မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လည်ရောက်ရှိလာပါမူအကျွန်ုပ် ဆင့်ဆိုသောစကားများသည်ထာဝရဘုရား မိန့်တော်မူသောစကားများမဟုတ်နိုင်။ အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ထား ကြလော့'' ဟုဆို၏။
ယာကုပ် 2:5 - Common Language Bible ချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ယုံကြည်ခြင်း၌ကြွယ်ဝသူများဖြစ်ကြ စေရန်ကိုယ်တော်ကိုချစ်သောသူတို့အတွက် ကတိထားတော်မူသောနိုင်ငံတော်ကိုဆက်ခံ သူများဖြစ်ကြစေရန် ကိုယ်တော်သည်လောက တွင်ဆင်းရဲသူတို့အားရွေးချယ်တော်မူသည် မဟုတ်လော။- Garrad Bible ငါ ချစ် သော ညီ အစ် ကို တို့၊ နာ ခံ ကြ ဦး။ ကိုယ် တော် ကို ချစ် သူ တို့ အား က တိ ထား တော် မူ သော နိုင် ငံ တော်၏ အ မွေ ခံ များ၊ ယုံ ကြည် ခြင်း ၌ သူ ကြွယ် များ ဖြစ် စေ ရန် ဤ လော က တွင် ဆင်း ရဲ သား တို့ ကို ဘု ရား သ ခင် ရွေး ချယ် တော် မူ သည် မ ဟုတ် လော။ Judson Bible ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟု ဝန်ခံတော်မူသော နိုင်ငံတော်၏အမွေခံ ဖြစ်စေခြင်းငှာလည်းကောင်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။ |
မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လည်ရောက်ရှိလာပါမူအကျွန်ုပ် ဆင့်ဆိုသောစကားများသည်ထာဝရဘုရား မိန့်တော်မူသောစကားများမဟုတ်နိုင်။ အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ထား ကြလော့'' ဟုဆို၏။
သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
သို့ရာတွင်ငါ့ကိုချစ်၍ငါ့ပညတ်တို့ကိုစောင့် ထိန်းသောသူတို့အား အမျိုးအစဉ်အဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ တော်မူမည်။
အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ၏။
သို့ဖြစ်၍ ငါ့သားတို့၊ငါ့စကားကို နားထောင်ကြ လော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
ဖိလိတ္တိပြည်မှရောက်ရှိလာသောသံတမန် တို့အား ငါတို့အဘယ်သို့ပြန်ကြားရပါ မည်နည်း။ ထာဝရဘုရားသည်ဇိအုန်မြို့ ကိုတည်တော်မူပြီဖြစ်၍ ထိုမြို့တွင်ကိုယ် တော်၏ဒုက္ခသည်လူစုသည်ဘေးမဲ့လုံခြုံ မှုကိုရရှိကြတော့မည်ဖြစ်ကြောင်း သူတို့ အားငါတို့ပြောကြားကြကုန်အံ့။
ဆင်းရဲသူများနှင့်နှိမ့်ချသောသူတို့သည် ဣသရေလအမျိုးသားတို့၏မြင့်မြတ် သောဘုရားသခင်ထာဝရဘုရားပေး တော်မူသော ရွှင်လန်းဝမ်းမြောက်မှုကိုတစ် ဖန်ပြန်၍ရရှိကြလိမ့်မည်။-
စိတ်နှလုံးနှိမ့်ချနူးညံ့သိမ်မွေ့သည့်လူစု ကိုထိုအရပ်တွင်ငါချန်ထားမည်။ သူတို့ သည်လည်းငါ့ထံသို့လာရောက်ခိုလှုံကြ လိမ့်မည်။-
ဤသို့လျှင်ပဋိညာဉ်တော်သည်ထိုနေ့၌ ပျက်ပြား၍သွားလေတော့၏။ သိုးများ ကိုဝယ်ယူရောင်းချသူတို့သည်ငါ့အား စောင့်၍ကြည့်နေကြ၏။ သူတို့သည်ငါ၏ အပြုအမူအားဖြင့်ထာဝရဘုရားဗျာ ဒိတ်ပေးတော်မူလျက်ရှိကြောင်းကိုသိ ကြ၏။-
သိုးရောင်းဝယ်သူတို့ကငါ့ကိုငှားရမ်းသ ဖြင့်ငါသည်နှိပ်စက်ခြင်းခံရသောသိုးတို့ ကို ထိန်းကျောင်းရသူဖြစ်လာလေသည်။ ``ကျေး ဇူးပြုခြင်း'' ဟုနာမည်တွင်သောသိုးထိန်း တောင်ဝှေးတစ်ချောင်းနှင့်``စည်းလုံးခြင်း'' ဟု နာမည်တွင်သောသိုးထိန်းတောင်ဝှေးတစ် ချောင်းကိုယူပြီးလျှင်သိုးအုပ်ကိုငါ ထိန်းကျောင်းရ၏။-
မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
ထိုနောက်ကိုယ်တော်သည်လူပရိသတ်တို့အား အထံတော်သို့တစ်ဖန်ခေါ်တော်မူပြီးလျှင် ``ငါ့ စကားကိုသင်တို့အားလုံးနာယူသိမှတ်ကြ လော့။-
``မိမိအတွက်ဘဏ္ဍာသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်တွင်ဆင်းရဲသော သူကား အဆိုပါသူဌေးနှင့်တူသတည်း'' ဟုမိန့်တော်မူ၏။
``သိုးစုငယ်၊ မကြောက်နှင့်။ သင်တို့၏အဖ သည်သင်တို့အားနိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။-
ထိုနောက်ဆင်းရဲသားသည်သေလွန်သွားသဖြင့် ကောင်းကင်တမန်တို့သည် သူ့အားအာဗြဟံ၏ လက်ယာဘက်တွင်လျောင်းစေရန်သယ်ဆောင်သွား ကြ၏။ သူဌေးသည်လည်းသေလွန်၍သင်္ဂြိုဟ်ခြင်း ကိုခံရ၏။-
``သို့ရာတွင်အာဗြဟံက `ငါ့သား၊ သင်အသက် ရှင်စဉ်သုခချမ်းသာခံစားခဲ့ရသည်ကိုလည်း ကောင်း၊ လာဇရုသည်ဆင်းရဲဒုက္ခခံခဲ့ရသည်ကို လည်းကောင်းသတိရပါလော့။ ယခုမှာမူသူ သည်သုခချမ်းသာကိုခံစားရ၍ သင်မူကား ကိုယ်၏ဒုက္ခ၊ စိတ်၏ဒုက္ခကိုခံရလေပြီ။-
ခမည်းတော်သည်ငါ့အားအုပ်စိုးခွင့်ကိုပေး အပ်တော်မူသည်နည်းတူ ငါသည်လည်းသင် တို့အားအုပ်စိုးခွင့်ကိုပေး၏။-
သခင်ယေရှုသည်တပည့်တော်တို့ကို ကြည့်တော်မူပြီးလျှင် ``ဆင်းရဲသူတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏နိုင်ငံ ဖြစ်၏။
ငါတို့ခေါင်းဆောင်များနှင့်ဖာရိရှဲများအထဲ မှတစ်ဦးတစ်ယောက်သည် ထိုသူကိုယုံကြည် ပါသလော။-
သတေဖန်က``ညီအစ်ကိုများနှင့်ဖခင်တို့၊ နားထောင်ကြပါလော့။ ငါတို့အဖအာဗြဟံ သည်ခါရန်မြို့သို့သွား၍မနေထိုင်မီ မေသော ပေါတာမိပြည်တွင်ရှိစဉ် ဘုန်းအသရေနှင့် ပြည့်စုံတော်မူသောဘုရားသခင်အား ဗျာဒိတ်ရူပါရုံတွင်ဖူးမြင်ရလေသည်။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။
သို့သော်လည်းကျမ်းစာလာသည်အတိုင်း၊ ``ဘုရားသခင်သည်အဘယ်သူမျှမမြင်မကြား စဖူး၊ ဖြစ်နိုင်လိမ့်မည်ဟု အဘယ်သူမျှမထင်မမှတ်ဘူးသည့်၊အမှုအရာကို မိမိအားချစ်သောသူတို့အဖို့ပြင်ဆင်ထားတော် မူ၏။''
ဤအမှုအရာခပ်သိမ်းတို့သည်သင်တို့၏ အကျိုးအလို့ငှာဖြစ်ကြ၏။ ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရသူအရေ အတွက်တိုးတက်များပြားလာသည်နှင့် အမျှ ကိုယ်တော်၏ဘုန်းအသရေတော်ထင် ရှားအံ့သောငှာချီးမွမ်းသည့်ဆုတောင်း ပတ္ထနာများသည်လည်းပိုမိုများပြား လာလိမ့်မည်။
ဝမ်းနည်းရသော်လည်းအစဉ်ဝမ်းမြောက်ကြ ၏။ သူဆင်းရဲများကဲ့သို့ဖြစ်သော်လည်းလူ အမြောက်အမြားကိုချမ်းသာကြွယ်ဝစေ ကြ၏။ ပစ္စည်းဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင် သူများကဲ့သို့ဖြစ်သော်လည်းအလုံးစုံတို့ ကိုပိုင်ကြ၏။
သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊-
ငါသည်ဘုရားသခင်၏လူစုတော်တွင်အသိမ် ငယ်ဆုံးဖြစ်ပေသည်။ သို့ရာတွင်ကိုယ်တော်သည် ခရစ်တော်၏အတိုင်းမသိကြွယ်ဝချမ်းသာ ခြင်းဆိုင်ရာသတင်းကောင်းကိုလူမျိုးခြား တို့အားဟောပြောကြေညာရန်နှင့်၊-
ငါတို့သည်သင်တို့ကိုအားပေးစကားပြော ကြားခဲ့ကြ၏။ စိတ်သက်သာမှုကိုရရှိစေခဲ့ ကြ၏။ ကိုယ်တော်၏နိုင်ငံတော်သို့ဝင်ခွင့်နှင့် ဘုန်းအသရေကိုခံယူခွင့်ရနိုင်စိမ့်သောငှာ သင်တို့အားခေါ်ယူရွေးကောက်တော်မူသော ဘုရားသခင်နှစ်သက်တော်မူသည့်အကျင့် မျိုးကိုကျင့်ကြစေရန်တိုက်တွန်းနှိုးဆော်ခဲ့ ကြ၏။
ဤတွင်ဘုရားသခင်၏စီရင်တော်မူချက် သည်တရားမျှတကြောင်းထင်ရှား၏။ သို့ ဖြစ်၍သင်တို့သည်ကိုယ်တော်၏နိုင်ငံတော် နှင့်ထိုက်တန်သူများဖြစ်လာကြလိမ့်မည်။ သင်တို့သည်နိုင်ငံတော်အတွက်ကြောင့် ယခုဆင်းရဲဒုက္ခခံနေရကြသည်။-
သူတစ်ပါးတို့အားကျေးဇူးပြုတတ်ကြ စေရန်လည်းကောင်း၊ အကျင့်ကောင်းများနှင့် ကြွယ်ဝပြည့်စုံ၍ရက်ရောစွာဝေငှပေး ကမ်းတတ်ကြစေရန်လည်းကောင်းသူတို့ အားဆုံးမသွန်သင်လော့။-
သခင်ဘုရားသည်ငါ့အားဘေးအန္တရာယ် အပေါင်းတို့မှကယ်နုတ်တော်မူ၍မိမိ၏ ကောင်းကင်နိုင်ငံတော်သို့လုံခြုံစွာပို့ဆောင် တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာအဆက် ဆက်ဘုန်းအသရေထွန်းတောက်တော်မူပါ စေသတည်း။ အာမင်။
ယခုအခါ၌ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံသူအားပေးအပ်သည့်အောင်ဆုသည် ငါ့အတွက်အသင့်ရှိနေပြီ။ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောတရားသူကြီး တည်းဟူသောသခင်ဘုရားသည် ထိုဆုကို တရားစီရင်တော်မူရာနေ့၌ငါ့အားပေး အပ်တော်မူလိမ့်မည်။ ငါ့ကိုသာမကဤ လောကသို့နောက်တစ်ဖန်ကိုယ်တော်ပေါ် ထွန်းတော်မူမည်ကိုတောင့်တစောင့်မျှော်သူ အပေါင်းတို့အားလည်းပေးတော်မူလိမ့်မည်။
မေရှိယအရှင်၏အတွက်ခံရသောကဲ့ရဲ့ခြင်း သည် အီဂျစ်ပြည်၏စည်းစိမ်ချမ်းသာရှိသမျှ တို့ထက်ပို၍တန်ဖိုးရှိသည်ဟုယူဆ၏။ အဘယ် ကြောင့်ဆိုသော်သူသည်အနာဂတ်ကာလတွင် ရရှိမည့်အကျိုးကို အာရုံစူးစိုက်လျက်နေ သောကြောင့်ဖြစ်ပေသည်။
စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။-
ချစ်သောညီအစ်ကိုတို့၊ ဤအချက်ကိုမှတ် သားထားကြလော့။ သင်တို့အားလုံးသည် ကြားနာမှုတွင်လျင်မြန်ကြစေ။ ပြောဆို မှုနှင့်အမျက်ထွက်မှုတွင်မူနှေးကြစေ။-
ညီအစ်ကိုတစ်စုံတစ်ယောက်သည်မိမိအား နိမ့် ကျသည့်အခြေအနေမှ ဘုရားသခင်မြှင့် တင်ပေးလိုက်သောအခါဝမ်းမြောက်စေ။-
သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏လူစု တော်အတွက် ဘုရားသခင်လျာထားတော် မူသောကောင်းချီးမင်္ဂလာများကိုခံစားနိုင် ရန်မျှော်မှန်းကြပေသည်။ ကိုယ်တော်သည် ထိုကောင်းချီးမင်္ဂလာများကိုကောင်းကင် ဘုံတွင် သင်တို့အဖို့လျာထားတော်မူ၏။ ယင်းတို့သည်ယိုယွင်းပျက်စီးမှေးမှိန်၍ မသွားနိုင်။-
ဤနည်းအားဖြင့်သင်တို့သည်ငါတို့ကိုအရှင် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှု ခရစ်၏ထာဝရနိုင်ငံတော်သို့ဝင်နိုင်ရန် အခွင့် အရေးအပြည့်အဝကိုရရှိကြလိမ့်မည်။
သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။-
အောင်မြင်သောသူသည်ဤကတိတော်ကိုခံစား ရလိမ့်မည်။ ငါသည်သူ၏ဘုရားဖြစ်မည်။ သူသည် လည်းငါ၏သားဖြစ်လိမ့်မည်။-
သို့ဖြစ်၍သင်သည်ချမ်းသာကြွယ်ဝခြင်းငှာရွှေ စင်ကို ငါ့ထံမှဝယ်ယူရန်ငါအကြံပေး၏။ ထို့ အပြင်အဝတ်အချည်းစည်းဖြစ်မှုနှင့်အရှက် ကိုဖုံးရန်ဝတ်ဖြူစင်ကြယ်ကိုလည်းကောင်း၊ မျက် စိအလင်းရစေရန်မျက်စဉ်းဆေးကိုလည်း ငါ့ထံမှဝယ်ယူလော့။-
ဤအခြင်းအရာကိုယောသံကြားသိသော အခါ ဂေရဇိမ်တောင်ထိပ်သို့တက်၍ရပ်ပြီး လျှင် အော်ဟစ်၍ဤသို့ဆို၏။ ``အချင်းရှေခင် မြို့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင်ဘုရားသခင်သည်လည်း သင်တို့ ၏စကားကိုနားထောင်ကောင်းနားထောင် တော်မူလိမ့်မည်။-
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။