ရုပ်တုကိုရှိမခိုးဝတ်မပြုရဟူသော ထာဝရ ဘုရား၏ပညတ်တော်ကိုမလိုက်နာကြ။
ယောရှု 23:7 - Common Language Bible သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။- Garrad Bible ကျန် လူ မျိုး ခြား တို့ နှင့် မ ပေါင်း မ သင်း၊ ချင်း တို့ ဘု ရား များ ကို ဝတ် မ ပြု၊ ရှိ မ ခိုး။ Judson Bible သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဖော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြုဦးမညွှတ်ဘဲ၊ မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် ကျန်နေသေးသောလူမျိုးတို့နှင့်ပေါင်းဖော်ခြင်းမပြုနှင့်၊ သူတို့ဘုရားများ၏နာမကိုမတနှင့်၊ မတိုင်တည်နှင့်။ ထိုဘုရားတို့ကိုဝတ်မပြုနှင့်၊ ရှိခိုးကိုးကွယ်ခြင်းမပြုနှင့်။ |
ရုပ်တုကိုရှိမခိုးဝတ်မပြုရဟူသော ထာဝရ ဘုရား၏ပညတ်တော်ကိုမလိုက်နာကြ။
ထိုကြောင့်အကျွန်ုပ်သည်မိမိ၏ဘုရင်နှင့်အတူ ရှုရိဘုရားရိမ္မုန်ဗိမာန်သို့လိုက်ပါသွားရောက်၍ ကိုးကွယ်ဝတ်ပြုခဲ့သည့်အပြစ်အတွက်ထာဝရ ဘုရားသည် အကျွန်ုပ်အားအပြစ်လွှတ်တော်မူလိမ့် မည်ဟုမျှော်လင့်ပါ၏။ ထာဝရဘုရားသည်အကျွန်ုပ် အားအမှန်ပင်အပြစ်လွှတ်တော်မူပါလိမ့်မည်'' ဟုဆို၏။
သို့ရာတွင်အကယ်၍သင်နှင့်သင်၏ပြည်သူ တို့သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်တို့ကိုချိုးဖောက်၍အခြားဘုရား များကိုကိုးကွယ်ကြလျှင်မူကား၊-
အခြားဘုရားများအားဆည်းကပ်ကိုးကွယ် ကြသော သူတို့သည်များစွာဆင်းရဲဒုက္ခရောက်ကြရ လိမ့်မည်။ ငါသည်သူတို့၏ယဇ်ပူဇော်မှုများတွင် ပါဝင်လိမ့်မည်မဟုတ်။ သူတို့၏ဘုရားများကိုလည်းကိုးကွယ် ဆည်းကပ် လိမ့်မည်မဟုတ်။
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
``သင်တို့အားငါမှာကြားသမျှကိုနားထောင် လော့။ အခြားသောဘုရားတို့ထံဆုမပန်နှင့်။ ထိုဘုရားတို့၏နာမကိုမျှမမြွက်ဆို ကြနှင့်။
သင်တို့၏ပြည်တွင်သူတို့ကိုနေထိုင်ခွင့်မပေး နှင့်။ သူတို့အားနေထိုင်ခွင့်ပေးလျှင် သူတို့သည် သင်တို့ကိုငါ့အားပြစ်မှားစေလိမ့်မည်။ သင် တို့သည်သူတို့၏ဘုရားများကိုကိုးကွယ် ပါက အမှန်ပင်ပျက်စီးဆုံးရှုံးစေမည့် ထောင်ချောက်ထဲသို့ကျရောက်ကြလိမ့်မည်။''
အကယ်၍သူတို့သည်ငါ့လူမျိုးတော်၏ ဘာသာတရားကိုလက်ခံကာ အခါတစ်ပါး ကဗာလဘုရားအားတိုင်တည်ကျိန်ဆိုမှု ကိုသူတို့သည် ငါ၏လူမျိုးတော်အားသင် ကြားပေးခဲ့သည့်နည်းတူယခုအခါ`ထာဝရ ဘုရားအသက်ရှင်တော်မူသည့်အတိုင်း' ဟု ငါ၏နာမတော်အားဖြင့်ကျိန်ဆိုကြပါမူ သူတို့သည်ငါ၏လူမျိုးတော်တွင်အပါ အဝင်ဖြစ်လျက်ကောင်းစားကြလိမ့်မည်။-
``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
သူသည်ဗာလဟူသောအမည်ကိုသူ၏နှုတ် မှဖယ်ရှားမည်၊ နောက်တစ်ဖန်မခေါ်စေရ။-
အိမ်ခေါင်မိုးထက်သို့တက်၍ နေ၊ လ၊ ကြယ် တာရာများကိုရှိခိုးဝတ်ပြုသူမှန်သမျှ ကိုငါသုတ်သင်ပယ်ရှင်းမည်။ ငါ့အားဝတ် ပြုကိုးကွယ်ကာသစ္စာစောင့်ပါမည်ဟုကျိန် ဆိုကတိပြုပြီးလျှင် မောလုတ်၏အမည် နာမကိုတိုင်တည်ကျိန်ဆိုသူတို့ကိုလည်း သုတ်သင်ပယ်ရှင်းမည်။
နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။
သင်တို့သည်ထိုပြည်သားတို့ကိုမနှင်ထုတ် လျှင် ကျန်ရှိနေသောသူတို့သည်ဆူးငြောင့် သဖွယ်ဖြစ်၍သင်တို့ကိုရန်မူကြလိမ့်မည်။-
သင်တို့အယူအဆမမှားကြနှင့်။ ``အပေါင်း အသင်းမကောင်းလျှင်လူကောင်းပျက်စီးတတ် ၏။-''
မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်ကိုသာဝတ်ပြု ကိုးကွယ်ရမည်။ ထာဝရဘုရားကိုသစ္စာ စောင့်၍ နာမတော်ကိုသာတိုင်တည်လျက် သစ္စာဆိုရမည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်ကိုသာကိုး ကွယ်လော့။ ကိုယ်တော်၏နာမတော်ကိုသာ တိုင်တည်လျက်ကတိသစ္စာပြုလော့။-
အခြားဘုရားများကိုမဆည်းကပ်နှင့်။ သင် တို့ပတ်ဝန်းကျင်တွင်နေထိုင်သောလူမျိုး တို့၏ဘုရားများကိုမကိုးကွယ်နှင့်။-
သင်တို့သည်သစ္စာဖောက်၍သင်တို့တွင်ကျန် ရှိနေသေးသော အခြားလူမျိုးများနှင့် ပေါင်းဖက်အိမ်ထောင်ဖက်ပြုကြလျှင်၊-
သင်တို့သည်ယနေ့အထိထာဝရဘုရား ၏သစ္စာတော်ကိုစောင့်ထိန်းသကဲ့သို့ဆက် လက်စောင့်ထိန်းကြလော့။-