ယောဘဝတ္တု။ 12:21 - Common Language Bible မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။ Garrad Bible မှူး မတ် များ ကို အ ရှက် ကြီး ခွဲ၍၊ အ ကြီး အ မှူး တို့ ခါး စည်း များ ကို လျော့ ဟာ စေ တော် မူ၏။ Judson Bible မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသောသူတို့ကို ရှုတ်ချတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ အားကြီးသူတို့ကို ခွန်အားယုတ်လျော့စေတော်မူ၏။ |
မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။
ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။
ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။
သူတို့သည်မောရှေမှာကြားသည့်အတိုင်း စားစရာကို နက်ဖြန်နေ့အထိချန်ထား ရာပိုးမကျ၊ မပုပ်သိုးဘဲရှိလေ၏။-
သင်သည်သူတို့ကိုသွားခွင့်မပြုလျှင် ငါ သည်သင်၏တစ်တိုင်းပြည်လုံးကိုဖားဖြင့် ဒဏ်ခတ်မည်။-
သင်ရာထူးအလျောက်ဝတ်ဆင်ရသည့်ဝတ် လုံကိုသူ့အားဝတ်ဆင်စေ၍ သင်၏ခါးစည်း ကိုစည်းစေလော့။ သင်ရရှိခဲ့သောအခွင့် အာဏာရှိသမျှကိုအပ်နှင်းမည်။ ထိုသူ သည်ယေရုရှလင်မြို့သူမြို့သားများနှင့် ယုဒပြည်သူတို့အတွက် ဖခင်သဖွယ် ဖြစ်လိမ့်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ်၏။ ဝတ်ပြု နေစဉ်သားတော်များဖြစ်သောအာဒြမ္မေလက် နှင့်ရှရေဇာတို့သည်မင်းကြီးအား ဋ္ဌားနှင့် ခုတ်သတ်ပြီးလျှင်အာရရတ်ပြည်သို့ထွက် ပြေးကြ၏။ အခြားသားတော်တစ်ပါးဖြစ် သူဧသရဟဒ္ဒုန်သည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေ သည်။
ကိုယ်တော်သည်တန်ခိုးကြီးသောဘုရင်တို့ကို ဖြုတ်ချတော်မူ၍၊ ထိုသူတို့ကိုမရေရာသောသူများအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။
ကုရုဘုရင်သည်ထာဝရဘုရားရွေးချယ် ပေးတော်မူသောသူဖြစ်ပါသည်တကား။ ထာဝရဘုရားသည်လူမျိုးတကာတို့ကို နှိမ်နင်းအောင်မြင်ရန်သူ့အားခန့်ထားတော် မူ၏။ ကိုယ်တော်သည်ပြည်ရှင်မင်းတို့၏တန်ခိုး အာဏာကို ရုပ်သိမ်းရန်သူ့အားစေလွှတ်တော်မူပြီ။ ထာဝရဘုရားသည်သူ့အတွက်မြို့တံခါး များကို ဖွင့်ပေးတော်မူမည်။ ထာဝရဘုရားကကုရုဘုရင်အား
သူတို့တွင်မောပန်းသူ၊ ခြေချော်သူဟူ၍ မရှိ။ ငိုက်မြည်းသူ၊ အိပ်ပျော်သူလည်းမရှိ။ သူတို့၏ခါးစည်းများသည်မပြေ။ ဖိနပ် ကြိုးများသည်လည်းမပြတ်။-
ငါသည်မောဘမင်းကိုသတ်မည်။ မောဘ နိုင်ငံရှိခေါင်းဆောင်အားလုံးကိုကွပ်မျက် မည်'' ဟုမိန့်တော်မူ၏။
ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။
သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။-
သို့ဖြစ်၍အသင့်ရှိနေကြလော့။ သစ္စာတရား တည်းဟူသောခါးပန်းကြိုးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန် ဆာကိုလည်းကောင်း၊-