ဇာခရိ 11:11 - Common Language Bible11 ဤသို့လျှင်ပဋိညာဉ်တော်သည်ထိုနေ့၌ ပျက်ပြား၍သွားလေတော့၏။ သိုးများ ကိုဝယ်ယူရောင်းချသူတို့သည်ငါ့အား စောင့်၍ကြည့်နေကြ၏။ သူတို့သည်ငါ၏ အပြုအမူအားဖြင့်ထာဝရဘုရားဗျာ ဒိတ်ပေးတော်မူလျက်ရှိကြောင်းကိုသိ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 ထို နေ့ ရက် တွင် ပင် ပျက် လေ၏။ ငါ့ ကို ရှု မှတ် သော၊ သ နား ဖွယ် သိုး ဆိတ် တို့ သည်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် မှန် ကြောင်း သိ ကြ သည် နှင့်၊ အခန်းကိုကြည့်ပါ။Judson Bible11 ထိုပဋိညာဉ်သည် ထိုနေ့၌ပျက်သောကြောင့်၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ထိုနေ့တွင်ပင် ပဋိညာဉ်သည် ကျိုးပျက်သွား၏။ ဤအရာသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်း အဖိနှိပ်ခံရ၍ ငါ့ကိုစောင့်စားနေသောသိုးအုပ်များ သိကြ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ``သင်တို့မြင်ရကြားရသည့်အရာ များကိုယောဟန်ထံသွား၍ပြောကြားလော့။ မျက်မမြင်များမျက်စိအလင်းကိုပြန်လည် ရရှိကြ၏။ ခြေကျိုးသူများလမ်းလျှောက်ကြ၏။ အရေပြားရောဂါသည်များသန့်စင်သွားကြ ၏။ နားပင်းသူများနားကြားရကြ၏။ သေ သူများအသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သတင်းကောင်းကိုကြားရကြ၏။-
ဖိလိတ္တိပြည်မှရောက်ရှိလာသောသံတမန် တို့အား ငါတို့အဘယ်သို့ပြန်ကြားရပါ မည်နည်း။ ထာဝရဘုရားသည်ဇိအုန်မြို့ ကိုတည်တော်မူပြီဖြစ်၍ ထိုမြို့တွင်ကိုယ် တော်၏ဒုက္ခသည်လူစုသည်ဘေးမဲ့လုံခြုံ မှုကိုရရှိကြတော့မည်ဖြစ်ကြောင်း သူတို့ အားငါတို့ပြောကြားကြကုန်အံ့။
ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊-