သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
ဗျာဒိတ် 13:7 - Common Language Bible သူသည်ဘုရားသခင်၏လူစုတော်အားတိုက် ခိုက်၍ အနိုင်ရခွင့်နှင့်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူ အမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်ခွင့်ကို လည်းရရှိပေသည်။- Garrad Bible သီး သန့် ထား သူ တို့ နှင့် လည်း စစ် ပြိုင် အောင် မြင် ခွင့်၊ ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး မျိုး အ နွယ် နွယ် တို့ အ ပေါ် တွင် အာ ဏာ ဆောင် ခွင့် ကို ခံ ရ သ ဖြင့်၊ Judson Bible သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့် ကိုရ၏။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်းရ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် သန့်ရှင်းသူတို့ကိုစစ်တိုက်၍ အောင်နိုင်သောအခွင့်ကိုရရှိပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှလူတို့အား အုပ်စိုးရသောအခွင့်ကိုလည်းရရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသားရဲသည် ဘုရားသခင်၏ သန့်ရှင်းသူတို့ကို တိုက်၍ အောင်နိုင်ခွင့်ရ၏။ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို အုပ်စိုးခွင့်လည်း ရ၏။ |
သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
သို့ရာတွင်ထာဝရဘုရားက``ပုဆိန်သည် မိမိကိုအသုံးပြုသူထက်ကြီးမြတ်သည် ဟုဆိုနိုင်ပါမည်လော။ လွှသည်လည်းမိမိ ကိုကိုင်၍တိုက်သူထက်အရေးပါအရာ ရောက်သည်ဟုဆိုနိုင်ပါမည်လော။ တင်းပုတ် ကလူကိုကိုင်သည်မဟုတ်၊ လူကတင်းပုတ် ကိုကိုင်သတည်း'' ဟုမိန့်တော်မူ၏။
``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခန့်ခွဲထားခဲ့ကြောင်းသင်အဘယ် ၌မျှမကြားဘူးပါသလော။ ယခုထိုအမှု အရာတို့ကိုငါဖြစ်ပွားစေလေပြီ။ ခံတပ် မြို့များကိုအမှိုက်ပုံအဖြစ်သို့ပြောင်းလဲ ပစ်နိုင်သောတန်ခိုးကိုသင့်အားငါပေးအပ် ခဲ့၏။-
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ပိတ်ချောအင်္ကျီကိုဝတ်ဆင်ထားသော ကောင်းကင်တမန်က``ထိုကာလ၌ကြီး မြတ်သောကောင်းကင်တမန်မိက္ခေလသည် ပေါ်လာလိမ့်မည်။ သူသည်သင်၏အမျိုးသား များကိုစောင့်ထိန်းသောသူဖြစ်၏။ ထိုနောက် လူမျိုးအပေါင်းတို့ဖြစ်ပေါ်လာချိန်မှအစ ပြု၍ အဘယ်အခါ၌မျှမကြုံဘူးသော ဆင်းရဲဒုက္ခများဆိုက်ရောက်ရာကာလကျ ရောက်လာလိမ့်မည်။ ထိုအခါ၌ဘုရားသခင်၏စာစောင်တော်တွင်စာရင်းဝင် သူ သင်၏အမျိုးသားအပေါင်းတို့သည် လွတ်မြောက်ကြလိမ့်မည်။-
ငါသည်ကြည့်ရှုနေစဉ်ဦးချိုငယ်သည်ဘုရားသခင်၏လူမျိုးတော်တို့အား စတင်တိုက်ခိုက်၍နိုင်လေ၏။-
သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-
``ဤတန်ခိုးအာဏာဘုန်းစည်းစိမ်ရှိသမျှ တို့ကိုကိုယ်တော်အားငါပေးပါအံ့။ ဤအရာ များကိုငါ့လက်ဝယ်အပ်နှင်းထားပြီးဖြစ် သဖြင့်ငါပေးလိုသူအားပေးနိုင်၏။-
သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။-
ထိုနောက်ကောင်းကင်တမန်က``သင်သည် များစွာသောတိုင်းနိုင်ငံများ၊ ဘာသာစကား အမျိုးမျိုးပြောဆိုသောလူမျိုးများ၊ ရှင် ဘုရင်များ၏အကြောင်းနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ဗျာဒိတ်တော်ကိုနောက် တစ်ဖန်ဟောကြားရဦးမည်'' ဟုငါ့အား ဆို၏။
ကိုယ်တော်၏အမျက်တော်သက်ရောက်ရာ ကာလသည်လည်းကောင်း၊ သေလွန်သူတို့ကိုတရားစီရင်တော်မူရာ ကာလသည်လည်းကောင်း ယခုအခါကျရောက်လာပြီဖြစ်၍လူမျိုး အပေါင်းတို့သည်အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏အစေခံပရောဖက်များ၊ ကိုယ်တော်၏ လူစုဝင်အပေါင်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူ၊အကြီး အငယ်တို့ ဆုလာဘ်တော်ကိုခံယူရန် အချိန်ကာလသည်လည်းကောင်း၊ကမ္ဘာမြေ ကြီးကို ပျက်စီးစေသူတို့ ပျက်စီးရမည့်အချိန်ကာလသည်လည်း ကောင်း ရောက်ရှိလာပါပြီ'' ဟုဘုရားသခင်အားလျှောက်ထားကြ၏။-
သို့ရာတွင်သူတို့ဟောပြောကြေညာသည့် အလုပ်ပြီးစီးသောအခါ၌ တွင်းနက်ကြီး ထဲမှသားရဲသည်တက်လာ၍သူတို့အား တိုက်ခိုက်အောင်မြင်သတ်ဖြတ်ပစ်လိမ့်မည်။-
ထိုအခါနဂါးသည်အမျက်ထွက်သဖြင့် အမျိုးသမီး၏ကျန်ကြွင်းနေသေးသော သားမြေးများတည်းဟူသော ဘုရားသခင် ၏ပညတ်တော်တို့ကိုစောင့်ရှောက်၍သခင် ယေရှုဖော်ပြတော်မူသော သမ္မာတရားတော် ကိုသစ္စာရှိစွာထိန်းသိမ်းသူများအားတိုက် ခိုက်ရန်ထွက်ခွာသွား၏။-
ထိုနောက်ကောင်းကင်တမန်ကငါ့အား``ပြည့် တန်ဆာမထိုင်လျက်နေသည့်ရေသည်တိုင်းနိုင်ငံ များရှိဘာသာစကားအမျိုးမျိုးကိုပြောသော လူမျိုးများ၊ ပြည်သူပြည်သားများဖြစ်၏။-
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။