ထိုအခါငါသည်ယုဒခေါင်းဆောင်များ အား``သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်ကို ကြည့်ကြလော့။ သင်တို့သည်ဥပုသ်နေ့ကို ညစ်ညမ်းစေကြ၏။-
မိက္ခာ 3:1 - Common Language Bible ဣသရေလအမျိုးသားခေါင်းဆောင်တို့၊ နားထောင်ကြလော့။ သင်တို့သည်တရား သဖြင့်စီရင်ရသူများဖြစ်သော်လည်း၊- Garrad Bible ငါ ဆင့် ဆို သည် မှာ၊ အို ယာ ကုပ် အ မျိုး အ အုပ် အ ချုပ်၊ ဣ သ ရေ လ အ မျိုး သား မှူး မတ် တို့၊ နာ ခံ ကြ လော့။ သု စ ရိုက် ကို မုန်း ထား လျက်၊ ဒု စ ရိုက် ကို နှစ် သက် သူ၊ ငါ့ လူ မျိုး ချင်း တို့ မှ အ ရေ ခွာ ခြင်း၊ အ ရိုး မှ အ သား ခြစ်၍ စား ခြင်း ပြု သူ၊ အ ရေ ခွာ ပြီး လျှင် အ ရိုး ချိုး လျက်၊ အိုး တွင် ချက် ပြုတ် သော အ သား ကဲ့ သို့ စဉ်း တတ် သူ၊ သင် တို့ သည်၊ တ ရား သ ဖြင့် စီ ရင် ခြင်း နှင့် ကျွမ်း ဝင် အပ် ကြ သည် မ ဟုတ် လော။ Judson Bible ငါဆိုသည်ကား၊ အို ယာကုပ်အမျိုးမင်း၊ ဣသရေလအမျိုးသူကြီးတို့၊ နားထောင်ကြပါလော့။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းအမှုကို နားလည်အပ်သည် မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်က “အို ယာကုပ်အမျိုးခေါင်းဆောင်တို့နှင့် အစ္စရေးအမျိုးအကြီးအမှူးတို့၊ နားထောင်ကြလော့။ တရားမျှတမှုကို သင်တို့သိသင့်သည်မဟုတ်လော။ |
ထိုအခါငါသည်ယုဒခေါင်းဆောင်များ အား``သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်ကို ကြည့်ကြလော့။ သင်တို့သည်ဥပုသ်နေ့ကို ညစ်ညမ်းစေကြ၏။-
ထာဝရဘုရားက ``ထိုသူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။
အို ယေရုရှလင်မြို့၊ သင့်ကိုအုပ်စိုးသောမင်းများနှင့် သင်၏မြို့သူမြို့သားတို့သည်သောဒုံမြို့နှင့်ဂေါမောရမြို့မှလူတို့နှင့်တူကြ၏။ သင့်အားထာဝရဘုရားမိန့်တော်မူသောစကားတော်ကိုနားထောင်လော့။ ငါတို့၏ဘုရားသခင်သွန်သင်တော်မူသောအရာကိုအာရုံပြုလော့။-
ဤနည်းအားဖြင့်သင်တို့သည်ဆင်းရဲသူတို့ အား မိမိတို့ရပိုင်ခွင့်များကိုမရရှိကြ စေရန်၊ တရားသဖြင့်သင်တို့သည်စီရင် ဆုံးဖြတ်မှုများကိုမခံရကြစေရန်ပြု ကြ၏။ မုဆိုးမများနှင့်မိဘမဲ့သူတို့၏ ဥစ္စာပစ္စည်းများကိုလည်းသိမ်းယူကြ၏။-
သင့်အထဲရှိဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် မိမိတို့၏စွမ်းရည် ကိုအားကိုး၍လူသတ်မှုများကိုကူးလွန် ကြ၏။-
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-
သင်တို့သည်သိုးနို့ကိုသောက်လျက်သိုးမွေး ထည်ကိုဝတ်ဆင်ပြီးလျှင် ဆူဖြိုးသောသိုး များကိုသတ်၍စားကြ၏။ သို့ရာတွင်သိုး တို့ကိုမူအဘယ်အခါ၌မျှမစောင့်ထိန်း ကြ။-
ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-
``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
အားနွဲ့သူများကိုညှင်းဆဲပြီးဆင်းရဲ သူများကိုဖိနှိပ်၍ မိမိလင်တို့အားငါ တို့သောက်ဖို့အရက်ယူခဲ့ဟုအမိန့်ပေး လျက်၊ အစားကောင်းစားရသောဗာရှန် နွားမများကဲ့သို့ ဝဖီးနေကြသည့်ရှမာရိ မိန်းမတို့ဤစကားကိုနားထောင်လော့။-
ဇိအုန်မြို့၌သက်တောင့်သက်သာစွာဇိမ်ခံ နေကြသူတို့၊ ရှမာရိတောင်ပေါ်တွင်လုံလုံ ခြုံခြုံနှင့်စံမြန်းနေကြသူတို့၊ ပြည်သူ များကအသနားခံနေရသူတို့၊ လူမျိုး များထဲမှအထွတ်အမြတ်ဖြစ်သောဣသ ရေလလူမျိုးတော်တို့၊ သင်တို့သည်အရှက် တကွဲအကျိုးနည်းဖြစ်ရတော့မည်။-
သူတို့အားပြည်နှင်ဒဏ်ခံရာမှလွတ် မြောက်ရန် ဘုရားသခင်ကိုယ်တော်တိုင်ရှေ့ ဆောင်လမ်းပြတော်မူမည်။ သူတို့သည်မြို့ တံခါးများကိုချိုးဖောက်၍လွတ်မြောက် လာကြမည်။ သူတို့၏ဘုရင်ထာဝရဘုရား ကိုယ်တော်တိုင်သူတို့ကိုထုတ်ဆောင်တော် မူမည်။
သင်တို့ရှက်ဖွယ်ကောင်းလှ၏။ ခရစ်ယာန်ညီအစ်ကို အချင်းချင်းအမှုအခင်းဖြစ်ပွားကြသောအခါ အသင်းတော်နှင့်တရားစီရင်ဆုံးဖြတ်နိုင်သူ ပညာရှိတစ်ယောက်မျှမရှိသလော။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-