ယေရမိ 5:7 - Common Language Bible7 ``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ထာ ဝ ရ ဘု ရား က၊ ငါ သည် မည် သို့ ချမ်း သာ ပေး နိုင် သ နည်း။ သင့် သား သ မီး တို့ သည် ငါ့ ကို စွန့် ပယ် လျက်၊ အ တု ဘု ရား များ ကို တိုင် တည်၍ သ စ္စာ ဆို ခဲ့ ကြ လေ ပြီ။ တင်း တိမ် အောင် ငါ တိုက် ကျွေး ပြီး မှ၊ ထို သူ တို့ သည် မှား ယွင်း လျက် ပြည့် တန် ဆာ အိမ်၌ မြောက် မြား စွာ စည်း ဝေး ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible7 ထိုသို့သောအပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ်နိုင်သနည်း။ သင်၏သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆိုကြပြီ။ ငါသည် ဝစွာကျွေးသောအခါ သူတို့သည် ပြည်တန်ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 “သင့်ကို ငါမည်သို့ ခွင့်လွှတ်နိုင်မည်နည်း။ သင်၏သားသမီးတို့သည် ငါ့ကိုစွန့်ပစ်၍ ဘုရားမဟုတ်သောဘုရားတို့ကို တိုင်တည်ကျိန်ဆိုကြပြီ။ ငါသည် သူတို့ကို ပြည့်စုံကြွယ်ဝစေသော်လည်း သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ ပြည့်တန်ဆာအိမ်၌ စုဝေးကြပြီ။ အခန်းကိုကြည့်ပါ။ |
မိမိတို့၏ဘုရားများသည်မစစ်မမှန်သော ဘုရားများပင်ဖြစ်၍နေစေကာမူ အဘယ်လူမျိုးသည်ဘုရားများကိုပြောင်းလဲ ၍ ကိုးကွယ်ပါသနည်း။ သို့ရာတွင်ငါ၏လူမျိုးတော်မူကား မိမိတို့၏ဂုဏ်အသရေကိုဆောင်သည့် ဘုရားသခင်တည်းဟူသော၊ ငါ့အားသူတို့ကိုမကူညီနိုင်သည့်ဘုရား များနှင့် လဲလှယ်လိုက်ကြလေပြီ။
သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-
သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။
ငါတို့ပြည်သည်ထာဝရဘုရားအား သစ္စာမဲ့သူများနှင့်ပြည့်နှက်လျက်ရှိ၏။ သူတို့သည်မသမာသောအမှုများကို ပြုကျင့်လျက် မိမိတို့တန်ခိုးအာဏာကိုအလွဲသုံးစား ပြုကြ၏။ ငါတို့ပြည်သည်ထာဝရဘုရား၏ ကျိန်စာသင့်သဖြင့်ငိုကြွေးမြည်တမ်း လျက်၊တိရစ္ဆာန် စားကျက်သည်လည်းခြောက်သွေ့လျက်နေ၏။
အကယ်၍သူတို့သည်ငါ့လူမျိုးတော်၏ ဘာသာတရားကိုလက်ခံကာ အခါတစ်ပါး ကဗာလဘုရားအားတိုင်တည်ကျိန်ဆိုမှု ကိုသူတို့သည် ငါ၏လူမျိုးတော်အားသင် ကြားပေးခဲ့သည့်နည်းတူယခုအခါ`ထာဝရ ဘုရားအသက်ရှင်တော်မူသည့်အတိုင်း' ဟု ငါ၏နာမတော်အားဖြင့်ကျိန်ဆိုကြပါမူ သူတို့သည်ငါ၏လူမျိုးတော်တွင်အပါ အဝင်ဖြစ်လျက်ကောင်းစားကြလိမ့်မည်။-
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
ရှမာရိဘုရားရုပ်တုများကိုတိုင်တည်ကာ ကျိန်ဆိုလေ့ရှိသူများ`ဒန်ဘုရား' ကိုသော် လည်းကောင်း `ဗေရရှေဘမြို့လမ်းရှိဘုရား' ကို လည်းကောင်း၊ ထိုဘုရားတို့အသက်ရှင်တော် မူသည့်အတိုင်းဟုတိုင်တည်ကာ ကျိန်ဆို တတ်သူအပေါင်းတို့သည်ပြန်မထနိုင် အောင်ပင်ပြိုလဲတော့မည်'' ဟုမိန့်တော် မူ၏။
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
ထာဝရဘုရားသည်မိမိစက်ဆုတ်သည့် အမှုများကို သင်တို့ပြုကျင့်ကြသည်ကို မြင်တော်မူပြီ။ သင်တို့သည်အိမ်နီးချင်း၏ ဇနီးကိုတပ်မက်သူကဲ့သို့၊ မြင်းမကိုတပ် မက်၍ဟီသည့်မြင်းလားကဲ့သို့၊ တောင်ကုန်း များ၊ လယ်ကွင်းများတွင်အရှက်ကင်းမဲ့စွာ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကြ၏။ ယေရု ရှလင်မြို့သားတို့၊ သင်တို့သည်အမင်္ဂလာ ရှိပါသည်တကား။ အဘယ်အခါမှသင် တို့သည်သန့်စင်၍လာကြမည်နည်း။
ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
သင်တို့သည်အာရုန်၏အဆက်အနွယ်ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို နှင်ထုတ်ကာ သူတို့၏နေရာတွင်လူမျိုးခြား တို့၏ဋ္ဌလေ့ကိုလိုက်၍အခြားသူတို့အား ယဇ်ပုရောဟိတ်ခန့်ထားကြ၏။ မည်သူမဆို နွားတစ်ကောင်သို့မဟုတ်သိုးခုနစ်ကောင်ကို ယူဆောင်လာလျှင်သင်တို့ကိုးကွယ်သော နာမည်ခံဘုရားများ၏ယဇ်ပုရောဟိတ် အရာကိုရရှိနိုင်ပါသည်တကား။