ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ယောဘဝတ္တု။ 22:30 - Common Language Bible အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။ Garrad Bible အ ပြစ် မ ကင်း သူ့ ကို ပင် လွတ် မြောက် စေ တော် မူ၍၊ ထို သူ လွတ် မြောက် ရ ခြင်း ကား၊ သင့် လက် စင် ကြယ် သော ကြောင့် တည်း ဟု မြွက် ဆို လေ၏။ Judson Bible အပြစ်မကင်းသောသူကိုပင် ကယ်နုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အပြစ်မကင်းသောသူကိုပင်လျှင် လွတ်မြောက်ခွင့်ပေးတော်မူလိမ့်မည်။ စင်ကြယ်သောသင့်လက်ကြောင့် သူ့ကို လွတ်မြောက်စေတော်မူမည်”ဟု ဆိုလေ၏။ |
ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခု ငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည်သာ၍ ပြင်းပါ၏။
ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာ ကို ထောက်တော်မူ၏။
ငါသည်မှန်ရာကိုပြုသဖြင့်ကိုယ်တော်သည် ငါ့အားကောင်းကျိုးကိုချပေးတော်မူ၏။ ငါသည်အပြစ်ကင်းသူဖြစ်၍ကောင်းချီး ပေးတော်မူ၏။
ထာဝရဘုရား၏တောင်တော်ပေါ်သို့ တက်နိုင်မည့်သူကားအဘယ်သူနည်း။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်သို့ ဝင်နိုင်မည့်သူကားအဘယ်သူနည်း။
အကျင့်သီလကောင်း၍စိတ်နှလုံးဖြူစင်လျက် အခြားဘုရားများကိုမကိုးကွယ်သူ၊လိမ် လည်၍ သစ္စာကတိမပျက်တတ်သူဖြစ်ပါ၏။
``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
သင်တို့အမျိုးသားများသည်လည်းကြာမြင့် စွာယိုယွင်းပျက်စီးနေခဲ့သည့်အဆောက်အဦ များကိုအုတ်မြစ်ဟောင်းများအပေါ်တွင်ပြန် လည်တည်ဆောက်ရကြလိမ့်မည်။ သင်တို့သည် ပြိုပျက်လျက်ရှိသည့်မြို့ရိုးများကိုပြုပြင် လျက်၊ ယိုယွင်းပျက်စီးနေသောအဆောက် အဦများနှင့် လမ်းများကိုပြန်လည်တည် ဆောက်သူများဟုခေါ်ဝေါ်သမုတ်ခြင်း ကိုခံရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
အချင်းယဇ်ပုရောဟိတ်တို့၊ ငါတို့ကို ကျေးဇူးပြုတော်မူရန်ဘုရားသခင်အား ယခုစမ်းသပ်လျှောက်ထားကြည့်ကြလော့။ ကိုယ်တော်သည်သင်တို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူလိမ့်မည်မဟုတ်။ ယင်း သို့ဖြစ်ရသည်မှာလည်း သင်တို့၏အပြစ် များကြောင့်ပင်ဖြစ်ပါ၏။-
`ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-