ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
ယောဘဝတ္တု။ 8:6 - Common Language Bible စင်စစ်သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူ သဖြင့်၊ Judson Bible စင်စစ် သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူသဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း သင်သာ သန့်ရှင်းဖြောင့်မတ်မည်ဆိုလျှင် ယခုပင် ကိုယ်တော်သည် ထ၍ သင်၏ဖြောင့်မတ်ခြင်းတည်ရာကို ပြန်ပေးတော်မူမည်။ |
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။
သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။
အို ထာဝရဘုရား၊ ကိုယ်တော်သည်သစ္စာရှိသူတို့အား သစ္စာစောင့်တော်မူ၏။ အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့ အား အကြွင်းမဲ့ကျေးဇူးပြုတော်မူတတ်ပါ၏။
အို ထာဝရဘုရား၊ နိုးထတော်မူပါ။ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျိန်းစက်၍ နေတော်မူပါသနည်း။ ထတော်မူပါ။ ကျွန်တော်မျိုးတို့အားထာဝစဉ်ပစ်ပယ်တော်မမူပါနှင့်။
အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
မတရားသောသူ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကို ကားကောင်းကြီးပေးတော်မူ၏။
``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
သူတော်ကောင်းတို့သည်မင်္ဂလာရှိလိမ့်မည်။ သူ တို့အတွက်အစစအရာရာအဆင်ပြေလိမ့် မည်။ သူတို့သည်မိမိတို့၏အကျင့်အကြံ အပြုအမူများ၏ကောင်းကျိုးကိုခံစားရ ကြလိမ့်မည်။-
အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-