ယောဘဝတ္တု။ 42:9 - Common Language Bible9 ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာ ကို ထောက်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ထို သို့ တေ မန့် အ မျိုး သား ဧ လိ ဖတ်၊ ရှု အာ့ အ မျိုး သား ဗိ လ ဒဒ်၊ နေ မတ် အ မျိုး သား ဇော ဖာ တို့ သည် သွား ပြီး လျှင်၊ ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ပြု ကြ ရာ၊ ထာ ဝ ရ ဘု ရား သည် ယော ဘ အား၊ မျက် နှာ သာ ပေး တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာတို့သည် သွား၍ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာကို ထောက်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သွား၍ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာကိုထောက်၍ လက်ခံတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
အာဗြဟံ၏မယားစာရာကိုသိမ်းပိုက်သည့် ကိစ္စကြောင့် အဘိမလက်၏နန်းတော်တွင်ရှိ သမျှသောမိန်းမတို့သည် သားသမီးမရစေ ခြင်းငှာထာဝရဘုရားစီရင်တော်မူ၏။ ထိုကြောင့် အာဗြဟံသည်အဘိမလက်အတွက် ထာဝရ ဘုရားထံဆုတောင်းသဖြင့်သူသည်ကျန်းမာ လာ၏။ သူ၏မယားနှင့်သူ၏ကျွန်မတို့သည် လည်း သားသမီးရနိုင်ရန်ကျန်းမာလာကြ လေသည်။