ဆာလံ 16:4 - Common Language Bible4 အခြားဘုရားများအားဆည်းကပ်ကိုးကွယ် ကြသော သူတို့သည်များစွာဆင်းရဲဒုက္ခရောက်ကြရ လိမ့်မည်။ ငါသည်သူတို့၏ယဇ်ပူဇော်မှုများတွင် ပါဝင်လိမ့်မည်မဟုတ်။ သူတို့၏ဘုရားများကိုလည်းကိုးကွယ် ဆည်းကပ် လိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Garrad Bible4 ဖောက် ပြန် သူ တို့၏ စိတ် ဒု က္ခ တိုး ပွား လိမ့် မည်။ ငါ သည် ထို သူ တို့ ဆက် သ သော အ သွေး သ က္ကာ များ ကို ဆက် သ ခြင်း၊ သူ တို့ နာ မ များ ကို နှုတ် မြွက် ခြင်း ပြု မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible4 အခြားသောလမ်းသို့ လိုက်ပြေးသောသူတို့သည် များစွာသောဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သကာအသွေးကို မလှူမဆက်လို။ သူတို့ဘုရား၏နာမကို မမြွက်လို။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အခြားဘုရားများကို ဆည်းကပ်သောသူတို့သည် မိမိတို့၏ဝမ်းနည်းပူဆွေးမှုကိုတိုးပွားစေကြလိမ့်မည်။ ငါသည် သူတို့၏သွန်းလောင်းရာပူဇော်သက္ကာနှင့်ဆိုင်သောသွေးကို သွန်းလောင်းမည်မဟုတ်။ ထိုဘုရားတို့၏နာမကိုလည်း ငါ့နှုတ်ဖြင့်ရွတ်ဆိုမည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-
ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။-
လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-