ယောဘဝတ္တု။ 34:10 - Common Language Bible10 သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။ အခန်းကိုကြည့်ပါ။Garrad Bible10-11 သို့ ဖြစ်၍ ဉာဏ် ကောင်း သော သင် တို့၊ အ ကျွန်ုပ် စ ကား ကို နား ထောင် ကြ လော့။ လူ့ အ ပြု အ မူ ကို ဆပ် ပေး၍၊ အ လေ့ အ လာ အ တိုင်း လည်း၊ ရ စေ တော် မူ သော အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် သည်၊ မ တ ရား မှု၊ ဒု စ ရိုက် မှု နှင့် ကင်း ဝေး တော် မူ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible10 သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်လည်းကောင်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်လည်းကောင်း ဝေးပါစေ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 သို့ဖြစ်၍ အသိတရားရှိသောသူတို့၊ နားထောင်ကြပါလော့။ ဆိုးယုတ်သောအမှုသည် ဘုရားသခင်နှင့် ဝေးပါစေ။ မကောင်းမှုသည် အနန္တတန်ခိုးရှင်နှင့် ဝေးပါစေ။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော် ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။ သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။ အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။ မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။
သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့ တွင်ရှိနေတော်မူပါသေး၏။ ကိုယ်တော် သည်တရားသောအမှုကိုသာလျှင်ပြု တော်မူ၍မတရားသည့်အမှုကိုအဘယ် အခါ၌မျှပြုတော်မမူ။ နံနက်တိုင်းမိမိ ၏လူမျိုးတော်အားမလွဲမသွေဖြောင့်မှန် စွာတရားစီရင်တော်မူ၏။ သို့သော်လည်း ထိုအရပ်ရှိလူမသမာတို့သည်မကောင်း မှုကိုဆက်လက်ပြုကျင့်လျက်နေကြပေ သည်။ သူတို့တွင်ရှက်ကြောက်မှုလည်းမရှိ ကြ။