Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 5:12 - Common Language Bible

12-13 အ​သင်း​တော်​ဝင်​မ​ဟုတ်​သူ​တို့​ကို​စစ်​ကြော စီ​ရင်​ရန်​မှာ ငါ​၏​အ​လုပ်​မ​ဟုတ်။ ထို​သူ​တို့ ကို​ဘု​ရား​သ​ခင်​စစ်​ကြော​စီ​ရင်​တော်​မူ လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ၏​အ​သင်း​တော်​ဝင်​တို့​ကို​စစ်​ကြော​စီ​ရင် သင့်​ကြ​သည်​မ​ဟုတ်​ပါ​လော။ ကျမ်း​စာ တော်​က​ဖော်​ပြ​သည်​အ​တိုင်း ``သင်​တို့ အ​ထဲ​မှ​ဆိုး​ညစ်​သော​သူ​ကို​ပယ်​ရှား ကြ​လော့။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သာ သ နာ ပ တို့ ကို စီ ရင် ဆုံး ဖြတ် ခြင်း သည် ငါ နှင့် မည် သို့ ဆိုင် သ နည်း။ သာ သ နာ ဝင် တို့ ကို သင် တို့ စီ ရင် ဆုံး ဖြတ် ရ သည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ပြင်​လူ​တို့​ကို စီ​ရင်​ခြင်း​အ​မှု​နှင့် ငါ​သည် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​တွင်း​လူ​တို့​ကို သင်​တို့​စီ​ရင်​ရ​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကြောင်းမူကား အပြင်​လူ​တို့​ကို​စီရင်​ခြင်း​သည် ငါ​နှင့်​မည်သို့​ဆိုင်​သနည်း။ အတွင်း​လူ​တို့​ကို သင်​တို့​စီရင်​ရ​မည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12-13 အသင်းတော်​ပြင်ပ​မှ လူတို့​ကို စီရင်ခြင်း​သည် ကျွန်ုပ်​တာဝန်​မဟုတ်ပါ။ ထို​ပြင်ပ​လူတို့​ကို ဘုရားသခင် စီရင်တော်မူ​လိမ့်မည်။ အသင်းတော်​အတွင်း​မှ လူတို့​ကို စီရင်ခြင်း​သည် သင်တို့​၏ တာဝန်​ဖြစ်၏။ “ထို​ဆိုးညစ်သော​သူ​ကို သင်တို့​အထဲမှ ထုတ်ပယ်ကြလော့။”

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 5:12
8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော ခက်​ခဲ​နက်​နဲ​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သိ​နိုင်​ခွင့်​ရ​ရှိ​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခွင့်​မ​ရ​သော​သူ​တို့​ကား ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​သာ​ကြား​သိ​ရ​ပေ​သည်။-


ကိုယ်​တော်​က ``အ​ချင်း​လူ၊ အ​ဘယ်​သူ​သည်​ငါ့​ကို သင်​တို့​၏​တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မွေ​ခွဲ​ဝေ​သူ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား သ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-


သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​ကောင်း​မှန်​သ​မျှ​ကို အ​သုံး​ပြု​ကာ အ​ခြား​ဘာ​သာ​ဝင်​တို့​အား ပ​ညာ​သ​တိ​နှင့်​ဆက်​ဆံ​ကြ​လော့။-


ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​အ​သင်း​တော်​ဝင် မ​ဟုတ် သူ​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​မှီ​ခို​ရန်​လည်း လို​လိမ့်​မည်​မ​ဟုတ်။


ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​မ​ခံ​ရ​စေ​ရန်​နှင့်​မာရ်​နတ် ၏​ကျော့​ကွင်း​ထဲ​သို့​မ​ကျ​ရောက်​စေ​ရန်​သူ သည်​အ​သင်း​တော်​အ​ပ​ရှိ​လူ​တို့​၏​ရို​သေ လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ