Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 1:20 - Common Language Bible

20 စား​ကျက်​များ​မီး​သင့်​လောင်​ထား​သ​ကဲ့​သို့ စမ်း​ချောင်း​များ​သည်​လည်း​ခန်း​ခြောက်​၍​သွား​လေ​ပြီ။ ထို့​ကြောင့်​တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ချောင်း ရေ ခန်း ခြောက်၍၊ တော တောင် စား ကျက် ကျွမ်း လောင် ပြီ ဖြစ် သော ကြောင့်၊ သား ရိုင်း တို့ ပင် ကိုယ် တော့် ထံ တ သ ကြ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 တော​သား​ရဲ​တို့​သည်​လည်း ကိုယ်​တော်​ကို ဟစ်​ကြော်​ကြ​ပါ၏။ မြစ်​ရေ ခန်း​ခြောက်​ပါ​ပြီ။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​ကို​လည်း မီး​လောင်​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 တောတိရစ္ဆာန်​များ​လည်း ကိုယ်တော်​ကို​တောင့်တ​ကြ​ပါ​၏​။ ချောင်း​ရေ​များ ခန်းခြောက်​ပြီ​။ မီး​သည် တောကန္တာရ​ရှိ​စားကျက်မြေ​တို့​ကို ဝါးမျို​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 1:20
9 ပူးပေါင်းရင်းမြစ်များ  

ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​မိုး​ခေါင်​သ​ဖြင့် ချောင်း​ရေ​သည်​ခန်း​ခြောက်​လေ​၏။


အာ​ဟပ်​သည်​သြ​ဗ​ဒိ​အား``မြင်း​နှင့်​လား​များ မ​သေ​စေ​ခြင်း​ငှာ မြက်​တော​တွေ့​ကောင်း​တွေ့​နိုင် ရန်​တစ်​ပြည်​လုံး​ရှိ​စမ်း​ရေ​တွင်း​နှင့်​ချောင်း​များ ရှိ​ရာ​အ​ရပ်​ရပ်​သို့ ငါ​တို့​သွား​၍​ကြည့်​ရှု​ကြ ကုန်​အံ့။'' ဟု​ဆို​၏။-


ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။


ခြင်္သေ့​ပျို​တို့​သည်​အ​စာ​ရှာ​နေ​စဉ်​ဟောက်​ကြ​ပါ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ချ​ပေး​တော်​မူ​သော အ​စာ​ကို​ရှာ​ကြ​၍


သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ချိန်​တန်​လျှင် ကျွေး​မွေး​တော်​မူ​၏။


ကိုယ်​တော်​သည်​တိ​ရစ္ဆာန်​များ​အား အ​စာ​ရေ​စာ​ကို​ပေး​တော်​မူ​၏။ ကျီး​သား​ငယ်​တို့​အော်​သော​အ​ခါ ကျွေး​မွေး​တော်​မူ​၏။


မိုး​ခေါင်​သ​ဖြင့်​မြေ​ကြီး​သည်​ခြောက်​ကပ် လျက်​နေ​၏။ လယ်​သ​မား​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​သော ကြောင့် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။


သင်​နှင့်​ငါ​တို့​၏​ခေတ်​မ​တိုင်​မီ​ရှေး​အ​ခါ​၌ ဟော​ကြား​ခဲ့​သော​ပ​ရော​ဖက်​များ​က​လူ​မျိုး တ​ကာ​တို့​သည်​လည်း​ကောင်း၊ တန်​ခိုး​ကြီး သော​နိုင်​ငံ​များ​သည်​လည်း​ကောင်း၊ စစ်​မက် အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​သင့်​ကြ​ရ​လိမ့်​မည်​ဟု ဖော်​ပြ​ခဲ့​ကြ​၏။-


ကျွဲ​နွား​တို့​သည်​စား​ကျက်​များ​မ​ရှိ​သ​ဖြင့်​ဒုက္ခ​ရောက်​ကာ​မြည်​တွန်​နေ​ကြ​၏။ သိုး​အုပ်​များ​သည်​လည်း​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ