အသိပညာရှိသူတို့သည်ဤအမှုအရာ တို့ကို နှလုံးသွင်း၍ ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကိုစဉ်းစားဆင်ခြင်ကြစေ။
ဗျာဒိတ် 13:18 - Common Language Bible ဤကိစ္စနှင့်ပတ်သက်၍ဉာဏ်ပညာရှိရန်လို ပေသည်။ ဉာဏ်ပညာရှိသူသည်သားရဲ၏ ကိန်းဂဏန်းအနက်ကိုတွက်ချက်ကြည့်နိုင် ၏။ ထိုကိန်းဂဏန်းသည်လူတစ်ယောက်၏ နာမည်ကိုကိုယ်စားပြု၏။ ထိုကိန်းဂဏန်း မှာခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ် သတည်း။ Garrad Bible ပ ညာ ပြ ရ သည် မှာ ဉာဏ် ကောင်း သူ သည် လူ၏ ဂ ဏာန်း ဖြစ် သော ထို သား ရဲ၏ ဂ ဏာန်း ကို ရေ တွက် စေ။ ခြောက် ရာ့ ခြောက် ဆယ့် ခြောက် ဖြစ် သ တည်း။ Judson Bible ဤအရာ၌ ပညာရှိ၏။ ဉာဏ်ရှိသောသူသည် သားရဲ၏အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဤနေရာတွင် ဉာဏ်ပညာရှိရန်လိုအပ်၏။ ထိုးထွင်းဉာဏ်ရှိသောသူသည် သားရဲ၏ကိန်းဂဏန်းကိုတွက်ချက်ပါစေ။ အကြောင်းမူကား ၎င်းသည် လူတစ်ဦး၏ကိန်းဂဏန်းဖြစ်ပြီး ထိုကိန်းဂဏန်းမှာ ခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤကိစ္စနှင့်ပတ်သက်၍ ဉာဏ်ပညာ ရှိရန် လိုအပ်၏။ ဉာဏ်ပညာရှိသူသည် သားရဲ၏ ကိန်းဂဏန်းကို တွက်ချက်၍ အဓိပ္ပာယ်ဖွင့်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ထိုကိန်းဂဏန်းသည် လူတစ်ဦးကို ကိုယ်စားပြုသောကြောင့်ဖြစ်၏။ သူ၏ ကိန်းဂဏန်းမှာ ခြောက်ရာခြောက်ဆယ့်ခြောက် ဖြစ်၏။ |
အသိပညာရှိသူတို့သည်ဤအမှုအရာ တို့ကို နှလုံးသွင်း၍ ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကိုစဉ်းစားဆင်ခြင်ကြစေ။
လူအမြောက်အမြားတို့သည်စိတ်နှလုံးသန့် ရှင်းဖြူစင်လာကြလိမ့်မည်။ သူယုတ်မာတို့ သည်ကားအသိတရားမရှိဘဲဆက်လက် ယုတ်မာလျက်နေကြလိမ့်မည်။ ပညာရှိသူ များသာလျှင်အသိတရားကိုရရှိကြ လိမ့်မည်။
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
``ထိတ်လန့်စက်ဆုပ်ဘွယ်ကောင်းသည့်အရာသည် မရှိအပ်သည့်အရပ်တွင်ရှိနေသည်ကို သင်တို့ မြင်ရကြလိမ့်မည်'' (စာဖတ်သူသည်ဤအချက် ကိုနားလည်ပါစေ) ``ထိုသို့မြင်ရကြသော အခါယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။-
သို့ရာတွင်လူအချို့က``ငါတို့၏ဆိုးယုတ်မှု သည်ဘုရားသခင်၏ကောင်းမြတ်မှန်ကန်မှုကို ပိုမိုထင်ရှားစေသည်မဟုတ်ပါလော'' ဟု မေးကြလိမ့်မည်။ ငါတို့မည်သို့အဖြေပေး မည်နည်း။ ``ဘုရားသခင်သည်ငါတို့ကို ဒဏ်ခတ်တော်မူသည်မှာမတရား'' ဟုငါ တို့ဖြေဆိုကြမည်လော။ (ဤသို့ငါဆိုရာ ၌လူတို့ပြောဆိုလေ့ရှိသည့်အတိုင်းပြော လိုက်ခြင်းဖြစ်သည်။-)
(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
ဖော်ပြပါအမှုအရာများဖြစ်ပျက်မည့် အချိန်နီးကပ်လျက်ရှိပြီဖြစ်ရာ ဤဗျာဒိတ် ကျမ်းကိုဖတ်ရှုသူများနှင့်အဆိုပါအနာ ဂတ်ကျမ်းတွင် ရေးသားပါရှိသည့်တရား စကားများကိုနာယူကျင့်သုံးသူတို့သည် မင်္ဂလာရှိကြ၏။
ထိုနောက်ငါသည်မီးနှင့်ရောသည့်ဖန်ရေကန် နှင့်တူသောအရာတစ်ခုကိုမြင်ရ၏။ သားရဲ နှင့်သူ၏ရုပ်တုအားလည်းကောင်း၊ ကိန်းဂဏန်း ၏နာမည်ကိုပိုင်ဆိုင်သူအားလည်းကောင်း၊ အနိုင်ရသူများကိုလည်းငါမြင်ရ၏။ သူတို့ သည်ဘုရားသခင်ပေးတော်မူသောစောင်းများ ကိုကိုင်လျက်ဖန်ရေကန်အနီးတွင်ရပ်လျက် နေကြ၏။-
``ဤအမှုအရာနှင့်ပတ်သက်၍ဉာဏ်ပညာနှင့် အသိတရားရှိရန်လိုပေသည်။ ဦးခေါင်းခုနစ် လုံးသည်အမျိုးသမီးထိုင်နေသည့်တောင်ခုနစ် လုံးကိုဆိုလို၏။ ရှင်ဘုရင်ခုနစ်ပါးကိုလည်း ဆိုလို၏။-
ထိုနောက်မြို့ရိုးကိုတိုင်းရာကောင်းကင်တမန် အသုံးပြုသည့်လူတို့၏အတိုင်းအထွာအရ၊ အမြင့်နှစ်ရာတစ်ဆယ့်ခြောက်ပေရှိသတည်း။-