Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည် 33:55 - Common Language Bible

55 သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ကျန်​ရှိ​နေ​သော​သူ​တို့​သည်​ဆူး​ငြောင့် သ​ဖွယ်​ဖြစ်​၍​သင်​တို့​ကို​ရန်​မူ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

55 သင် တို့ ရှေ့ က တိုင်း ရင်း သား တို့ ကို အ ကြွင်း မဲ့ မ နှင် ထုတ် ဘဲ နေ လျှင် မူ ကား ချန် ထား သော သူ တို့ သည်၊ သင် တို့ မျက် စိ များ၌ ငြောင့်၊ နံ ဘေး များ၌ ဆူး သ ဖွယ် ဖြစ် လျက် နေ ပြည် တွင် သင် တို့ ကို ရန် မူ ကြ သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

55 သင်​တို့​သည် ထို​ပြည်​သူ​ပြည်​သား​တို့​ကို အ​ကုန်​အ​စင်​မ​နှင်​ထုတ်​လျှင်၊ ကျန်​ကြွင်း​သော​သူ​တို့​သည် သင်​တို့​မျက်​စိ၌ အပ်​ဖျား​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​နံ​ဘေး၌ ဆူး​ကဲ့​သို့​လည်း​ကောင်း ဖြစ်၍၊ သင်​တို့​နေ​သော​ပြည်​မှာ သင်​တို့​ကို​နှောင့်​ယှက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

55 ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​ကို သင်​တို့​ထံ​မှ အကုန်အစင်​မ​နှင်ထုတ်​လျှင် သင်​တို့​ချန်ထား​ခဲ့​သော​သူ​တို့​သည် သင်​တို့​၏​မျက်စိ​၌ ငြောင့်​ကဲ့သို့​လည်းကောင်း​၊ သင်​တို့​နံဘေး​၌ ဆူး​ကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။ သင်​တို့​နေထိုင်​သော​ပြည်​၌ သင်​တို့​ကို ရန်ပြု​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 33:55
11 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​ပြည်​တွင်​သူ​တို့​ကို​နေ​ထိုင်​ခွင့်​မ​ပေး နှင့်။ သူ​တို့​အား​နေ​ထိုင်​ခွင့်​ပေး​လျှင် သူ​တို့​သည် သင်​တို့​ကို​ငါ့​အား​ပြစ်​မှား​စေ​လိမ့်​မည်။ သင် တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ကိုး​ကွယ် ပါ​က အ​မှန်​ပင်​ပျက်​စီး​ဆုံး​ရှုံး​စေ​မည့် ထောင်​ချောက်​ထဲ​သို့​ကျ​ရောက်​ကြ​လိမ့်​မည်။''


ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မ​ထီ​မဲ့​မြင်​ပြု​သော​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး တို့​သည် နောက်​တစ်​ဖန်​နာ​ကျင်​စွာ​စူး​သော​ငြောင့် သ​ဖွယ်​မ​ဖြစ်​ရ။ ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ငါ​သည်​သူ​တို့​အား​ပေး​မည့်​ဒဏ်​ကို​သင် တို့​အ​ပေါ်​သို့​ကျ​ရောက်​စေ​မည်'' ဟူ​၍​ဖြစ် သည်။


ငါ​မြင်​ရ​သည့်​အံ့​သြ​ဖွယ်​ရူ​ပါ​ရုံ​များ ကြောင့်​ငါ့​ကိုယ်​ကို​အ​ထင်​မ​ကြီး​စေ​ရန်​ငါ သည်​မိ​မိ​ကိုယ်​ခန္ဓာ​တွင်​နာ​ကျင်​သော ဝေ​ဒ​နာ​ကို​ခံ​စား​နေ​ရ​၏။ ထို​ဝေ​ဒ​နာ သည်​စာ​တန်​၏​စေ​တ​မန်​သ​ဖွယ်​ငါ့​ကို ဒဏ်​ခတ်​၍​ငါ​၏​မာန်​မာ​န​ကို​ချိုး​နှိမ်​၏။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​၏​လက်​သို့​အပ်​တော်​မူ​သော​လူ​မျိုး​ရှိ​သ​မျှ ကို သင်​တို့​သည်​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ ထို သူ​တို့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ ထို​သူ​တို့ ၏​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင် သင်​တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့် မည်။''


ထို​သို့​ပြု​လျှင်​သင်​တို့​သည်​သင်​တို့​၏​သား သ​မီး​များ​အား ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​စေ ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​၍ သင်​တို့​ကို​ချက်​ခြင်း​ဖျက် ဆီး​ပစ်​တော်​မူ​လိမ့်​မည်။-


သင်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော​လူ​မျိုး​များ နှင့်​ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​မ​ပြု​မိ​စေ​ရန် သော်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​၏​အ မည်​နာ​မ​များ​ကို​ထုတ်​ဖော်​ပြော​ဆို​ခြင်း၊ ထို ဘု​ရား​များ​ကို​တိုင်​တည်​၍​ကျိန်​ဆို​ခြင်း၊ ဦး ချ​ဝတ်​ပြု​ခြင်း​တို့​ကို​မ​ပြု​မိ​စေ​ရန်​သော် လည်း​ကောင်း​သ​တိ​ပြု​ရ​မည်။-


သို့​ဖြစ်​၍​သင်​တို့​ရှေ့​သို့​ချီ​တက်​ကြ​သော အ​ခါ ငါ​သည်​ဤ​သူ​တို့​ကို​ထွက်​ပြေး​စေ​လိမ့် မည်​မ​ဟုတ်​ဟု သင်​တို့​အား​ယ​ခု​ငါ​ဆို​၏။ သူ တို့​သည်​သင်​တို့​၏​ရန်​သူ​များ​ဖြစ်​ကြ​လိမ့် မည်။ သင်​တို့​အ​တွက်​သူ​တို့​၏​ဘု​ရား​များ သည်​ထောင်​ချောက်​သ​ဖွယ်​ဖြစ်​လိမ့်​မည်'' ဟု​မြွက်​ဆို​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ