Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 7:21 - Common Language Bible

21 ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ဦး​ချို​ငယ်​သည်​ဘု​ရား​သခင်​၏​လူ​မျိုး​တော်​တို့​အား စ​တင်​တိုက်​ခိုက်​၍​နိုင်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21-22 ငါ ရှု ကြည့် စဉ် အ သက် ကြီး ရင့် သူ သည် ရောက် လာ လျှင် မြင့် မြတ် သော ဘု ရား၏ သန့် ရှင်း သူ တို့ ဘက်၌ စီ ရင် ဆုံး ဖြတ် တော် မူ သ ဖြင်၊ ၎င်း တို့ သည် နိုင် ငံ ကို စိုး ပိုင် ရ သော အ ချိန် ရောက် သည့် တိုင် အောင် ထို ဦး ချို သည် သန့် ရှင်း သူ တို့ ကို စစ် တိုက်၍ နိုင် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ငါ​ကြည့်​ရှု​စဉ်​တွင် အ​သက်​ကြီး​သော​သူ​သည် ရောက်​လာ​လျှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သော​သူ​တို့​အား စီ​ရင်​ရ​သော အ​ခွင့်​ကို ပေး၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ငါ​ကြည့်​နေ​စဉ် ထို​ချို​သည် သန့်ရှင်း​သူ​တို့​နှင့် စစ်တိုက်​၍​အနိုင်ရ​သည်​ကို တွေ့​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 7:21
12 ပူးပေါင်းရင်းမြစ်များ  

သူ​၏​တပ်​သား​အ​ချို့​တို့​သည်​ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​စဉ် ပူ​ဇော်​ရာ​ယဇ်​တို့​ကို​ရပ်​စဲ​စေ​လျက်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​သော​အ​ရာ ကို​ဗိ​မာန်​တော်​လူ​မြင်​ကွင်း​တွင်​မြှောက်​တင် ထား​ကြ​လိမ့်​မည်။-


ထို​ကောင်း​ကင်​တ​မန်​သည် မိုး​ကောင်း​ကင် သို့​လက်​နှစ်​ဖက်​ကို​မြှောက်​ချီ​ကာ ကာ​လ အ​စဉ်​အသက်​ရှင်​တော်​မူ​သော​ဘု​ရား​အား တိုင်​တည်​၍​ကျိန်​ဆို​သည်​မှာ``သုံး​နှစ်​ခွဲ​မျှ ကြာ​လိမ့်​ဦး​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ခံ​ရ​သော​ညှင်း​ဆဲ​နှိပ်​စက်​မှု​များ ပြီး​ဆုံး​ချိန်​၌ ဤ​အ​မှု​အ​ရာ​အ​ပေါင်း တို့​သည်​လည်း​ပြီး​ဆုံး​သွား​လိမ့်​မည်'' ဟု မြွက်​ဆို​သည်​ကို​ငါ​ကြား​ရ​၏။


ထို​နောက်​ငါ​သည်​သူ​၏​ခေါင်း​ပေါ်​ရှိ​ဦး​ချို​ဆယ်​ချောင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊ နောက်​မှ​ပေါ်​ပေါက်​လာ​ကာ​အ​ခြား​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​ပစ်​၍ မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​ပြီး​လျှင်​အ​ခြား​ဦး​ချို​များ​ထက်​ကြောက်​မက်​ဖွယ်​ကောင်း​သော​ဦး​ချို​ငယ်​အ​ကြောင်း​ကို​လည်း​ကောင်း​သိ​လို​၏။


လူ​တို့​သည်​နေ့​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​များ ကို​ပူ​ဇော်​မည့်​အ​စား​စစ်​မှန်​သော​ဘာ​သာ တ​ရား​ကို​မြေ​သို့​တိုင်​အောင်​ရှုတ်​ချ​ကြ​၏။ ထို​ဦး​ချို​သည်​ပြု​လေ​သ​မျှ​သော​အ​မှု တို့​တွင်​အောင်​မြင်​လေ​သည်။


သူ​သည်​ကိုယ်​ပိုင်​စွမ်း​ရည်​မ​ရှိ​ဘဲ​တန်​ခိုး ကြီး​မား​၍​လာ​လိမ့်​မည်။ သူ​သည်​ကြောက်​မက် ဖွယ်​ကောင်း​သည့်​သတ်​ဖြတ်​ဖျက်​ဆီး​မှု​များ ကို​ပြု​၍ အ​ဘယ်​အမှု​ကိစ္စ​တွင်​မ​ဆို​အောင် မြင်​လိမ့်​မည်။ တန်​ခိုး​ကြီး​မား​သူ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။-


ထို​ဦး​ချို​လေး​ချောင်း​အ​နက်​တစ်​ချောင်း တွင်​ချို​အ​တက်​တစ်​ချောင်း​ပေါက်​၍​လာ​၏။ ထို​ချို​တက်​သည်​တောင်​ဘက်​အ​ရပ်၊ အ​ရှေ့ အ​ရပ်​နှင့်​ကတိ​ထား​တော်​မူ​သော​ပြည်​တော် သို့​တိုင်​အောင်​အာ​ဏာ​တန်​ခိုး​ရှိ​လေ​သည်။-


သူ​တို့​သည်​သိုး​သူငယ်​တော်​ကို​စစ်​တိုက်​ကြ​လိမ့် မည်။ သိုး​သူ​ငယ်​တော်​သည်​အ​ရှင်​တ​ကာ​တို့​၏ အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ သော​ကြောင့်​သူ​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော​သူ၊ ကိုယ်​တော်​အား​သစ္စာ​ရှိ​သော​သူ​တို့​သည်​ကိုယ် တော်​နှင့်​အ​တူ​အောင်​ပွဲ​ဝင်​ခွင့်​ရ​ကြ​လိမ့် မည်'' ဟု​ဆို​၏။


ထို​အ​မျိုး​သ​မီး​သည်​ဘု​ရား​သ​ခင်​လူ​စု​တော် ၏​သွေး​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ကို​သစ္စာ ရှိ​သ​ဖြင့် အ​သတ်​ခံ​ရ​သူ​တို့​၏​သွေး​ကို​လည်း ကောင်း​သောက်​၍​ယစ်​မူး​လျက်​ရှိ​သည်​ကို​ငါ တွေ့​မြင်​ရ​၏။ သူ့​ကို​မြင်​ရ​သော​အ​ခါ​ငါ​သည်​လွန်​စွာ အံ့​သြ​၍​နေ​၏။-


ထို​နောက်​သား​ရဲ​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင် များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ပါ​တို့​သည်​မြင်း​ဖြူ ကို​စီး​တော်​မူ​သော​အ​ရှင်​နှင့်​သူ​၏​စစ်​သည်​တော် များ​ကို​တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​သည်​ကို​ငါ​မြင် ရ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ