ဒံယေလ 7:25 - Common Language Bible25 သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ထို မင်း သည် မြင့် မြတ် သော ဘု ရား ကို ပြစ် မှား ပြော ဆို၍ ထို ဘု ရား၏ သန့် ရှင်း သူ တို့ ကို လည်း ညှဉ်း ပန်း သည့် ပြင် အ ခါ ကာ လ နှင့် တ ရား ကို ပြောင်း လွှဲ ရန် ကြံ စည် လိမ့် မည်။ တစ် ကာ လ၊ ကာ လ များ၊ ကာ လ ဝက် ပတ် လုံး သူ့ လက် တွင်း သို့ ရောက် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible25 အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုကောင်းကင်တမန်သည် မိုးကောင်းကင် သို့လက်နှစ်ဖက်ကိုမြှောက်ချီကာ ကာလ အစဉ်အသက်ရှင်တော်မူသောဘုရားအား တိုင်တည်၍ကျိန်ဆိုသည်မှာ``သုံးနှစ်ခွဲမျှ ကြာလိမ့်ဦးမည်။ ဘုရားသခင်၏လူမျိုး တော်ခံရသောညှင်းဆဲနှိပ်စက်မှုများ ပြီးဆုံးချိန်၌ ဤအမှုအရာအပေါင်း တို့သည်လည်းပြီးဆုံးသွားလိမ့်မည်'' ဟု မြွက်ဆိုသည်ကိုငါကြားရ၏။
သို့ဖြစ်၍နေဗုခဒ်နေဇာမင်းသည် ပြင်းစွာ အလျှံထလျက်နေသောမီးဖိုကြီးအဝ သို့ချဉ်းကပ်ပြီးလျှင်``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေခံရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၊ မီးဖိုထဲမှထွက်လာ ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ သည်ချက်ချင်းပင်ထွက်လာကြ၏။-
ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
အရှင်သည်လူ့အသိုင်းအဝိုင်းထဲမှနှင် ထုတ်ခြင်းကိုခံရ၍ တောတိရစ္ဆာန်များနှင့် အတူနေရလိမ့်မည်။ နွားကဲ့သို့မြက်ကို စားလျက်ခုနစ်နှစ်တိုင်တိုင်ဆီးနှင်းများ ဖြင့်စိုစွတ်ကာ အမိုးအကာမရှိသည့် အရပ်တွင်အိပ်စက်ရလိမ့်မည်။ ထိုနောက် အမြင့်မြတ်ဆုံးသောဘုရားသခင်သည် လောကီနိုင်ငံများကိုအစိုးရတော်မူ၍ မိမိအလိုရှိသူမည်သူကိုမဆိုမင်း မြှောက်တော်မူနိုင်ကြောင်းကိုအရှင် ဝန်ခံပါလိမ့်မည်။-
သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချိုဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက်မှပေါ်ပေါက်လာကာအခြားဦးချိုသုံးချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြားဦးချိုများထက်ကြောက်မက်ဖွယ်ကောင်းသောဦးချိုငယ်အကြောင်းကိုလည်းကောင်းသိလို၏။
ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။
သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။