ကိုယ်တော်အားသစ္စာစောင့်သူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ သစ္စာစောင့်သူတို့အားထာဝရဘုရားသည် ကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်မာနကြီးသူတို့အားထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူ၏။
ဗျာဒိတ် 2:10 - Common Language Bible သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။ Garrad Bible သင် ခံ ရ မည့် ဒု က္ခ ကို မ ကြောက် နှင့်။ သင် တို့ သည် စုံ စမ်း ခံ ရ စေ ခြင်း ငှါ အ ချို့ ကို မာရ် နတ် ထောင် ချ သ ဖြင့် ဆယ် ရက် မျှ ဒုက္ခ ရောက် ကြ လိမ့် တ ကား။ အ သေ ခံ ရ သည့် တိုင် အောင် သ စ္စာ စောင့် လော့။ သို့ ပြု လျင် အ သက် သ ရ ဖူ ကို ငါ သ နား မည်။ Judson Bible သင်သည် ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။- မြန်မာ့စံမီသမ္မာကျမ်း သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။ |
ကိုယ်တော်အားသစ္စာစောင့်သူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ သစ္စာစောင့်သူတို့အားထာဝရဘုရားသည် ကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်မာနကြီးသူတို့အားထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူ၏။
``ငါတို့စားသောက်ရန်အတွက်အသီးအနှံနှင့် ရေကိုသာကျွေး၍ဆယ်ရက်မျှစမ်းကြည့်ပါ။-
စောင့်ကြပ်သူသည်ဤသို့ဆယ်ရက်မျှသူတို့အားစမ်းကြည့်ရန်သဘောတူလိုက်၏။-
ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
သင်တို့သည်ငါ၏အတွက်ကြောင့်အမုန်းခံရကြ လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သူကိုကယ်တင်တော်မူလိမ့်မည်။-
ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။-
ငါ၏အတွက်ကြောင့်လူတိုင်းပင်သင်တို့ကိုမုန်း လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သောသူသည်ကယ်တင်ခြင်းကိုခံရလတ္တံ့။''
မိမိ၏အသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက်နှင့် နှုတ်ကပတ်တရားတော်အတွက်အသက် ဆုံးရှုံးရသူသည် မိမိ၏အသက်ကိုကယ် ဆယ်လိမ့်မည်။-
သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။-
မိမိအသက်ကိုချစ်သောသူသည်အသက် ဆုံးရှုံးလိမ့်မည်။ ဤလောကတွင်မိမိအသက် ကိုမုန်းသောသူသည် မိမိအသက်ကိုအစဉ် ထာဝရစောင့်ရှောက်ထိန်းသိမ်းလိမ့်မည်။-
သခင်ယေရှုနှင့်တပည့်တော်တို့သည်ညစာ စားလျက်နေကြ၏။ မာရ်နတ်သည်ရှိမုန်ရှ ကာရုတ်သားယုဒအား ကိုယ်တော်ကိုရန်သူ့ လက်သို့အပ်နှံစေရန်အကြံပေးထားပြီး ဖြစ်ပေသည်။-
ထိုမုန့်ကိုယုဒစားလိုက်သည်နှင့်တစ်ပြိုင် နက်စာတန်သည်သူ၏အထဲသို့ဝင်လေ၏။ သခင်ယေရှုက ``သင်ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့'' ဟုမိန့်တော်မူ၏။-
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
ထိုအခါပေါလုက ``သင်တို့သည်အဘယ်ကြောင့် ဤသို့ငိုယိုကာ ငါ၏စိတ်နှလုံးကိုကြေကွဲစေ ကြပါသနည်း။ ငါသည်သခင်ယေရှု၏နာမ တော်အတွက် ယေရုရှလင်မြို့တွင်အချည်နှောင် ခံရန်သာမကအသေခံရန်ပင်အသင့်ရှိပါ သည်'' ဟုပြန်ပြော၏။
ပြိုင်ပွဲဝင်ရန်လေ့ကျင့်သူအားကစားသမား တိုင်းပင် ကြပ်တည်းသည့်စည်းကမ်းများကိုထိန်း သိမ်းစောင့်ရှောက်ရ၏။ ထိုသူတို့ဤသို့ပြုကြ ခြင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သောပန်းဦးရစ် ကိုရရှိရန်ပြုကြခြင်းဖြစ်ပေသည်။ ငါတို့ မူကားမညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦး ရစ်ကိုရရှိရန်ပြုကြ၏။-
လောက၏အပြစ်လမ်းစဉ်အတိုင်းလိုက်လျှောက် ခဲ့ကြ၏။ အာကာသရှိဝိညာဉ်တန်ခိုးများကို အုပ်စိုးသောမင်းကိုနာခံသူများဖြစ်ခဲ့ကြ၏။ ဘုရားသခင်၏အမိန့်တော်ကိုမနာခံသူ တို့သည် ယခုအခါ၌ထိုသူ၏စိုးမိုးအုပ် ချုပ်ခြင်းကိုခံလျက်နေကြရ၏။-
ငါတို့သည်လူသတ္တဝါတို့နှင့်ဆိုင်ပြိုင်တိုက်ခိုက် ကြရသည်မဟုတ်။ ကောင်းကင်လောကမှဆိုး ယုတ်သောဝိညာဉ်တန်ခိုးရှင်နှင့်လည်းကောင်း၊ ဤအမှောင်လောကကိုအစိုးရသူများ၊ တန်ခိုး ရှင်များ၊ အာဏာပိုင်များနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။-
စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။-
သင်တို့သည်သိုးထိန်းချုပ်ကြီးပေါ်ထွန်းတော် မူသောအခါဘုန်းအသရေထွန်းတောက်သော၊ အဘယ်အခါ၌မျှအရောင်အဝါမမှေး မှိန်နိုင်သောသရဖူကိုရရှိကြလိမ့်မည်။
နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။-
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
ငါမြင်ရသည့်သားရဲသည်ကျားသစ်နှင့်တူ ၏။ သူ၏ခြေတို့သည်ဝက်ဝံခြေများနှင့်တူ၍ သူ၏နှုတ်သည်ခြင်္သေ့၏နှုတ်နှင့်တူ၏။ နဂါး သည်မိမိ၏တန်ခိုးနှင့်မိမိ၏ပလ္လင်ကိုလည်း ကောင်း၊ ကြီးမားသောအာဏာစက်ကိုလည်း ကောင်းထိုသားရဲအားပေးအပ်၏။-
သူသည်ဘုရားသခင်၏လူစုတော်အားတိုက် ခိုက်၍ အနိုင်ရခွင့်နှင့်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူ အမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်ခွင့်ကို လည်းရရှိပေသည်။-
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။
အဘယ်အရပ်တွင်သင်နေထိုင်သည်ကိုငါသိ ၏။ သင်သည်စာတန်၏ပလ္လင်ရှိရာအရပ်တွင်နေ ထိုင်၏။ ငါ၏ဘက်မှာသစ္စာရှိစွာသက်သေခံသူ အန္တိပသည် စာတန်နေထိုင်ရာတွင်အသတ်ခံရ ချိန်၌ပင် သင်သည်ငါ၏သစ္စာကိုစောင့်၍ ငါ့ကို ယုံကြည်ကိုးစားမှုမစွန့်။-
သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။-