆုံးဖြစ်သတည်း။
ထာဝရဘုရားသည်သင်တို့အား အီဂျစ် ပြည်သို့နောက်တစ်ဖန်မပြန်စေရဟုမိန့် တော်မူခဲ့သော်လည်း သင်္ဘောများဖြင့်သင် တို့ကိုထိုပြည်သို့ပြန်လည်ပို့ဆောင်တော် မူလိမ့်မည်။ ထိုပြည်တွင်သင်တို့ကိုယ်ကို ရန်သူများထံ၌ကျွန်အဖြစ်ရောင်းသော် လည်း သင်တို့ကိုဝယ်ယူမည့်သူရှိလိမ့်မည် မဟုတ်'' ဟုဆင့်ဆိုလေ၏။
ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။