ဗျာဒိတ် 21:17 - Common Language Bible17 ထိုနောက်မြို့ရိုးကိုတိုင်းရာကောင်းကင်တမန် အသုံးပြုသည့်လူတို့၏အတိုင်းအထွာအရ၊ အမြင့်နှစ်ရာတစ်ဆယ့်ခြောက်ပေရှိသတည်း။- အခန်းကိုကြည့်ပါ။Garrad Bible17 မြို့ ရိုး ကို တိုင်း တာ သော် လူ သာ မန် အ တောင် အ လိုက် စေ တ မန် တော့် တောင် ရေ တစ် ရာ့ လေး ဆယ် လေး တောင် တည်း။ အခန်းကိုကြည့်ပါ။Judson Bible17 မြို့ရိုးဒုကို တိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တစ်ရာလေးဆယ် လေးတောင်ရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 မြို့ရိုးထုကိုလည်းတိုင်းလေရာ ကောင်းကင်တမန်၏အတိုင်းအတာလည်းဖြစ်သော လူ၏အတိုင်းအတာအားဖြင့် အတောင် တစ်ရာလေးဆယ့်လေးတောင်ရှိ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ကောင်းကင်တမန်သည် လူတို့၏အတိုင်းအတာဖြင့် မြို့ရိုးကို တိုင်းတာရာ အမြင့်နှစ်ရာတစ်ဆယ့်ခြောက်ပေ ရှိ၏။ အခန်းကိုကြည့်ပါ။ |
(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
ထိုသူတစ်သိန်းလေးသောင်းလေးထောင်တို့ သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သက်ရှိ သတ္တဝါလေးပါးနှင့်အကြီးအကဲများ၏ ရှေ့၌လည်းကောင်းရပ်လျက်သီချင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းတို့အထဲ မှရွေးနုတ်ကယ်တင်ခြင်းခံရသူ၊ လူတစ် သိန်းလေးသောင်းလေးထောင်မှတစ်ပါး အခြားအဘယ်သူမျှထိုသီချင်း ကိုမသီဆိုတတ်။-