Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 13:9 - Common Language Bible

9 သ​နား​ညှာ​တာ​မှု​ကင်း​မဲ့​သည့်​ဒေါ​သ​အ​မျက် တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည့်​နေ​ရက်​ကာ​လ​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ကမ္ဘာ မြေ​ကြီး​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​လျက် နေ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ​မှန်​သ​မျှ သည်​လည်း​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ ရကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထာ ဝ ရ ဘု ရား ၏ နေ့ ရက် တော် သည်၊ တစ် ပြည် လုံး ဆိတ် ညံ ရာ ဖြစ် စေ ရန် လည်း‌ ကောင်း၊ အ ပြစ် သား တို့ ကို သုတ် သင် ပယ် ရှင်း ရန် လည်း‌ ကောင်း၊ အ မျက် ဒေါ သ အ ရှိန် နှင့် တ ကွ ကြမ်း တမ်း စွာ သင့် ရောက် တော့ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​ပြည်​ကို ဖျက်​ဆီး၍၊ အ​ပြစ်​ကြီး​သော ပြည်​သူ​ပြည်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကြမ်း​ကြုတ်​သော နေ့​ရက်​သည် ပြင်း​ထန်​သော​ဒေါ​သ အ​မျက်​ထွက်​လျက်​လာ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် ပြင်းထန်​သော​အမျက်​ဒေါသ​ဖြင့် ရက်စက်ကြမ်းတမ်း​စွာ​လာ​နေ​ပြီ​။ ကမ္ဘာမြေကြီး​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ မြေပြင်​ပေါ်မှ​အပြစ်သား​တို့​ကို သုတ်သင်ပယ်ရှင်း​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 13:9
27 ပူးပေါင်းရင်းမြစ်များ  

အ​ပြစ်​ကူး​သူ​တို့​သည်​ကမ္ဘာ​မြေ​ပေါ်​မှ သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ​သော။ သူ​ယုတ်​မာ​တို့​သည်​ကွယ်​ပျောက်​ကြ​ပါ​စေ​သော။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။


အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။


အ​နန္တ​တန်​ခိုး​ရှင်​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကို သက်​ရောက်​စေ​တော်​မူ​မည့်​နေ့​ရက်​ကာ​လ တည်း​ဟူ​သော ထာ​ဝရ​ဘု​ရား​တ​ရား​စီ​ရင် တော်​မူ​ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ ရ​ဦး​မည်။ ဝေ​ဒ​နာ​ခံ​စား​လျက်​ငို​ကြွေး မြည်​တမ်း​ကြ​လော့။-


ထို​ကာ​လ​၌​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​တန်​ခိုး​ကြီး​သူ၊ မာန်​မာ​န​ကြီး​သူ​နှင့်​စိတ် ကြီး​ဝင်​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-


ဤ​အ​ချိန်​အ​ခါ​ကား​ဇိ​အုန်​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​ကယ်​ဆယ်​တော်​မူ​၍ ထို​မြို့​၏​ရန်​သူ တို့​အား​လက်​စား​ချေ​တော်​မူ​မည့်​အ​ခါ ပင်​ဖြစ်​သ​တည်း။


ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​တင် ရန်​အ​ချိန်​ကျ​ပြီ။ သူ​တို့​၏​ရန်​သူ​များ​အား အ​ပြစ်​ဒဏ်​ခတ်​ရန်​အ​ချိန်​ရောက်​ပြီ​ဟု​ဆုံး ဖြတ်​လိုက်​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ရုပ်​တု​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​နှင့်​ဥ​ယျာဉ်​နတ်​ကွန်း​များ​သို့ သွား​ရောက်​ရန်​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​သန့် စင်​မှု​ပြု​သူ​များ၊ ဝက်​သား​ကြွက်​သား​နှင့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​စား အ​စာ​များ​ကို​စား​သုံး​သူ​များ​ပျက်​သုဉ်း ရ​မည့်​အ​ချိန်​ကာ​လ​သည်​နီး​ကပ်​လာ​လေ ပြီ။-


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​ကိုယ်​တော် ပေး​တော်​မူ​သော​အ​ပြစ်​ဒဏ်​သည် တစ်​ပြည် လုံး​တွင်​မီး​သ​ဖွယ်​တောက်​လောင်​ကာ​လူ တို့​အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ကိုယ်​လွတ်​ရုန်း ကြ​လိမ့်​မည်။-


ထို​ပ​ရော​ဖက်​တို့​သည်​မြို့​ရိုး​များ​ပြို​ကျ လျက်​ရှိ​သည့်​နေ​ရာ​များ​ကို​မ​စောင့်​ကြပ်။ မြို့​ရိုး​တို့​ကို​လည်း​ပြန်​လည်​၍​မ​ပြု​ပြင်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ရက်​၌ စစ် ပွဲ​ဝင်​သော​အ​ခါ​ဣ​သ​ရေ​လ​နိုင်ငံ​ကို​ကာ ကွယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-


ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​မည့်​နေ့ သည် နီး​ကပ်​လာ​လေ​ပြီ။ မိုး​တိမ်​များ​ဖုံး​လွှမ်း​မည့်​နေ့၊လူ​မျိုး​တ​ကာ​တို့ ဒုက္ခ​ရောက်​မည့်​နေ့​နီး​ကပ်​လာ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​လေ​ပြီ။ ထို​ကာ​လ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​သည် ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ ထို​နေ့​ရက်​သည်​အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​လိမ့်​မည်​နည်း။


ဘု​ရား​သ​ခင်​၏​တောင်​တော်​မြတ်​တည်း​ဟူ​သော ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ နှိုး​ဆော်​သံ​ပေး​ကြ​လော့။ ယု​ဒ​ပြည်​သူ​တို့​တုန်​လှုပ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် ကာ​လ​သည်​မ​ကြာ​မီ​ကျ​ရောက်​လာ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​နေ့​ကြီး မ​ကျ​မ​ရောက်​မီ၊ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် လည်း သွေး​ကဲ့​သို့​နီ​မြန်း​၍​လာ​လိမ့်​မည်။


ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အား အံ​တု​ဖက်​ပြိုင်​သူ​တို့​ကို​သည်း​ခံ​တော်​မ​မူ။ ကိုယ်​တော်​သည်​အ​တိုက်​အ​ခံ​ပြု​သူ​များ​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ အ​မျက်​တော်​ထွက်​၍​သူ​တို့​အား လက်​စား​ချေ​တော်​မူ​၏။


ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​၏​ကြောက်​မက်​ဖွယ်​ရာ​အ​မျက်​တော် အ​ရှိန်​ကို​အ​ဘယ်​သူ​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​မီး​လျှံ​ထ​သော​အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ ရှေ့​တော်​၌​ကျောက်​တို့​သည်​ကြေ​မွ​ကာ အ​မှုန့်​ဖြစ်​၍​သွား​ကုန်​၏။


ကိုယ်​တော်​သည်​အ​ရှိန်​ပြင်း​စွာ​လွှမ်း​မိုး​သည့် မြစ်​ရေ​ကဲ့​သို့​ရန်​သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​၏။ မိ​မိ​ကို​အ​တိုက်​အ​ခံ​ပြု​သူ​တို့​အား သေ​ရွာ​သို့ ပို့​ဆောင်​တော်​မူ​၏။


ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊


ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​တော်​မူ မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို အ​ခါ​ယေ​ရု​ရှ​လင်​မြို့​သည်​တိုက်​ခိုက်​လု​ယက် ခြင်း​ကို​ခံ​ရ​လျက် လူ​တို့​၏​တိုက်​ရာ​ပါ​ပစ္စည်း များ​ကို​သင်​တို့​မျက်​မှောက်​၌​ပင်​ခွဲ​ဝေ​ယူ ကြ​လိမ့်​မည်။-


အ​နန္တ​တန်​ခိုး​နှင့်​ထာ​ဝရ​ဘု​ရား​က``မာန် မာ​န​ထောင်​လွှား​သူ​နှင့်​ယုတ်​မာ​သူ​အ​ပေါင်း တို့​သည် ကောက်​ရိုး​သ​ဖွယ်​မီး​ကျွမ်း​လောင် ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ထို​နေ့​ရက်​ကာ​လ​၌​သူ​တို့​သည်​မီး ကျွမ်း​လောင်​၍​သွား​ကာ အ​မြစ်​အ​ကိုင်း အ​စ​အ​န​မျှ​ပင်​ကျန်​ရှိ​ကြ​လိမ့်​မည် မ​ဟုတ်။-


ဤ​အ​ကြောင်း​ကြောင့်​ရော​ဂါ​ဘေး၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဘေး၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​များ​သည် သူ​၏​အ​ပေါ်​သို့​တစ်​ရက်​အ​တွင်း ကျ​ရောက်​လာ​လိမ့်​မည်။ သူ​သည်​မီး​ရှို့​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​အား တ​ရား​စီ​ရင်​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ကြောင့်​ဖြစ်​သ​တည်း'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ