ဤနည်းအားဖြင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် ကာ တံပိုးခရာ၊ လင်းကွင်းနှင့်စောင်းများကို တီးမှုတ်လျက်ယေရုရှလင်မြို့သို့ပဋိညာဉ် သေတ္တာတော်ကိုပင့်ဆောင်လာကြ၏။
ယောလ 2:1 - Common Language Bible ဘုရားသခင်၏တောင်တော်မြတ်တည်းဟူသော ဇိအုန်တောင်ပေါ်တွင်တံပိုးခရာမှုတ်ကြလော့။ နှိုးဆော်သံပေးကြလော့။ ယုဒပြည်သူတို့တုန်လှုပ်ကြလော့။ ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက် ကာလသည်မကြာမီကျရောက်လာလိမ့်မည်။ Garrad Bible ဇိ အုန် မြို့၌ တံ ပိုး မှုတ် လျက်၊ သန့် ရှင်း ရာ ငါ့ တောင် ပေါ် တွင် အ ချက် သံ ပေး ကြ လော့။ ပြည် သူ ပြည် သား အ ပေါင်း တို့ တုန် လှုပ် ကြ စေ။ မိုး ပိတ် လျက် မှောင် အ တိ နေ့၊ မိုး အုံ့၍ မှောင် ကျ ရာ နေ့၊ ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် သည်၊ နီး ကပ်၍ ရောက် အံ့ ဆဲ ဖြစ်၏။ ခွန် အား ကြီး၍ များ ပြား သ ဖြင့်၊ ရှေး ကာ လ က မ ဖြစ် စ ဘူး၊ နောင် ကာ လ အ စဉ် အ ဆက် မ ဖြစ် လ တ္တံ့ သော အ လုံး အ ရင်း သည်၊ တောင် တန်း ပေါ် တွင်၊ အ မိုက် တိုက် ကဲ့ သို့ ဖုံး လွှမ်း ကြ သည် တ ကား။ Judson Bible ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သား အပေါင်းတို့သည် တုန်လှုပ်ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။ မြန်မာ့စံမီသမ္မာကျမ်း ဇိအုန်တောင်ပေါ်တွင် တံပိုးမှုတ်ကြလော့။ ငါ၏သန့်ရှင်းရာတောင်တော်ပေါ်တွင် သတိပေးသံပြုကြလော့။ ထာဝရဘုရား၏နေ့ရက်သည် လာနေပြီ၊ အမှန်ပင် ရောက်လုနီးပြီဖြစ်သောကြောင့် ပြည်သူပြည်သားအပေါင်းတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။ |
ဤနည်းအားဖြင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် ကာ တံပိုးခရာ၊ လင်းကွင်းနှင့်စောင်းများကို တီးမှုတ်လျက်ယေရုရှလင်မြို့သို့ပဋိညာဉ် သေတ္တာတော်ကိုပင့်ဆောင်လာကြ၏။
ကိုယ်တော်ရှင်ကိုကြောက်ရွံ့သဖြင့်ကွန်တော် မျိုးသည် ကြက်သီးမွေးညင်းထပါ၏။ ကိုယ်တော်ရှင်၏စီရင်တော်မူခက်တို့ကြောင့် ကွန်တော်မျိုးကြောက်ပါ၏။
ထာဝရဘုရားသည်မိမိ၏မြို့တော်ကို သန့်ရှင်းမြင့်မြတ်သည့်တောင် ပေါ်တွင် တည်ဆောက်တော်မူ၏။
ကျိုင်းကောင်တို့သည်အုပ်လိုက်ရောက်ရှိလာ ၍ တစ်ပြည်လုံးပေါ်သို့ရောက်လေ၏။ ထိုမျှ လောက်များပြားသောကျိုင်းကောင်အုပ်များ သည်ရှေးကာလကမပေါ်စဖူး၊ နောင် အခါ၌လည်းပေါ်မည်မဟုတ်။-
အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
သနားညှာတာမှုကင်းမဲ့သည့်ဒေါသအမျက် တော်ဒဏ်ကိုခံရကြမည့်နေရက်ကာလတည်း ဟူသော ထာဝရဘုရားတရားစီရင်တော်မူ ရာနေ့ရက်ကာလကျရောက်လာလိမ့်မည်။ ကမ္ဘာ မြေကြီးသည်လူသူဆိတ်ညံရာဖြစ်လျက် နေလိမ့်မည်။ အပြစ်ကူးလွန်သူမှန်သမျှ သည်လည်းသုတ်သင်ပယ်ရှင်းခြင်းကိုခံ ရကြလိမ့်မည်။-
ထိုကာလ၌အနန္တတန်ခိုးရှင်ထာဝရဘုရား သည်တန်ခိုးကြီးသူ၊ မာန်မာနကြီးသူနှင့်စိတ် ကြီးဝင်သူမှန်သမျှကိုရှုတ်ချတော်မူလိမ့်မည်။-
ငါသည်စကြဝဠာတစ်ခုလုံးကိုဖန်ဆင်း တော်မူခဲ့၍ ဤအရာများပေါ်ပေါက်လာ ရသည်မဟုတ်လော။ စိတ်နှလုံးနှိမ့်ချ၍ နောင်တရသူများနှင့်ငါ့ကိုကြောက်ရွံ့ ရိုသေကာ ငါ၏စကားကိုနားထောင်သူ များကိုငါနှစ်သက်၏။
ကိုယ်တော်အားကြောက်ရွံ့ရိုသေကာစကား တော်ကိုကြားနာကြသူတို့၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်ကိုနား ထောင်ကြလော့။ သင်တို့သည်ငါ့အားသစ္စာ စောင့်ကြသည်ဖြစ်၍သင်တို့အမျိုးသား အချို့တို့သည်သင်တို့ကိုမုန်း၍ဝိုင်းပယ် ကြ၏။ သူတို့သည်သင်တို့အားပြောင်လှောင် ကာ``ငါတို့သည်သင်တို့ရွှင်လန်းဝမ်းမြောက် သည်ကိုမြင်လိုပါ၏။ သို့ဖြစ်၍ထာဝရ ဘုရားသည်ကြီးမြတ်သည့်တန်ခိုးတော် ကိုပြ၍ကယ်တော်မူပါလေစေ'' ဟုဆို ကြ၏။ သို့ရာတွင်ထိုသူတို့သည်အရှက် ကွဲကြရမည့်သူများဖြစ်ပေသည်။-
``ဤအကြောင်းအရာများကိုပြည်သူတို့အား သင်ပြောပြသောအခါသူတို့က`ထာဝရ ဘုရားသည်အဘယ်ကြောင့်အကျွန်ုပ်တို့အား ဤမျှပြင်းထန်စွာအပြစ်ဒဏ်ခတ်ရန်ဆုံး ဖြတ်တော်မူပါသနည်း။ အကျွန်ုပ်တို့သည် အဘယ်ရာဇဝတ်မှုကိုကူးလွန်မိပါသ နည်း။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအား အဘယ်သို့ပြစ်မှားမိပါ သနည်း' ဟုသင့်အားမေးမြန်းကြလိမ့်မည်။-
ချစ်မြတ်နိုးသူတစ်စုံတစ်ယောက်သေဆုံးသည့် အတွက်နှစ်သိမ့်မှုရရှိစေရန်အဘယ်သူမျှ မသာရှင်နှင့်အတူစားသောက်ကြလိမ့်မည် မဟုတ်။ မိဘသေဆုံးသူများပင်လျှင်အဘယ် သူမျှကရုဏာသက်မှုကိုပြသကြလိမ့် မည်မဟုတ်။''
ယုဒပြည်တစ်လျှောက်လုံး၌တံပိုးခရာမှုတ် ကြလော့။ ရှင်းလင်းကျယ်လောင်စွာကြွေးကြော်ကြလော့။ ယုဒပြည်သားများနှင့်ယေရုရှလင်မြို့သား တို့အား ခံတပ်မြို့များသို့ပြေးဝင်ကြရန်ပြောကြားကြလော့။
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
ထိုစကားပုံနှင့်ပတ်သက်၍ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကိုသူတို့ အား ယခုပြောကြားလော့။ ငါသည်ထိုစကား ပုံကိုပပျောက်စေမည်။ ဣသရေလပြည် တွင်အဘယ်အခါ၌မျှထပ်မံ၍သုံးစွဲရ ကြမည်မဟုတ်။ အချိန်ကာလကျရောက်လာ ပြီဖြစ်၍ဗျာဒိတ်ရူပါရုံများသည် အကောင် အထည်ပေါ်လာမည်ဖြစ်ကြောင်းထိုသူတို့ အားဆင့်ဆိုလော့။''
အချင်းလူသား၊ဝမ်းနည်း၍အော်ဟစ်ငို ကြွေးလော့။ ဤဋ္ဌားသည်ငါ၏လူမျိုးတော်အတွက် ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်းတို့ အတွက်ဖြစ်၏။ သူတို့သည်ကျန်ရှိနေသူငါ၏လူမျိုးတော်ဝင် အပေါင်းနှင့်အတူအသတ်ခံရကြအံ့။ စိတ်ပျက်လက်လျော့လျက်သင်၏ရင်ကိုတီး ခတ်လော့။
ထာဝရဘုရားအရေးယူဆောင်ရွက်မည့်နေ့ သည် နီးကပ်လာလေပြီ။ မိုးတိမ်များဖုံးလွှမ်းမည့်နေ့၊လူမျိုးတကာတို့ ဒုက္ခရောက်မည့်နေ့နီးကပ်လာပြီ။
သူသည်ရန်သူချဉ်းကပ်လာသည်ကိုမြင် လျှင် လူအပေါင်းတို့အားတံပိုးခရာမှုတ် ၍အချက်ပေးရ၏။-
သို့ရာတွင်အကယ်၍ကင်းစောင့်သည်ရန်သူ လာသည်ကိုမြင်လျက်နှင့် အချက်ပေးတံပိုး ခရာကိုမမှုတ်ဘဲနေခဲ့သော် ရန်သူလွန်လာ ၍တစ်စုံတစ်ယောက်သတ်ဖြတ်ခံရလျှင်ထို သူသည်မိမိအပြစ်ကြောင့်သေရသော်လည်း ထိုသို့သေဆုံးသူ၏သွေးအတွက်ကင်းစောင့် မှာတာဝန်ရှိစေမည်။''
ဘေးဒုက္ခရောက်ရာကာလသည်ချဉ်းကပ်လာ လေပြီ။ အကြမ်းဖက်မှုသည်ရှင်သန်ကြီးထွား လျက်ရှိ၏။ မာန်မာနထောင်လွှားမှုအကြီး မားဆုံးအချိန်ပင်ဖြစ်၏။-
အချိန်ကျပြီ။ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်၍မဖြစ်သည့်နေ့ရက်ကာလနီးကပ် လာလေပြီ။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော်သည်လူတိုင်းအပေါ် သို့သက်ရောက်မည်ဖြစ်သောကြောင့်တည်း။-
ငါ၏အင်ပါယာနိုင်ငံတစ်လျှောက်လုံး ရှိလူအပေါင်းတို့၊ သင်တို့သည်ဒံယေလ ကိုးကွယ်သောဘုရားသခင်အားကြောက် ရွံ့ရိုသေကြရမည်ဖြစ်ကြောင်းငါ အမိန့်တော်ရှိသည်။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားဖြစ်တော်မူ၍၊ ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်အဘယ်အခါ ၌မျှ ပျက်စီးရလိမ့်မည်မဟုတ်။ ကိုယ်တော်၏တန်ခိုးတော်သည်လည်း အဘယ်အခါ၌မျှကုန်ဆုံးလိမ့်မည် မဟုတ်။
အို အရှင်ဘုရား၊ ကိုယ်တော်သည်အတိတ် ကာလက အကျွန်ုပ်တို့အားကာကွယ်စောင့် ရှောက်တော်မူခဲ့ပါ၏။ သို့ဖြစ်၍ယေရုရှလင် မြို့ကိုဆက်လက်၍ အမျက်ဒေါသထွက်တော် မမူပါနှင့်။ ထိုမြို့သည်ကိုယ်တော်၏မြို့တော်၊ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ဖြစ် ပါ၏။ အကျွန်ုတို့၏အပြစ်ဒုစရိုက်များ နှင့်ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှုများ ကြောင့် အိမ်နီးချင်းတိုင်းပြည်များရှိလူ အပေါင်းတို့သည် ယေရုရှလင်မြို့နှင့်ကိုယ် တော်၏လူမျိုးတော်အားအထင်အမြင် သေးကြပါ၏။-
ငါသည်ဆက်လက်၍ဆုတောင်းပတ္ထနာပြု ကာ မိမိ၏အပြစ်များကိုလည်းကောင်း၊ မိမိ ၏လူမျိုးဖြစ်သောဣသရေလအမျိုးသား တို့၏အပြစ်များကိုလည်းကောင်းဖော်ပြ ဝန်ခံလျက် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ် သောဗိမာန်တော်ကိုပြန်လည်တည်ဆောက် ပေးတော်မူရန် ငါ၏ဘုရားသခင်ထာဝရ ဘုရားအားအသနားခံလျက်နေ၏။-
``ဂိဗာမြို့တွင်တံပိုးခရာကိုမှုတ်လော့၊ ရာမ မြို့တွင်တပ်လှန့်သံကိုပေးလော့။ ဗေသဝင် မြို့တွင်စစ်ချီသံကြွေးကြော်လော့၊ ဗင်္ယာမိန် မျိုးနွယ်တို့တိုက်ပွဲဝင်ကြ။-
ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလသည်နီးကပ်လာလေပြီ။ ထိုကာလတွင်အနန္တတန်ခိုးရှင်သည် ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော်မူလိမ့်မည်။ ထိုနေ့ရက်သည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
ထာဝရဘုရားသည်မိမိတပ်မတော်ကို မိုးကြိုးသံနှင့် တူသည့်အသံဖြင့်အမိန့်ပေးတော်မူ၏။ ကိုယ်တော်၏အမိန့်တော်ကိုနာယူကြသူ စစ်သည်တပ်သားများသည်၊ အရေအတွက်အားဖြင့်များ၏။ တန်ခိုး ကြီးကြ၏။ ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ရက်ကာလသည် အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ ထိုနေ့ရက်ကာလကိုအဘယ်သူ လွန်မြောက်နိုင်ပါမည်နည်း။
ဇိအုန်တောင်ပေါ်တွင်တံပိုးခရာမှုတ်ကြလော့။ အစာရှောင်ကြရန်အမိန့်များကိုထုတ်ပြန်ကာ လူထုစည်းဝေးပွဲတစ်ရပ်ကိုခေါ်ယူကြလော့။
ထာဝရဘုရားတရားစီရင်တော်မူရာ ကြောက်မက်ဖွယ်ကောင်းသည့်နေ့ကြီး မကျမရောက်မီ၊ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် လည်း သွေးကဲ့သို့နီမြန်း၍လာလိမ့်မည်။
ထောင်ပေါင်းများစွာသောသူတို့သည် တရားစီရင်တော်မူရာချိုင့်ဝှမ်းတွင် ရှိနေကြ၏။ ထိုချိုင့်ဝှမ်းသို့ထာဝရဘုရား တရားစီရင်တော်မူရာနေ့ရက်ကာလ သည် များမကြာမီသက်ရောက်လာလိမ့်မည်။
ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ ထိုအခါငါသည်သင်တို့၏ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်ပေါ်တွင်ကျိန်းဝပ်တော်မူပေသည်။ ယေရုရှလင်မြို့သည်သန့်ရှင်းမြင့်မြတ်လိမ့်မည်။ လူမျိုးခြားတို့သည်ထိုမြို့ကိုနောက်တစ်ဖန် အဘယ်အခါ၌မျှနိုင်နင်းရကြလိမ့်မည် မဟုတ်။
မြို့တွင်း၌စစ်ခရာသံကိုကြားရလျှင် မြို့သားတို့သည် မထိတ်လန့်ဘဲနေလိမ့် မည်လော။ ထာဝရဘုရားစီရင်သောကြောင့်သာလျှင် မြို့ထဲသို့ဘေးဒုက္ခကျရောက်လာရသည် မဟုတ်လော။
ထာဝရဘုရား၏နေ့တော်ကိုစောင့်မျှော် နေသူများအတွက် အလွန်ကြောက်စရာ ကောင်းလှပါသည်တကား။ ထိုနေ့တော် သည်သင်တို့ကိုမည်သို့လျှင်အကျိုးပြု နိုင်မည်နည်း။ အလင်းမရှိဘဲအမှောင်ဖုံး သောနေ့သာလျှင်ဖြစ်လိမ့်မည်။-
ထာဝရဘုရားကငါ့အား``အာမုတ် အဘယ်အရာကိုမြင်သနည်း'' ဟု မေး တော်မူသဖြင့်၊ ငါကလည်း``အသီးမှည့်များထည့်ထားသော ခြင်းတောင်းတစ်ခုကိုမြင်ရပါသည်'' ဟု လျှောက်လေသည်။ ထာဝရဘုရားကငါ ၏လူမျိုးတော်ဣသရေလတို့သည်မှည့် ရော်၍ ကြွေပျက်တော့မည့်နောက်ဆုံးသော ကာလသို့ရောက်လာပြီ။ ငါသည်သူတို့ ၏ပြစ်မှုများကိုသည်းမခံတော့ဘဲ အပြစ်ပေးရတော့မည်။-
``ငါထာဝရဘုရားသည်လူမျိုးတကာ တို့အား၊ တရားစီရင်တော်မူမည့်နေ့ရက်အချိန် ကျရောက်လာလိမ့်မည်။ အို ဧဒုံပြည်သူတစ်ပါးတို့အား သင်ပြုကျင့်ခဲ့သည့်အတိုင်း၊ သူတစ်ပါးတို့သည်သင့်အားပြုကျင့်ကြ လိမ့်မည်။ သူတို့နှင့်သင်ဆက်ဆံခဲ့သည့်နည်းအတိုင်း သူတို့သည်သင်နှင့်ဆက်ဆံကြလိမ့်မည်။
ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ကြီးသည်နီးကပ်၍အလွန်နီးကပ်၍ လာလေပြီ။ ထိုနေ့ရက်ကာလသည်လျင် မြန်စွာသက်ရောက်လာတော့အံ့။ ထိုနေ့ရက် သည်ခါးသီးလွန်းသောကြောင့်ရဲစွမ်းသတ္တိ အရှိဆုံးစစ်သူရဲပင်လျှင်စိတ်ပျက်စွာ အော်ဟစ်လိမ့်မည်။
ခံတပ်မြို့များ၊ မြင့်မားသည့်ရဲတိုက်များ ကိုတိုက်ခိုက်နေသူ၊ စစ်သူရဲတို့၏တံပိုး ခရာသံများ၊ ညာသံများဖြင့်ဆူညံနေ သောနေ့ဖြစ်ပေသည်။
``ထာဝရဘုရားတရားစီရင်တော်မူရာ ကာလသည်ကျရောက်လာတော့မည်။ အရှင် ထာဝရဘုရားရှေ့တော်တွင်ငြိမ်ဝပ်စွာနေ ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ အားယဇ်ပူဇော်ရန်ပြင်ဆင်လျက်ဆက် ကပ်ပူဇော်ရန်ပြုလုပ်နေလေပြီ။
အို ငါ၏လူမျိုးတော်၊ ထိုအခါသင်တို့ သည်ငါ့ကိုပုန်ကန်ခဲ့သည့်အတွက်ရှက် ကြောက်နေရန်လိုတော့မည်မဟုတ်။ ငါ သည်မာနကြီးသူမောက်မာထောင်လွှား သူမှန်သမျှကိုပယ်ရှင်းမည်ဖြစ်၍ သင် တို့သည်နောက်တစ်ဖန်အဘယ်အခါ၌ မျှယေရုရှလင်မြို့ရှိ ငါ၏သန့်ရှင်းမြင့် မြတ်သည့်တောင်တော်ပေါ်တွင်ငါ့ကိုပုန် ကန်ကြတော့မည်မဟုတ်။-
ထာဝရဘုရားအရေးယူဆောင်ရွက်တော်မူ မည့်နေ့ရက်ကာလကျရောက်လာလိမ့်မည်။ ထို အခါယေရုရှလင်မြို့သည်တိုက်ခိုက်လုယက် ခြင်းကိုခံရလျက် လူတို့၏တိုက်ရာပါပစ္စည်း များကိုသင်တို့မျက်မှောက်၌ပင်ခွဲဝေယူ ကြလိမ့်မည်။-
ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့်မြို့ တော်ယေရုရှလင်သို့ပြန်လာမည်။ ထိုမြို့ တွင်ကျိန်းဝပ်တော်မူမည်။ ထိုမြို့သည်သစ္စာ ရှိသောမြို့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုး ရှင်ထာဝရဘုရား၏တောင်တော်သည်သန့် ရှင်းမြင့်မြတ်သည့်တောင်ဟူ၍လည်းကောင်း နာမည်တွင်လိမ့်မည်။-''
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
``သင်သည်လူများကိုစုရုံးခေါ်ယူရာ၌လည်း ကောင်း၊ စခန်းဖြုတ်ရာ၌လည်းကောင်း မှုတ်ရန် အချက်ပေးငွေတံပိုးခရာနှစ်လုံးကိုထု လုပ်လော့။-
တံပိုးခရာနှစ်လုံးစလုံးကိုအသံရှည်ဆွဲ ၍မှုတ်သည့်အခါ လူအပေါင်းတို့သည်တဲ တော်တံခါးဝရှိသင့်ထံသို့စုရုံးလာရ ကြမည်။-
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
သခင်ဘုရားကြွလာတော်မူရာနေ့ရက်သည် ညဥ့်အခါသူခိုးလာသကဲ့သို့မမျှော်မလင့် ဘဲရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။-
သင်တို့သည်လည်းသည်းခံ၍စောင့်မျှော်နေ ကြလော့။ သခင်ဘုရားကြွလာတော်မူမည့် နေ့ရက်ကာလသည်နီးကပ်လာပြီဖြစ်၍ သင်တို့၏မျှော်လင့်ချက်ကိုခိုင်မာစေကြလော့။
အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။-
ထိုအရှင်တို့၏အမျက်တော်သင့်မည့်နေ့ရက် ကာလကျရောက်လာလေပြီ။ ထိုအမျက်တော် ကိုအဘယ်သူသည်ရပ်ခံနိုင်ပါမည်နည်း'' ဟု ဆိုကြ၏။