ရှင်မာကု 8:35 - Common Language Bible35 မိမိ၏အသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက်နှင့် နှုတ်ကပတ်တရားတော်အတွက်အသက် ဆုံးရှုံးရသူသည် မိမိ၏အသက်ကိုကယ် ဆယ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible35 ကိုယ့် အ သက် ကို ကယ် လို သူ တိုင်း အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် နှင့် သ တင်း တော် မြတ် အ တွက် ကြောင့် အ သက် ရှုံး သူ တိုင်း ကား အ သက် ကို ကယ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible35 အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း35 အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါနှင့်ကောင်းမြတ်သောသတင်းအတွက် မိမိအသက်ကို ဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း35 မိမိအသက်ကို ကယ်တင်လိုသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက်ကြောင့်နှင့် သတင်းကောင်းအတွက်ကြောင့် အသက်ဆုံးရှုံးသောသူသည် အသက်ကို ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ35 အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''