Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 22:21 - Common Language Bible

21 သင်​ရာ​ထူး​အ​လျောက်​ဝတ်​ဆင်​ရ​သည့်​ဝတ် လုံ​ကို​သူ့​အား​ဝတ်​ဆင်​စေ​၍ သင်​၏​ခါး​စည်း ကို​စည်း​စေ​လော့။ သင်​ရ​ရှိ​ခဲ့​သော​အ​ခွင့် အာ​ဏာ​ရှိ​သ​မျှ​ကို​အပ်​နှင်း​မည်။ ထို​သူ သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သူ​တို့​အ​တွက် ဖ​ခင်​သ​ဖွယ် ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 သင့် ခါး စည်း ဖြင့် ပတ် ပြီး လျှင်၊ အ စိုး ရ သော အ ခွင့် ကို သူ့ လက် သို့ လွှဲ အပ် သ ဖြင့်၊ ထို သူ သည် ယေ ရု ရှ လင် မြို့ သူ မြို့ သား မှ စ၍ ယု ဒ အ မျိုး သား တို့ အ ပေါ် တွင် အ ဘ အ ဖြစ် သို့ ရောက် လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သင်၏​ဝတ်​လုံ​နှင့် ဝတ်​ဆင်​စေ​မည်။ သင်၏​ခါး​စည်း​နှင့် ချီး​မြှောက်၍၊ သင်၏​အ​စိုး​ရ​သော​အ​ခွင့်​ကို အပ်​ပြီး​လျှင်၊ သူ​သည် ယေ​ရု​ရှ​လင်​မြို့​သူ၊ ယု​ဒ​အ​မျိုး​သား​တို့၏​အ​ဘ​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သူ့​အား သင့်​ဝတ်ရုံ​ကို​ဝတ်​စေ​၍ သင့်​ခါးစည်း​ကို​စည်း​စေ​မည်​။ သင့်​အာဏာ​ကို သူ့​လက်​သို့ ငါ​အပ်​မည်​။ သူ​သည် ဂျေရုဆလင်​မြို့သား​နှင့် ယုဒ​အမျိုးအနွယ်​တို့​၏​ဖခင်​ဖြစ်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 22:21
8 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့ စေ​လွှတ်​လိုက်​ခြင်း​မ​ဟုတ်၊ ဘု​ရား​သ​ခင်​က​စေ လွှတ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သည်။ ဘု​ရား​သ​ခင် သည်​ကျွန်ုပ်​ကို​ဤ​တိုင်း​ပြည်​၏​ဘုရင်​ခံ​အ​ရာ​၌ ခန့်​ထား​တော်​မူ​ပြီ။ ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည် တစ်​ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သူ​ဖြစ်​၏။


မော်​ဒ​ကဲ​သည်​မင်း​မြောက်​တန်​ဆာ​တည်း​ဟူ သော​ဝတ်​လဲ​အ​ဖြူ​နှင့်​အ​ပြာ​ကို​လည်း​ကောင်း၊ ခ​ရမ်း​ရောင်​ပိတ်​ချော​ဝတ်​လုံ​ကို​လည်း​ကောင်း ဝတ်​ဆင်​ကာ​ခန့်​ညား​သည်​ရွှေ​သ​ရ​ဖူ​ကို ဆောင်း​၍ နန်း​တော်​မှ​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ခါ​ရှု​ရှန်​မြို့​တစ်​မြို့​လုံး​သည်​သြ​ဘာ သံ​များ၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် သံ​များ​နှင့်​ဆူ​ညံ​သွား​၏။-


မင်း​ကြီး​သည်​ဟာ​မန်​၏​ထံ​မှ​ပြန်​သိမ်း​သည့် တံ​ဆိပ်​လက်​စွပ်​တော်​ကို​ချွတ်​၍​မော်​ဒ​ကဲ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​သည်​လည်း ဟာ​မန်​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မော်​ဒ​ကဲ အား​အုပ်​ထိန်း​စေ​၏။


ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။


သူ​သည်​မိ​မိ​ဝတ်​ဆင်​ထား​သည့်​ဝတ်​လုံ​နှင့် တ​ကွ​သံ​ချပ်​အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါး​စည်း​တို့ ကို​ဒါ​ဝိဒ်​အား​ပေး​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ