ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ယောရှု 6:23 - Common Language Bible ထိုကြောင့်သူတို့သည်ရာခပ်နှင့်တကွသူ၏ မိဘများ၊ မောင်နှမများနှင့်အိမ်သူအိမ်သား များကိုခေါ်ဆောင်ခဲ့၏။ ကျေးကျွန်များပါ မကျန်သူတို့အားလုံးတို့ကိုဣသရေလ အမျိုးသားတို့၏စခန်းအနီးလုံခြုံသော အရပ်တွင်နေရာချထားကြလေသည်။- Garrad Bible သူ လျှို လု လင် တို့ ဝင် ပြီး လျှင်၊ ရာ ခပ် မှ စ၍၊ မိ ဘ၊ မောင် ဘွား၊ ဆွေ မျိုး သား ချင်း နှင့် ရှိ ရှိ သ မျှ ကို ထွက် စေ လျက်၊ ဣ သ ရေ လ တပ် စား ခန်း အ ပ တွင် ထား ကြ ပြီး မှ Judson Bible သူလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ်နှင့် သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကိုလည်းကောင်း၊ သူ့ပေါက်ဖော်အပေါင်းတို့ကိုလည်းကောင်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ်ပြင်မှာ ထားပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထိုပြည်ကို စူးစမ်းခဲ့သောလုလင်တို့သည် ရာခပ်အိမ်သို့ဝင်၍ ရာခပ်အပါအဝင် သူ၏မိဘ၊ ညီအစ်ကိုမောင်နှမများနှင့် သူ့အိမ်၌ရှိသောသူအပေါင်းတို့ကို ခေါ်ထုတ်လာ၏။ ရာခပ်၏ဆွေမျိုးသားချင်းအားလုံးကို ခေါ်ထုတ်လာ၍ အစ္စရေးတပ်စခန်းအပြင်ဘက်၌ထားလေ၏။ |
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
အကယ်၍မြို့ထဲ၌အပြစ်မဲ့သူဦးရေငါး ဆယ်ရှိလျှင် တစ်မြို့လုံးကိုဖျက်ဆီးပစ်မည် လော။ ထိုသူငါးဆယ်ကိုထောက်ထား၍ မြို့ကို ချမ်းသာမပေးဘဲနေမည်လော။-
သို့ရာတွင်ထာဝရဘုရားသည်လောတနေထိုင်ရာ ချိုင့်ဝှမ်းရှိမြို့များကိုဖျက်ဆီးသောအခါ၌ အာဗြဟံကိုသတိရတော်မူ၏။ လောတကိုလည်းပျက်စီးခြင်းဘေးမှလွတ်မြောက်စေတော်မူ၏။
သင်တို့တွင်လူအသက်ကိုသတ်ခဲ့သူနှင့် လူသေကောင်ကို ကိုင်တွယ်မိခဲ့သူအပေါင်း တို့သည်စခန်းအပြင်ဘက်တွင်ခုနစ်ရက် နေထိုင်ရကြမည်။ တတိယနေ့နှင့်သတ္တမ နေ့ရက်များ၌ သင်တို့နှင့်သင်တို့ဖမ်းဆီး ခဲ့သောအမျိုးသမီးများအတွက် သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-
`ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
အသင်းတော်ဝင်မဟုတ်သူတို့ကိုစစ်ကြော စီရင်ရန်မှာ ငါ၏အလုပ်မဟုတ်။ ထိုသူတို့ ကိုဘုရားသခင်စစ်ကြောစီရင်တော်မူ လိမ့်မည်။ သို့ရာတွင်သင်တို့သည်မိမိတို့ ၏အသင်းတော်ဝင်တို့ကိုစစ်ကြောစီရင် သင့်ကြသည်မဟုတ်ပါလော။ ကျမ်းစာ တော်ကဖော်ပြသည်အတိုင်း ``သင်တို့ အထဲမှဆိုးညစ်သောသူကိုပယ်ရှား ကြလော့။''
ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-
ပြည့်တန်ဆာရာခပ်သည်ဣသရေလသူလျှိုတို့ အားဖော်ရွေစွာလက်ခံခဲ့သည့်အတွက် ဘုရား သခင်၏စကားကိုနားမထောင်သူတို့နှင့် အတူအသတ်မခံရပေ။
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
ကျွန်မ၏မိဘ၊ မောင်နှမနှင့်သူတို့၏မိသားစုတို့ကိုမသတ်ဘဲ အသက်ချမ်းသာပေးမည် ဟုကတိပေးကြပါလော့'' ဟုဆို၏။
သင်တို့ကိုလိုက်ရှာသောသူများပြန်လာမှ သင်တို့ခရီးဆက်သွားကြပါ'' ဟုမှာလိုက်လေသည်။
သင်တို့၏ပြည်ထဲသို့ငါတို့ချီတက်လာသော အခါ ငါတို့ကိုလျှောချသောပြူတင်းပေါက် တွင် ဤကြိုးနီကိုချည်ထားလော့။ သင်၏မိဘ၊ မောင်နှမများနှင့်ဖခင်ဘက်မှမိသားစု အားလုံးကိုသင်၏အိမ်တွင်စုရုံးနေစေ လော့။-
ထိုသူကလည်းသူတို့အားလမ်းပြသဖြင့် ဧဖရိမ်အမျိုးသားနှင့်မနာရှေအမျိုး သားတို့သည် ထိုသူနှင့်သူ၏အိမ်ထောင်စု သားများမှအပအခြားမြို့သူမြို့သား ရှိသမျှကိုသတ်ဖြတ်ကြလေသည်။-