၁ ရာချုပ် 15:28 - Common Language Bible28 ဤနည်းအားဖြင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် ကာ တံပိုးခရာ၊ လင်းကွင်းနှင့်စောင်းများကို တီးမှုတ်လျက်ယေရုရှလင်မြို့သို့ပဋိညာဉ် သေတ္တာတော်ကိုပင့်ဆောင်လာကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible28 ဣ သ ရေ လ လူ အ ပေါင်း တို့ သည် ထို သို့ ကြွေး ကြော် လျက် နှဲ ခ ရာ၊ တံ ပိုး၊ ခွက် ကွင်း၊ တ ယော၊ စောင်း များ ကို ခြိမ့် ခြိမ့် မွမ်း တီး မှုတ် လျက် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible28 ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ဤသို့ဖြင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်သံနှင့်အတူ တံပိုးခရာများ၊ လင်းကွင်းများ၊ စောင်းကောက်၊ စောင်းပြားများကို တီးမှုတ်လျက် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာကြ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
ယေရုရှလင်မြို့ရိုးကိုအနုမောဒနာပြုသောအခါလေဝိအနွယ်ဝင်တို့သည် အားရရွှင်လန်းစွာကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုသီဆိုလျက် လင်းကွင်းနှင့်စောင်းများကိုတီးလျက်ပါဝင်ဆင်နွှဲကြစေရန် သူတို့အားရောက်ရှိနေထိုင်လျက်ရှိသည့်အရပ်များမှခေါ်ယူခဲ့ကြ၏။