Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 7:19 - Common Language Bible

19 သို့​ရာ​တွင်​အ​ကယ်​၍​သင်​နှင့်​သင်​၏​ပြည်​သူ တို့​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​တို့​ကို​ချိုး​ဖောက်​၍​အ​ခြား​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လျှင်​မူ​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သင် တို့ သည် ငါ စီ ရင် ခဲ့ သော ထုံး ဖွဲ့ မိန့် မှာ ချက် များ ကို စွန့် ပယ် ၍ နောက် တော် မှ တွန့် ဆုတ် လျက် အ ခြား ဘုရား များ နောက် လိုက် သွား ဝတ် ပြု ရှိ ခိုး ကြ လျှင် မူ ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သို့​မ​ဟုတ် သင်​တို့​သည် လမ်း​လွဲ၍ ငါ​မှာ​ထား​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စွန့်​ပယ်​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​ထံ​သို့​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သို့သော် သင်​တို့​သည် ငါ့​ထံမှ​ကျောခိုင်း​သွား​၍ သင်​တို့​အား ငါ​မိန့်မှာ​ထား​သော ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို စွန့်ပစ်​ပြီး အခြား​ဘုရား​များ​ကို သွား​၍​ဝတ်ပြု​ကိုးကွယ်​မည်​ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 7:19
15 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏ အမိန့်​တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ ပေး​အပ်​သည့်​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ကြ​လျှင် ငါ​သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တော်​မှ​နှင် ထုတ်​တော်​မူ​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​ခဲ့​၏။-


ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-


ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက် လာ​သည်​မှာ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ​ကို​စွန့်​ပယ် ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်။ ငါ​ပြော​ဆို​သည့် အ​တိုင်း​လည်း​မ​ပြု​မ​လုပ်​ကြ။-


တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ ၏​ပ​ညတ်​များ​ကို​မ​စောင့်​ထိန်း​လျှင်​အ​ပြစ် ဒဏ်​ခံ​ရ​ကြ​မည်။-


ရု​ဗင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​နောက်​တော် သို့​ယ​ခု​မ​လိုက်​ကြ​လျှင် ကိုယ်​တော်​သည် ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​ကို​တော​ကန္တာ​ရ တွင်​တစ်​ဖန်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​ကြောင့်​ထို​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ဆုံး​ပါး​ရ​ကြ​လိမ့်​မည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။


``ယ​နေ့​သင်​တို့​အား​ငါ​ဆင့်​ဆို​သော​ထာ​ဝ​ရ ဘု​ရား​၏ ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​မ​လိုက်​နာ​မ​စောင့်​ထိန်း​လျှင် သင်​တို့ အ​ပေါ်​၌​အောက်​ပါ​အ​မင်္ဂ​လာ​များ​သက် ရောက်​စေ​တော်​မူ​မည်။


သင်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော​လူ​မျိုး​များ နှင့်​ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​မ​ပြု​မိ​စေ​ရန် သော်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​၏​အ မည်​နာ​မ​များ​ကို​ထုတ်​ဖော်​ပြော​ဆို​ခြင်း၊ ထို ဘု​ရား​များ​ကို​တိုင်​တည်​၍​ကျိန်​ဆို​ခြင်း၊ ဦး ချ​ဝတ်​ပြု​ခြင်း​တို့​ကို​မ​ပြု​မိ​စေ​ရန်​သော် လည်း​ကောင်း​သ​တိ​ပြု​ရ​မည်။-


သို့​ရာ​တွင်​သင်​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး နေ​ကြ​ပါ​မူ ဘု​ရင်​နှင့်​တ​ကွ​သင်​တို့​ဆုံး​ပါး ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​လူ​တို့​အား​မိန့်​ဆို လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ