Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 4:1 - Common Language Bible

1 အား​နွဲ့​သူ​များ​ကို​ညှင်း​ဆဲ​ပြီး​ဆင်း​ရဲ သူ​များ​ကို​ဖိ​နှိပ်​၍ မိ​မိ​လင်​တို့​အား​ငါ တို့​သောက်​ဖို့​အ​ရက်​ယူ​ခဲ့​ဟု​အ​မိန့်​ပေး လျက်၊ အ​စား​ကောင်း​စား​ရ​သော​ဗာ​ရှန် နွား​မ​များ​ကဲ့​သို့ ဝ​ဖီး​နေ​ကြ​သည့်​ရှ​မာ​ရိ မိန်း​မ​တို့​ဤ​စ​ကား​ကို​နား​ထောင်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 နွမ်း ပါး သူ တို့ ကို ညှဉ်း ပန်း လျက်၊ ဆင်း ရဲ သူ တို့ ကို နှိပ် စက် လျက်၊ အ ရှင် လင် တို့ အား သောက် ရန် တိုက် ပါ လော့ ဟု၊ ဆို တတ် သည့် ဗာ ရှန် နွား မ သ ဖွယ် ဖြစ် သော ရှ မာ ရိ တောင် တန်း သူ တို့ နာ ခံ ရ မည့် အ ချက် ဟူ မူ ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဆင်း​ရဲ​သော​သူ​တို့​ကို ညှဉ်း​ဆဲ​လျက်၊ ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​လျက်၊ မိ​မိ​သ​ခင်​တို့​အား ငါ​တို့​သောက်​ဖို့​ယူ​ခဲ့​ကြ​ဟု ဆို​တတ်​လျက်၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ​နေ​သော ဗာ​ရှန်​နွား​တို့၊ ဤ​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဆင်းရဲသား​တို့​ကို​နှိပ်စက်​ပြီး နွမ်းပါး​သူ​တို့​ကို​ညှဉ်းဆဲ​ကာ မိမိ​သခင်​တို့​ကို​ပင် “ငါ​တို့​အတွက် သောက်စရာ​ယူ​ခဲ့​ပါ”​ဟု ဆို​တတ်​သော ရှမာရိ​တောင်​ပေါ်မှ ဗာရှန်​နွားမ​တို့​၊ ဤ​စကား​ကို နားထောင်​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 4:1
49 ပူးပေါင်းရင်းမြစ်များ  

ရှ​မာ​ရိ​တောင်​ကို​ရှ​မေ​ရ​ဆို​သူ​ထံ​မှ​ငွေ သား​ခြောက်​ထောင်​နှင့်​ဝယ်​ယူ​တော်​မူ​၏။ သြ​မ​ရိ သည်​ထို​တောင်​ကို​တံ​တိုင်း​ကာ​ရံ​ကာ​မြို့​တည် ပြီး​မှ တောင်​ပိုင်​ရှင်​ဟောင်း​ရှ​မေ​ရ​၏​နာ​မည် ကို​အ​စွဲ​ပြု​၍​ရှ​မာ​ရိ​မြို့​ဟု​သ​မုတ်​တော် မူ​၏။


ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊


ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။


ထာ​ဝ​ရ​ဘု​ရား​က ``သို့​ရာ​တွင်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​သည်​ဖိ​စီး နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​ကြ​သူ​တို့​သည် ဝေ​ဒ​နာ​နှင့် ညည်း​တွား​နေ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ယ​ခု​ပင်​ကြွ​လာ​မည်။ သူ​တို့​လို​လား​တောင့်​တ​ကြ​သည့်​ဘေး​လွတ် လုံ​ခြုံ​မှု​ကို သူ​တို့​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဆင်း​ရဲ​သူ​တို့​၏​အ​ကျိုး​နှင့် ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏​အ​ခွင့်​အ​ရေး​များ​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။


ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ဗာ​ရှန်​ဒေ​သ​မှ ကြောက်​မက်​ဖွယ်​ကောင်း​သော​နွား​သိုး​များ​ကဲ့​သို့ ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​၏။


ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။


တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။


ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။


ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​မ​င်္ဂ​လာ​ရှိ​၏။ မိ​မိ ၏​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​များ​ဆောင်း ထား​သည့်​ပန်း​ဦး​ရစ်​များ​နွမ်း​သ​ကဲ့​သို့၊ ထို နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​သည်​ညှိုး​နွမ်း​လျက် နေ​၏။ ထို​ခေါင်း​ဆောင်​တို့​သည်​ဝင့်​ဝါ​မော်​ကြွား ကာ၊ မိ​မိ​တို့​ဦး​ခေါင်း​ကို နံ့​သာ​ဆီ​မွှေး​ကောင်း စွာ​လိမ်း​၍​ထား​ကြ​သော်​လည်း​သေ​သောက် ကြူး​ကာ​လဲ​၍​နေ​ကြ​၏။-


သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​တွင် ရှိ​ပြီး​အိမ်​များ၊ လယ်​ယာ​များ​ကို​အ​ရေ​အ​တွက် တိုး​ပွား​အောင်​ပြု​ကြ​သူ​တို့။ မ​ကြာ​မီ​ပင် အ​ခြား​သူ​များ​အ​တွက် နေ​ရာ​ထိုင်​ခင်း​ကျန် ရှိ​တော့​မည်​မ​ဟုတ်။ သင်​တို့​ချည်း​သာ​လျှင် ပြည်​တော်​တွင်​နေ​ထိုင်​ရ​ကြ​ပေ​တော့​အံ့။-


ဤ​သေ​သောက်​ကြူး​တို့​က`လာ​ကြ၊ ငါ​တို့​သည် စ​ပျစ်​ရည်​ကို​ယူ​၍​အ​စွမ်း​ကုန်​သောက်​ကြ ကုန်​အံ့။ နက်​ဖြန်​နေ့​သည်​ယ​နေ့​ထက်​ပင်​ပို ၍​မွေ့​လျော်​ဖွယ်​ကောင်း​လိမ့်​မည်' ဟု​ဆို တတ်​ကြ​၏။''


``ငါ​နှစ်​သက်​မြတ်​နိုး​သည့်​အ​စာ​ရှောင်​ခြင်း မှာ​နှိပ်​စက်​ညှင်း​ဆဲ​မှု​တည်း​ဟူ​သော​နှောင် ကြိုး​ကို​ဖြတ်​၍ မ​တ​ရား​စိုး​မိုး​မှု​ကို​ဖယ်​ရှား ကာ​အ​နှိပ်​စက်​ခံ​ရ​သူ​တို့​အား​ကယ်​နုတ်​ခြင်း၊-


ဗာ​ဗု​လုန်​မြို့​သား​တို့၊ သင်​တို့​သည်​ငါ​၏ နိုင်​ငံ​တော်​ကို​လု​ယက်​ခဲ့​ကြ​၏။ သင်​တို့​သည် ကောက်​နယ်​သည့်​နွား​မ​ကဲ့​သို့​သော်​လည်း ကောင်း၊ ဟီ​လျက်​နေ​သော​မြင်း​ကဲ့​သို့​သော် လည်း​ကောင်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သွား လာ​နေ​ကြ​သော်​လည်း၊-


စစ်​သည်​တပ်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​ကြ လော့။ အ​စု​လိုက်​အ​ပြုံ​လိုက်​သတ်​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​အ​မင်္ဂ​လာ​ရှိ ကြ​၏။ သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့​ရက် ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။


ဗာ​ဗု​လုန်​ဘု​ရင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ခုတ်​ထစ်​ကိုက်​စား​ခဲ့​၏။ သူ​သည်​ထို​မြို့​ကို​အိုး​သ​ဖွယ်​သွန်​မှောက်​ကာ မြွေ​န​ဂါး​ကဲ့​သို့​မျို​ချခဲ့​၏။ သူ​သည်​မိ​မိ​အ​လို​ရှိ​ရာ​ကို​သိမ်း​ယူ​ပြီး လျှင် ကျန်​ပစ္စည်း​များ​ကို​မူ​ပစ်​ထုတ်​လိုက်​လေ​သည်။


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ ဘု​ရင်​တို့​အား​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​နိုင်​ရန်​သစ်​ပင်​များ​ကို​ခုတ်​လှဲ​၍ မြေ က​တုတ်​များ​ကို​ဖို့​စေ​ခြင်း​ငှာ​အ​မိန့်​ပေး တော်​မူ​လေ​ပြီ။ ကိုယ်​တော်​က``ဤ​မြို့​သည် ညှင်း​ပန်း​နှိပ်​စက်​မှု​နှင့်​ပြည့်​နှက်​လျက်​ရှိ သ​ဖြင့်​ငါ​သည်​ဤ​မြို့​ကို​ဒဏ်​ခတ်​မည်။-


တိုင်း​တစ်​ပါး​သား​များ၊ မိ​ဘ​မဲ့​သူ​များ​နှင့် မု​ဆိုး​မ​များ​အ​ပေါ်​တွင်​အ​ခွင့်​ကောင်း​မ​ယူ ကြ​နှင့်​တော့။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​မှု​မ​ပြု​ကြ နှင့်​တော့။ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​မှု​သည်​သင်​တို့​အား​အ​ကျိုး​ယုတ်​စေ မည်​ဖြစ်​၍​ထို​အ​မှု​ကို​ရပ်​စဲ​လိုက်​ကြ​လော့။-


သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​လိမ်​လည် လှည့်​စား​၏။ သူ​တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင် အ​ထက်​လု​ယူ​၏။ အ​ပေါင်​ခံ​ပစ္စည်း​ကို​လည်း ပြန်​၍​မ​ပေး။ ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​ကို​ပြု​၏။-


သင့်​အ​ထဲ​၌​သင်​၏​လူ​အ​ချို့​တို့​သည်​ကြေး စား​လူ​သတ်​သ​မား​များ​ဖြစ်​ကြ​၏။ အ​ချို့ မှာ​မိ​မိ​တို့​ဣ​သ​ရေ​လ​အ​မျိုး​သား​များ အား​ငွေ​ချေး​၍ အ​တိုး​ကို​ယူ​ကာ​မိ​မိ​တို့ ကိုယ်​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​ကြ​၏။ သူ​တို့ သည်​ငါ့​အား​မေ့​လျော့​သွား​ကြ​လေ​ကုန် ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။


အ​စိုး​ရ​အ​ရာ​ရှိ​များ​သည်​သား​ကောင် များ​ကို ကိုက်​သတ်​ဆွဲ​ဖြတ်​လျက်​နေ​သည့် ဝံ​ပု​လွေ​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​ချမ်း​သာ​ရေး​အ​တွက် အ​သက်​ကို​သတ်​၍​လူ​သတ်​မှု​ကူး​လွန် ကြ​၏။-


ထို​ဒေ​သ​တွင်​နေ​ထိုင်​သူ​တို့​သည် အ​နိုင်​အ​ထက် လု​ယူ​၍ လု​ယက်​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည် ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​နှိပ်​စက်​၍ လူ​မျိုး​ခြား တို့​အား​မ​တ​ရား​သ​ဖြင့်​နိုင်​ထက်​စီး​နင်း​ပြု ကြ​၏။-


သင့်​အ​ထဲ​တွင်​အ​ဘယ်​သူ​မျှ​မိ​ဘ​ကို​ရို သေ​မြတ်​နိုး​မှု​မ​ပြု​ကြ။ သင့်​အ​ထဲ​တွင်​သင် သည်​လူ​မျိုး​ခြား​တို့​အား လိမ်​လည်​လှည့်​စား ၍​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​အား ညှဉ်း​ဆဲ​နှိပ်​စက်​၏။-


``ငါ​သည်​ပျောက်​သော​သိုး​များ​ကို​ရှာ​၍ လမ်း​မှား​သော​သိုး​တို့​ကို​ပြန်​လည်​ခေါ်​ခဲ့ မည်။ ဒဏ်​ရာ​ရ​သော​သိုး​များ​ကို​အ​ဝတ် နှင့်​စည်း​ကာ​ဖျား​နာ​သော​သိုး​တို့​ကို​ဆေး ကု​ပေး​မည်။ သို့​ရာ​တွင်​ဝ​ဖြိုး​သန်​မာ​သော သိုး​တို့​ကို​ပယ်​ရှား​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​မှန်​ရာ​ကို​ပြု​လုပ်​တတ်​သည့် သိုး​ထိန်း​ဖြစ်​သော​ကြောင့်​တည်း။


ထို​ပွဲ​သည်​ကြီး​ကျယ်​သော​စား​သောက်​ပွဲ ဖြစ်​၍​သူ​တို့​သည် စစ်​သူ​ရဲ​တို့​၏​အ​သား ကို​စား​၍​ပြည်​ရှင်​မင်း​တို့​၏​သွေး​ကို​သောက် ရ​ကြ​လိမ့်​မည်။ ထို​စစ်​သူ​ရဲ​များ​နှင့်​ပြည် ရှင်​မင်း​တို့​သည်​ဘာ​ရှန်​ပြည်​မှ​ဆူ​ဖြိုး​သော တိ​ရစ္ဆာန်​များ​ဖြစ်​သည့် သိုး​ထီး၊ သိုး​ငယ်၊ ဆိတ် များ၊ နွား​များ​ကဲ့​သို့​အ​သတ်​ခံ​ရ​ကြ လိမ့်​မည်။-


သူ​တို့​သည်​သုံ့​ပန်း​များ​ကို​အ​ဘယ်​သူ​သို့ ပေး​အပ် ရ​မည်​ကို​မဲ​ချ​၍​ဆုံး​ဖြတ်​ခဲ့​ကြ​၏။ ပြည့်​တန်​ဆာ​မ​များ​အ​တွက်​အ​ခ​ကြေး​ငွေ​နှင့် စ​ပျစ်​ရည်​ဖိုး​ရ​ရှိ​ရန် သူ​တို့​သည်​သူ​ငယ်​သူ​ငယ်​မ​များ​ကို ရောင်း​စား​ခဲ့​ကြ​သည်။


အို ဣသ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​တစ်​မျိုး လုံး​ကို​အီ​ဂျစ်​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​နှင့်​ပတ်​သက်​၍ မိန့်​ဆို​သော​ဤ​စ​ကား​ကို​နား​ထောင်​လော့။-


လူ​နှစ်​ဦး​သည်​တွေ့​ဆုံ​ရန်​မ​ချိန်း​ဆို​ဘဲ အ​တူ​ခ​ရီး​ပြု​နိုင်​မည်​လော။


သင်​တို့​သည်​ဆင်း​ရဲ​သား​တို့​ကို​ဖိ​နှိပ်​၍ သူ တို့​၏​ဂျုံ​စ​ပါး​ကို​လု​ယက်​ကြ​ပြီ။ ထို့​ကြောင့် သင်​တို့​ကိုယ်​တိုင်​အ​ဖို့​ဆောက်​လုပ်​ခဲ့​သော တိုက်​တာ​ကောင်း​များ​၌​သင်​တို့​သည်​မ​စံ ရ​ကြ။ ကိုယ်​တိုင်​စိုက်​ပျိုး​ခဲ့​သော​ကြည်​နူး စ​ရာ​စ​ပျစ်​ဥ​ယျာဉ်​များ​မှ​စ​ပျစ်​ရည်​ကို လည်း​မ​သောက်​ရ​ကြ။-


ဇိ​အုန်​မြို့​၌​သက်​တောင့်​သက်​သာ​စွာ​ဇိမ်​ခံ နေ​ကြ​သူ​တို့၊ ရှ​မာ​ရိ​တောင်​ပေါ်​တွင်​လုံ​လုံ ခြုံ​ခြုံ​နှင့်​စံ​မြန်း​နေ​ကြ​သူ​တို့၊ ပြည်​သူ များ​က​အ​သ​နား​ခံ​နေ​ရ​သူ​တို့၊ လူ​မျိုး များ​ထဲ​မှ​အ​ထွတ်​အ​မြတ်​ဖြစ်​သော​ဣ​သ ရေ​လ​လူ​မျိုး​တော်​တို့၊ သင်​တို့​သည်​အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။-


စ​ပျစ်​ရည်​ကို​ဖ​လား​လိုက်​သောက်​၍​အ​ကောင်း ဆုံး​ဆီ​မွှေး​ကို​လိမ်း​ကာ​ဖြင့်​နေ​ကြ​၏။ ဣ​သ ရေ​လ​နိုင်​ငံ​ယို​ယွင်း​နေ​ခြင်း​ကို​မူ​မ​ကြေ ကွဲ​ဘဲ​နေ​ရက်​ကြ​ပြီ​တ​ကား။-


ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။


ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​ရှန် ပြည်​ကို​ဦး​တည်​ချီ​တက်​ကြ​လေ​သည်။ ထို​အ​ခါ ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​သည်​စစ်​ချီ​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ဧ​ဒြိ​အ​ရပ်​တွင် တိုက်​ခိုက်​လေ​သည်။-


``သင်​တို့​၏​မြို့​တွင်​နေ​ထိုင်​သော​ဆင်း​ရဲ​နွမ်း ပါး​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​စေ​ခံ ကို​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​သား အ​စေ​ခံ​ကို​သော်​လည်း​ကောင်း​မ​လိမ်​လည် မ​လှည့်​ဖြား​နှင့်။-


သင်​တို့​ပင်​ပန်း​ကြီး​စွာ​စိုက်​ပျိုး​ရ​သော အ​သီး​အ​နှံ​အား​လုံး​ကို အ​ခြား​တစ်​နိုင်​ငံ သား​တို့​က​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​အ​မြဲ​ခံ​ရ​ရုံ​မှ တစ်​ပါး မည်​သည့်​အ​ကျိုး​အ​မြတ်​ကို​မျှ ခံ​စား​ရ​လိမ့်​မည်​မ​ဟုတ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ