Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 6:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထိုအခါ ထို​ပြည်​ကို စူးစမ်း​ခဲ့​သော​လုလင်​တို့​သည် ရာခပ်​အိမ်​သို့​ဝင်​၍ ရာခပ်​အပါအဝင် သူ​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​များ​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ခေါ်ထုတ်​လာ​၏​။ ရာခပ်​၏​ဆွေမျိုးသားချင်း​အားလုံး​ကို ခေါ်ထုတ်​လာ​၍ အစ္စရေး​တပ်စခန်း​အပြင်ဘက်​၌​ထား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ထို​ကြောင့်​သူ​တို့​သည်​ရာခပ်​နှင့်​တ​ကွ​သူ​၏ မိ​ဘ​များ၊ မောင်​နှ​မ​များ​နှင့်​အိမ်​သူ​အိမ်​သား များ​ကို​ခေါ်​ဆောင်​ခဲ့​၏။ ကျေး​ကျွန်​များ​ပါ မ​ကျန်​သူ​တို့​အား​လုံး​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စ​ခန်း​အ​နီး​လုံ​ခြုံ​သော အ​ရပ်​တွင်​နေ​ရာ​ချ​ထား​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 သူ လျှို လု လင် တို့ ဝင် ပြီး လျှင်၊ ရာ ခပ် မှ စ၍၊ မိ ဘ၊ မောင် ဘွား၊ ဆွေ မျိုး သား ချင်း နှင့် ရှိ ရှိ သ မျှ ကို ထွက် စေ လျက်၊ ဣ သ ရေ လ တပ် စား ခန်း အ ပ တွင် ထား ကြ ပြီး မှ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သူ​လျှို​လုပ်​သော​လု​လင်​တို့​သည် ဝင်၍၊ ရာ​ခပ်​နှင့် သူ့​မိ​ဘ၊ သူ့​မောင်​များ၊ သူ၌​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ့​ပေါက်​ဖော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ထုတ်​ဆောင်​ခဲ့၍၊ ဣ​သ​ရေ​လ​တပ်​ပြင်​မှာ ထား​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 6:23
15 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။ သင့်​ကို ငါ​ကောင်းချီးပေး​၍ သင်​၏​အမည်နာမ​ကို ကြီးမြတ်​စေ​သဖြင့် သင်​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​လိမ့်မည်​။


ထို​မြို့​ထဲ​တွင် ဖြောင့်မတ်​သော​သူ အယောက်​ငါးဆယ်​ရှိ​လျှင် ကိုယ်တော်​သည် မြို့​ထဲ​ရှိ​ဖြောင့်မတ်​သော​သူ​အယောက်​ငါးဆယ်​အတွက် ထို​အရပ်​ကို ချမ်းသာ​မ​ပေး​ဘဲ အမှန်ပင်​ဖျက်ဆီးသုတ်သင်​တော်မူ​မည်လော​။


ထိုသို့ မြစ်ဝှမ်း​ရှိ​မြို့​များ​ကို ဘုရားသခင်​ဖျက်ဆီး​သောအခါ ဘုရားသခင်​သည် အာဗြဟံ​ကို​အောက်မေ့​တော်မူ​၏​။ သို့ဖြစ်၍ လောတ​နေ​သော​မြို့​များ​ကို ဖြိုလှဲ​သောအခါ လောတ​ကို​ထို​ဖြိုလှဲ​ခြင်း​ထဲ​မှ လွှတ်ပေး​တော်မူ​၏​။


သင်​တို့​မူကား ခုနစ်​ရက်​ပတ်လုံး တပ်စခန်း​အပြင်ဘက်​၌ နေ​ရ​မည်​။ လူ​ကို​သတ်​ခဲ့​သော​သူ​၊ လူအသေကောင်​ကို​ထိ​သော​သူ မည်သူမဆို တတိယ​နေ့​၊ သတ္တမ​နေ့​၌ သုံ့ပန်း​များ​နှင့်အတူ မိမိကိုယ်မိမိ သန့်စင်​စေ​ရ​မည်​။


ထိုအခါ ပေတရု​က “ဂျူး​လူမျိုး​တို့​အတွက် လူမျိုးခြား​ထံ အလည်အပတ်​သွား​ခြင်း​၊ သို့မဟုတ် သူ​တို့​နှင့်​ပေါင်းဖော်​ခြင်း​သည် တရား​တော်​နှင့်​မ​ညီ​ကြောင်း သင်​တို့​သိ​ကြ​၏။ သို့သော် မည်သူ့​ကို​မျှ ညစ်ညူး​သော​သူ​၊ သို့မဟုတ် မစင်ကြယ်​သော​သူ​ဟူ၍ မ​ခေါ်​ရ​မည့်​အကြောင်း ဘုရားသခင်​သည် ငါ့​အား ပြသ​တော်မူ​ပြီ။


‘ပေါလု၊ မ​စိုးရိမ်​နှင့်။ သင်​သည် ဆီဇာ​ဧကရာဇ်​ရှေ့သို့​ရောက်​ရ​မည်။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရွက်လွှင့်​နေ​သူ​အပေါင်း​တို့​ကို​လည်း သင့်​အား ပေးအပ်​တော်မူ​ပြီ’​ဟု မြွက်ဆို​ခဲ့​ပါ​သည်။


အကြောင်းမူကား အပြင်​လူ​တို့​ကို​စီရင်​ခြင်း​သည် ငါ​နှင့်​မည်သို့​ဆိုင်​သနည်း။ အတွင်း​လူ​တို့​ကို သင်​တို့​စီရင်​ရ​မည်​မ​ဟုတ်​လော။


ထို​အချိန်​က သင်​တို့​သည် ခရစ်တော်​နှင့်​ကင်းကွာ​၍ အစ္စရေး​အမျိုးသား​စာရင်း​မ​ဝင်၊ ကတိ​တော်​နှင့်ဆိုင်သော​ပဋိညာဉ်​များ​နှင့်​မသက်ဆိုင်၊ ဤ​လောက​၌​မျှော်လင့်​ခြင်း​မ​ရှိ၊ ဘုရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။


ပြည့်တန်ဆာ​ရာခပ်​သည် ယုံကြည်​ခြင်း​အားဖြင့် သူလျှို​တို့​ကို ငြိမ်းချမ်း​စွာ​လက်ခံ​သောကြောင့် မ​ယုံကြည်​သော​သူ​တို့​နှင့်အတူ​မ​ပျက်စီး​ခဲ့​ရ​ပေ။


နောဧ​သည် မ​မြင်​ရ​သေး​သော​အရာ​များ​နှင့်​ပတ်သက်၍ ဗျာဒိတ်​တော်​ရ​သောအခါ ကြောက်ရွံ့​ရိုသေ​သော​စိတ်​ရှိ​၍ မိမိ​အိမ်သူအိမ်သား​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် ယုံကြည်​ခြင်း​အားဖြင့် သင်္ဘော​ကို​တည်ဆောက်​လေ​၏။ ထို​ယုံကြည်​ခြင်း​အားဖြင့် သူ​သည် လောက​၏​အပြစ်​ကို​ထင်ရှား​စေ​၍ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ကို အမွေ​ဆက်ခံ​သူ​ဖြစ်လာ​၏။


ကျွန်မ​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​တို့​မှစ၍ သူ​တို့​နှင့်ဆိုင်သော​သူ​အပေါင်း​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ပါ​။ ကျွန်မ​တို့​၏​အသက်​ကို သေဘေး​ထဲမှ ကယ်နုတ်​ပါ​”​ဟု ဆို​လေ​၏​။


သူ​တို့​အား “​သင်​တို့​ကို လိုက်ရှာ​သော​သူ​တို့ သင်​တို့​ကို မ​တွေ့​အောင် တောင်​ပေါ်သို့​တက်​၍ သုံး​ရက်​ပုန်း​နေ​ပါ​။ လိုက်ရှာ​သော​သူ​တို့​ပြန်လာ​ပြီးမှ သင်​တို့​ခရီးဆက်​ကြ​ပါ​”​ဟု ဆို​လေ​၏​။


ဤ​ပြည်​သို့ ငါ​တို့​ရောက်လာ​သောအခါ ဤ​ကြိုးနီ​ကို ငါ​တို့​လျှောဆင်း​လာ​ခဲ့​သော​ပြတင်းပေါက်​၌ ချည်​ထား​ရ​မည်​။ သင်​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​တို့​နှင့် ဆွေမျိုးသားချင်း​အားလုံး​ကို သင့်​အိမ်​၌ ခေါ်ထား​ရ​မည်​။


သူ​သည် မြို့ဝင်လမ်း​ကို ပြ​ပေး​၏​။ သူ​တို့​သည်​လည်း မြို့​ကို ဓား​နှင့်​တိုက်ခိုက်​ကြ​ပြီး လမ်းပြပေးသူ​၏​မိသားစု​များ​ကို​မူ လွတ်မြောက်​ခွင့်​ပေး​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ